NEWS

အလုပ်သမားအဖွဲအစည်း (၂၉၀၀) နီးပါးရှိဟု ဝန်ကြီးဌာန ထုတ်ပြန်၊ ကွာဟမှု ရှိနေဟုဆို

CoverLogo
603 Views
 
အခြေခံအဆင့်အလုပ်သမားအဖွဲအစည်း (၂၉၀၀) နီးပါးရှိတယ်လို အလုပ်သမားဝန်ကြီးဌာနက ပြောဆိုပေမယ့် မြေပြင်အခြေအနေနဲ့ ကွာဟမှုရှိတယ်လို အလုပ်သမား အရေးဆောင်ရွက်နေသူတွေက ပြောဆိုပါတယ်။ အဲဒီ အလုပ်သမားအဖွဲအစည်း အရေအတွက်ကို အခုနှစ်အတွင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
“ကျွန်မတို သိသလောက်တော့ စက်ရုံအခြေခံသမဂ္ဂလေးတွေက မရှိတော့ဘူး။ အလုပ်ရှင် အလိုကျဖွဲတဲ့ WCC ပဲ ရှိတယ်။ သမဂ္ဂရှိရင်လည်း အလုပ်ရှင် အလိုကျဖွဲတဲ့ သမဂ္ဂပဲ ကျန်တော့မယ်။ အာဏာသိမ်းပြီးတော့ သမဂ္ဂ အဖွဲဝင်တွေကို အလုပ်ထုတ်တာတို၊ ဖမ်းခိုင်းတာတို လုပ်နေတော့ မြေပြင်မှာ ဘယ်သူမှ မရှိတော့ဘူး။ သူတို ထုတ်တဲ့ စာရင်းက စာရွက်ပေါ်မှာပဲ ရှိနေတာ”လို အလုပ်သမားအရေး ဆောင်ရွက်သူက ပြောပါတယ်။
ဇန်နဝါရီလ (၂) ရက်မှာ ထုတ်ပြန်တဲ့စာရင်းအရ အခြေခံအလုပ်သမားအဖွဲအစည်း (၂၈၃၄) ဖွဲ၊ မြိုနယ်အဆင့် အဖွဲအစည်း (၁၅၈) ဖွဲ၊ တိုင်းဒေသကြီး၊ပြည်နယ်အဆင့် အဖွဲအစည်း (၂၅) ဖွဲ၊ အလုပ်သမားအဖွဲချုပ် (၉) ဖွဲနဲ့ နိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ (၁) ဖွဲ စုစုပေါင်း (၃၀၂၇) အဖွဲရှိနေတယ်လို ဝန်ကြီးဌာနက ထုတ်ပြန်ထားတာပါ။
စစ်အာဏာသိမ်းပြီးနောက်မှာ အလုပ်ရှင်တွေက ဖွဲစည်းပြီးဖြစ်တဲ့ အခြေခံစက်ရုံသမဂ္ဂတွေ ပြိုကွဲအောင် လုပ် ဆောင်တဲ့အပြင် လုပ်ငန်းခွင်တွင်းမှာ အလုပ်သမား အခွင့်အရေး တောင်းဆိုတဲ့သူတွေကိုလည်း နည်းအမျိုးမျိုးနဲ့ အလုပ်ကထုတ်ပယ်တာတွေ လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။
“စက်ရုံမှာတော့ သမဂ္ဂ မရှိတော့ဘူး။ WCC တော့ ဖွဲထားတယ်ကြားတယ်။ ဘယ်သူတွေလဲတော့ မသိဘူး။ အာဏာ မသိမ်းခင်ကတော့ အခြေအနေတွေက အခုလောက် မဆိုးဘူး။ အခုကျတော့ သူတိုလုပ်ချင်တိုင်း လုပ်နေတယ်။ အချိန်ပိုတွေကို ခေါ်တိုင်း မဆင်းနိုင်ရင် အလုပ်ထုတ်ခံရမယ်ဆိုတာ အခုမှ ကြုံဖူးတော့တယ်။ ပြောမယ်ဆို သမဂ္ဂရှိရင်တော့ ဒီလောက်မဆိုးဘူး ထင်တာပဲ။ ကျွန်မတို စက်ရုံတွေမှာတော့ မရှိတော့ အဲဒီလောက် အခြေခံအဖွဲတွေများမယ်လိုတော့ မထင်ဘူး”လို စက်ရုံအခြေခံ သမဂ္ဂအဖွဲဝင်ဟောင်း တစ်ဦးက ပြောပါတယ်။
လက်ရှိ အလုပ်သမားအရေး ကူညီမှုတွေကို ကန့်သတ်၊ ဖိနှိပ်မှုများစွာနဲ့ လုပ်ဆောင်နေရတဲ့အပြင် လုံခြုံရေး အရ ခြိမ်းခြောက်ခံနေရတာတွေလည်း ရှိနေတယ်လို မှာ ကူညီဆောင်ရွက်သူပေးနေသူတွေက ပြောပါတယ်။

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026