NEWS

အောက်တိုဘာ တတိယတပတ်တာ သတင်းအနှစ်ချုပ်ဖော်ပြချက်

CoverLogo
157 Views

Myanmar Labour News မှာ အောက်တိုဘာ ၁၄ ရက်ကနေ ၂၀ ရက်နေ့အထိ တတိယ တစ်ပတ်တာအတွင်း ဖော်ပြခဲ့တဲ့ အလုပ်သမားရေးရာ၊ ပြည်တွင်းဦ ပြည်ပ အလုပ်အကိုင်နဲ့ ဒေသတွင်း သတင်းတွေကို အနှစ်ချုပ် ဖော်ပြပေးထားပါတယ်။

ရည်ရွယ်ချက်ကတော့ တစ်ပတ်တာအတွင်း ပြည်တွင်းပြည်ပ အလုပ်သမားရေးရာနဲ့ ဒေသဆိုင်ရာ သတင်းအချက်အလက်တွေကို အချိန်တိုတွင်း သိရှိနိုင်ဖို့ ဖြစ်ပါတယ်။

အောက်တိုဘာာ ၁၄

ထိုင်းနိုင်ငံ က ဆားထုတ်လုပ်တဲ့ စက်ရုံ မှာ လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၂၈ ဦးကို လုပ်ငန်းရှင်က လုပ်ခ မပေး တဲ့ အပြင် စက်ရုံပိတ်ကာ ထွက်ပြေး တိမ်းရှောင်နေတဲ့ အတွက် အခက်ခဲ ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာအလုပ်သမားရေးဖြေရှင်းပေးနေတဲ့ WAG အလုပ်သမားမဟာမိတ်အဖွဲ့ ထံက သိရပါတယ်။ 

နိုင်ငံကူးလက်မှတ် ပြုလုပ်ပေးခြင်း ရပ်နားထားခဲ့တဲ့  မြစ်ကြီးနားမြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး (ပတ်စ်ပို့) ရုံး မှာ  ယနေ့က စပြီး  ပြန်လည် ပြုလုပ်ပေးပြီ ဖြစ်တယ်လို့ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက ကြေညာထားပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့က စတင်ကာ ကချင်ပြည်နယ် အတွင်း ဖုန်းနှင့် အင်တာနက်လိုင်းများအားလုံးပြတ်တောက်ခဲ့တဲ့ အတွက်မြစ်ကြီးနားရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာ နိုင်ငံကူးလက်မှတ် ထုတ်ပေးတာ ယာယီရပ်နားခဲ့တာပါ၊

လာအိုနိုင်ငံ ဗီရန်ဂျင်း ၃ ကန်နယ်မြေမှာဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပိုင် BEST GARMENT (LAOS) CO.LTD မှာ မြန်မာအလုပ်သမား ၄၀၀ ကျော် ခေါ်ယူလုပ်ကိုင်နေပြီး အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေကျူးလွန်နေတာကြောင့် အကူအညီလိုအပ်နေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

 အောက်တိုဘာာ ၁၅

ရန်ကုန်မြို၊ ရွှေပြည်သာမြိုနယ်၊ သာဓုကန်စက်မှုဇုန်၊ မြလမ်းက  Jing Ying  အုတ်ပြားစက်ရုံမှာ အလုပ်သမား တွေကို လုပ်ငန်းနဲ့ မပတ်သက်တဲ့ အလုပ်တွေ လုပ်ကိုင် ခိုင်းစေနေတယ်လို့  ပြောပါတယ်။ ဒီလို လုပ်ကိုင်ပေး ရတာဟာ  စက်လိုင်း လည်ပတ်မှုရပ်တာနဲ့ လုပ်ကိုင်ပေးနေရတာလို့ သိရပါတယ်။  

အများပြည်သူ အလုပ်ပိတ်ရက် သီတင်းကျွတ် ပိတ်ရက် ( အောက်တိုဘာ ၁၆ )ရက်မှာ အချိန်ပို ဆင်းဖို့ Prettex Myanmar စက်ရုံ တာဝန်ရှိသူတွေက အတင်းအကျပ် လက်မှတ်တိုး အလုပ်ဆင်းခိုင်းတယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ် ။ 

စင်္ကာပူ နိုင်ငံ မှာ ရောက်ရှိနေတဲ့ မြန်မာ နိုင်ငံသားတွေ အနေနဲ့ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရာမှာ မိမိရဲ့  နိုင်ငံသားစိစစ်ရေးကတ်ပြား(မှတ်ပုံတင်)ကို မူရင်း(သို့မဟုတ်)မိတ္တူ ယူဆောင်လာရမယ်လို့ စင်္ကာပူရှိ မြန်မာသံရုံးက အောက်တိုဘာ ၉ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ 

တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့ ကြက်စာပြင်ရပ်ကွက်၊ ကမ်းနားလမ်း၊ ဆိပ်ကမ်းမြေနေရာ မှာ ဖြစ်ပွားခဲ့တဲ့ ဆီတင်သင်္ဘော မီးလောင်တာကြောင့် သေဆုံးသူ ၈ ဦး အထိ ရှိတယ်လို့ ထားဝယ်မီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ 

အောက်တိုဘာာ ၁၆

ရန်ကုန်မြို့၊ရွှေပြည်သာမြိုနယ်၊ ဝါးတရာစက်မှုဇုန်၊ငှက်ပျောတောကျောင်းလမ်း (ကွက်သစ်မှတ်တိုင်အနီး ) က Straightex Co, ltd အထည်ချုပ် စက်ရုံက အလုပ်သမားတွေက လုပ်ငန်းခွင်ထဲမှာ အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်ပေါ်နေတာကြောင့် အကူအညီပေးဖို့ ပေးစာပေးပို့တာကိုဖော်ပြခဲ့ပါတယ်။

ချွန်ဘူရီခရိုင် စီရာချာမြို့ ဘန့်ခေါင်ဟင်စာသင်ကျောင်း ရှေ့ရှိ လူကူးတံတားပေါ် မှ ခုန်ချ ရန် ပြုလုပ်နေတဲ့ မြန်မာအလုပ်သမားတဦးကို ထိုင်းရဲတွေကကယ်တင်ခဲ့ရတယ်လို့ ထိုင်းသတင်းဌာနတွေရဲ့ဖေါ်ပြချက်အရ သိရပါတယ်။

(၇၉)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (UNGA) တွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ (UN)တွင် ကိုယ်စားလှယ်အဖြစ် ဆက်လက်ခန့်ထားရန်နှင့် အထွေထွေညီလာခံကြီးတွင် ကိုယ်စားလှယ်များ၏ လုပ်ထုံးလုပ်နည်းများအတိုင်း ပါဝင်ဆွေးနွေး ဆုံးဖြတ်ပိုင်ခွင့် အခြေအနေများ ဆွေးနွေးမှုတွင် ဒေါ်လင်းလက်ဆူး (အထွေထွေအတွင်းရေးမှူး) (Generation Wave)၊ ဒေါ်ကြည်ကြည်ထွန်း (ကျန်းမာရေးဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးကော်မတီ) (JCC-Health)နဲ့  ဒေါက်တာ Kenton Linn (ဥက္ကဋ္ဌ) (Interim Chin National Consultative Council) တို့ ပါဝင်ခဲ့ပြီး မြန်မာနိုင်ငံ အလုပ်သမားတပ်ပေါင်းစု -MLA က နိုင်ငံရေးအကျဉ်းသူဟောင်း ဒေါ်ခိုင်သဉ္ဇာအေး က Moderater ပြုလုပ် ဆွေးနွေးခဲ့ပါတယ်။

အောက်တိုဘာာ ၁၇

သံအမတ်ကြီးဦးကျော်မိုးထွန်းရုပ်ပုံပါ အင်္ကျီတီရှပ်များ ဝတ်ဆင်ပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံကြောင်းနဲ့  ကုလသမဂ္ဂမှာ ဆက်လက်ခန့်ထားဖို တောင်းဆိုလှုပ်ရှားမှုကို လက်ပံတောင်းဒေသ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ် အင်အားစုက အောက်တိုဘာ ၁၆ ရက်က  ပြုလုပ်ခဲ့ကြပါတယ်။

အောက်တိုဘာာ ၁၈

မြန်မာ့ ရိုးရာ သီတင်းကျွတ်ပိတ်ရက် ပွဲတော်မှာ လုပ်ငန်းခွင်တချို့မှာအလုပ်သမားတွေကို အတင်းအကျပ် လုပ်အားပေးခေါ်ယူခိုင်းစေတာတွေ ပိတ်ရက်ပြန်ခွင့်မပေးဘဲ ဖိအားပေးခြိမ်းခြောက်ခိုင်းစေတာတွေ အများအပြားရှိနေတာဖြစ်ပါတယ်။ အဲ့ဒီအခြေအနေတွေကို "အထည်ချုပ်လောကအတွင်းရေး ပေးစာ၊ ပြန်စာ"  ဆောင်းပါးအဖြစ် ဖတ်ရှူ့ရမှာပါ။

ထိုင်းနိုင်ငံ ရှိ သီးနှံထုပ်ပိုးစက်ရုံ ကို MOU ဖြင့် တရားဝင် အလုပ်လုပ်ရန် အတွက် မြန်မာနိုင်ငံမှ စာချုပ်ချုပ်ပြီး လာရောက်ပေမယ့် အလုပ်မရတဲ့ အပြင် အေဂျင်စီ မှ လွှတ်ထားတဲ့ ပွဲစားက အလုပ်ရှာပေးမယ်ဆိုကာ အလုပ်သမားတစ်ဦး ကို ဘတ် ၇၅၀၀ ထပ်တောင်းပြီး အလုပ်ရှာမပေးဘဲ တိမ်းရှောင်နေတယ်လို့ ၎င်းအလုပ်သမားတွေက Myanmar Labour News ကို ပြောပါတယ်။ 

အထည်ချုပ်လုပ်သားတွေအနေနဲ့ စက်လိုင်းမန်နေဂျာနဲ့ ကြီးကြပ်ရေး စူပါတွေကို ကန်တော့ရန်ဆိုကာ စက်ရုံလုပ်သားတွေထံက တစ်ဦးလျှင် အနည်းဆုံးကျပ်တစ်သောင်းကောက်ခံနေတာတွေနဲ့ လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုတွေကျူးလွန်တာတွေရှိနေတယ်လို့ LITA MYANMAR Co, LTD စက်ရုံအလုပ်သမားတွေထံကသိရပါတယ်။ 

 
အောက်တိုဘာာ ၁၉

ထိုင်းနိုင်ငံ အတွင်း ကို အလုံပိတ်ကားနှစ်စီး နဲ့တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၃ဦးသေဆုံးပြီး ၇ဦး သတိလစ်မှု ဖြစ်ပွားခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေရဲ့ဖေါ်ပြချက်အရသိရပါတယ်။မြန်မာနိုင်ငံသား အမျိုးသား၂၁ဦးနဲ့ အမျိုးသမီး ၅ဦး စုစုပေါင်း၂၆ဦး ကိုအောက်တိုဘာ ၁၄ ရက်နေ့မှာ တာ့ခရိုင်မဲဆောက်ခရိုင် လမ်းကြောင်းကနေတစ်ဆင့် ထိုင်းနိုင်ငံကိုတရားမဝင် ဝင်ရောက်လာခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ် မိုးစပါးနဲ့ ၂၀၂၅ ခုနှစ် နွေစပါးတို့ ရောင်းချရာမှာ အစိုဓာတ် (၁၄) ရာခိုင်နှုန်း၊ အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်ပြီး အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတဲ့ တစ်တင်း (၄၆) ပေါင်ကိုက် စပါးတင်း (၁၀၀) ကို အခြေခံရည်ညွှန်းပေါက်ဈေး (၉၅၀,၀၀၀) ကျပ် သတ်မှတ်လိုက်ပါတယ်။အများစုရဲ့ ဝေဖန်ချက်မှာတော့ သတ်မှတ်နှုန်းထား ခေတ်စနစ်နဲ့ မညီသလို ဓာတ်မြေဩဇာဈေး၊ အလုပ်သမားခ၊ ရိပ်ချွေစရိတ်၊ သယ်ယူစရိတ်၊ စက်သုံးဆီဈေးစတဲ့ ကုန်ကျစရိတ်တွေကို ထည့်သွင်းတွက်ချက်ဖို့ ထောက်ပြတာတွေ ရှိနေပါတယ်။

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ကျန်စစ်သားလမ်း စက်မှုဇုန် ၂ မှာဖွင့်လှစ်ထားတဲ့ KBL Garment သတို့သမီးဝတ်စုံချုပ်စက်ရုံမှာ ညဘက် ၁၁ နာရီအထိ အချိန်ပိုအတင်းအကျပ်ဆင်းခိုင်းတာကြောင့်အ ခက်အခဲကြုံနေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

"သီတင်းကျွတ် တွက်ရေး လွဲချော်ခဲ့သည်" ဆိုတဲ့ အက်ဆေးမှာတော့ ကလေးမလေး မိထူးတစ်ယောက် သီတင်းကျွတ်ပွဲတော်မှာ လူကြီးသူမတွေကို ကန်တော့ရင်း ပြန်လည် ရရှိမယ့် အကျိုးအမြတ်တွေကို တွက်ချက်ရင်း ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် သူမရဲ့ တွက်ကိန်းလွဲချော်ခဲ့ရပုံကို ဖတ်ရှု့ရမှာပါ။
 
အောက်တိုဘာာ ၂၀

လှည်းကူး Jun Coporation အထည်ချုပ် စနေနေ့တိုင်း အချိန်ပို ညလုံးပေါက် ခိုင်းစေနေလို့ အကူအညီပေးဖို့ အလုပ်သမားတွေက ပေးစာပေးပို့ထားတာပါ။

မြန်မာ့မီးရထားအနေနဲ့ အောက်တိုဘာ၂၀ ရက်ကစပြီး လက်မှတ်ခများကို မိုင် ၂ဝ ခရီးအတွက် ယခင် ၂ဝဝ ကျပ်အစား ၄ဝဝ ကျပ်အဖြစ် လည်းကောင်း၊ မိုင် ၂ဝ နဲ့အထက် မြို့တစ်ပတ်ခရီးအတွက် ယခင် ၃ဝဝ ကျပ်အစား ၈ဝဝ ကျပ် အဖြစ်ပြောင်းလဲသတ်မှတ်သွားဖို့နဲ့ အခြားနယ်ခရီးစဉ်အတွက်ပြေးဆွဲမယ့်ရထားလက်မှတ်ခတွေကိုလည်း ပြောင်းလဲလိုက်တာကြောင့် ရုံးတက်ရုံးဆင်း မီးရထားနဲ့သွားလာနေတဲ့ အလုပ်သမားပြည်သူတွေ သွားလာစရိတ်မြှင့်လာကာ အခက်ခဲဖြစ်လာနေတယ် လို့ဆိုပါတယ်။

တရုတ်နိုင်ငံ ရင်ကျန်းစက်မှုဇုန်မှာ တည်ရှိပြီး မြန်မာအထည်ချုပ်အလုပ်သမား ၁၀၀၀ ကျော် သွားရောက်လုပ်ကိုင်နေကြတဲ့ ဖူးချန် အထည်ချုပ်စက်ရုံမှာ အထည်စံချိန်အလွန်အကျွံသတ်မှတ်ချုပ်လုပ်ခိုင်းတာကြောင့် စံချိန်မပြည်လျှင် ည ၁၀ နာရီအထိ အချိန်ပိုကြေး မပေးဘဲ ခိုင်းစေနေတာကြောင့် အခက်အခဲဖြစ်နေရတယ်လို့ မြန်မာအလုပ်သမားတွေကပြောပါတယ်။

ပြည်တွင်း အလုပ်သမားအရေး ကဏ္ဍမှာ နှစ်ကာလ ကြာရှည်ပြီး စိန်ခေါ်မှုဖြစ်နေဆဲ ပြဿရပ်က တော့ ကလေးလုပ်သား ခိုင်းစေမှုပဲဖြစ်ပါတယ်။ ဝန်ကြီးဌာနကတော့  နိုင်ငံအဆင့် ကလေးလုပ်သားပပျောက်ရေး စီမံချက်တွေ လုပ်နေပေမယ့် လက်ရှိမှာ ဆင်းရဲမွဲတေမှုမြင့်တက်လာလို့ အသက် ၁၈ နှစ်အောက် လူရွယ်တွေ အသက် ၁၄ နှစ်အောက် ကလေးလုပ်သားတွေဟာ လုပ်ငန်းခွင် အမျိုးမျိုးမှာရောက်ရှိလုပ်ကိုင်နေကြပါတယ်။ ဒီလိုလုပ်ငန်းခွင်ထဲရောက်ရှိနေတဲ့ ကလေးလုပ်သားတွေကိုလည်း အကာအကွယ်ပေးဖို့ လိုအပ်နေတဲ့အကြောင်း "အချိန်တို ကုထုံး လိုအပ်နေသူတွေ" ဆိုတဲ့ ဆောင်းပါးမှာဖတ်ရှူ့နိုင်ပါတယ်။

အခုတပတ်တာ သတင်းအနှစ်ချုပ်ကိုတော့ ဆုလာဘ်ဖြူက စုစည်းပေးထားတာပါ။


Related posts

Cover
တစ်ပတ်တာ သတင်းအနှစ်ချုပ် ဖော်ပြချက် ( ၁၂-၁-၂၀၂၅)
Jan 12, 2025
Cover
စံချိန်တင်မြင့်တက်ဆဲ အခြေခံကုန်စည် ဈေးနှုန်းများ
Jan 12, 2025
Cover
ဒီဇင်ဘာလ စတုတ္ထတပတ်တာ ကုန်ဈေးနှုန်းများစုစည်းမှု
Dec 29, 2024
Cover
ဒီဇင်ဘာလ စတုတ္ထတပတ်တာ သတင်းအနှစ်ချုပ်ဖော်ပြချက်
Dec 29, 2024
Cover
ဒီဇင်ဘာ တတိယတပတ်တာ တစ်ပတ်တာ သတင်းအနှစ်ချုပ် ဖော်ပြချက်
Dec 22, 2024
Cover
ဒီဇင်ဘာ တတိယတပတ်တာ ကုန်ဈေးနှုန်းများစုစည်းမှု
Dec 22, 2024
Cover
ဒီဇင်ဘာလ ဒုတိယတပတ်တာ သတင်းအနှစ်ချုပ် ဖော်ပြချက်
Dec 15, 2024
Cover
ဒီဇင်ဘာလ ဒုတိယတပတ်တာ ကုန်ဈေးနှုန်းများစုစည်းမှု
Dec 15, 2024