NEWS

အလုပ်ရှာပေးမယ်ဟု ဆိုကာ ပွဲစားများမှ မကြာခဏငွေကြေးလိမ်လည်တာတွေရှိနေ

CoverLogo
43 Views

ထိုင်းရောက် မြန်မာအလုပ်သမားတွေ ဆီမှ   ပွဲစားခ  ငွေကြေးတောင်းယူပြီး အလုပ်ရှာ မပေးဘဲ ထွက်ပြေးတိမ်းရှောင် တာ တွေ မကြာခဏ ဖြစ်ပေါ်လျက်ရှိပြီး အလုပ်သမားအဖွဲ့စည်းတွေလည်း မကြာခဏ ဖြေရှင်းပေးရတဲ့ အမှုအကြောင်းရာတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းထဲမှာလည်း ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ မြန်မာ MOU အလုပ်သမား ၇ ဦးကို  ပွဲစားတစ်ဦးက အလုပ်ရှာပေးမယ်ဆိုကာ ထိုင်းဘတ်ငွေ ၃ သောင်းကျော်ယူသွားတယ်လို့  ထိုင်းနိုင်ငံအခြေစိုက် မြန်မာအလုပ်သားကူညီစောင့်ရှောက်ရေးM.H.A.C  မဟာမိတ်အဖွဲ့ ထံ မှ သိရပါတယ်။

ဖြစ်စဉ်မှာ   ပွဲစားတစ်ဦးမှ မြန်မာ MoU အလုပ်သမား ၇ ဦးအား အလုပ်ရှာပေးမယ် ဟုယုံကြည်အောင်ပြောဆို ပြီး အလုပ်စမတ်ခအဖြင့် တစ်ဦးလျှင် ဘတ် ၄,၅၀၀ နှုန်းဖြင့် စုစုပေါင်း ဘတ် ၃၁,၅၀၀ တောင်းယူသွားပြီး အလုပ်မရှာပေးတဲ့ အတွက် စက်တင်ဘာလ ၈ ရက်မှာ M.H.A.C  မဟာမိတ်အဖွဲ့ ထံ လာရောက် အကူညီတောင်းခံခဲ့တယ်လို့ ဆိုပါတယ်။

နစ်နာသူ အလုပ်သမားများက  အကူအညီတောင်းခံလာတဲ့ အတွက် (M.H.A.C) မဟာမိတ်ရုံးနှင့် NUG အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများ ပူးပေါင်းပြီး ငွေကြေးတောင်းယူပြီး အလုပ်မရှာပေးသည့်အမှုအား ကူညီဖြေရှင်းပေးခဲ့ရာ  စက်တင်ဘာလ ၁၀ ရက်နေ့မှာ  ပွဲစားဆိုသူ မှ ၎င်းတောင်းယူထားတဲ့  ဘတ် ၃၁,၅၀၀ အား အလုပ်သမား ၇ ဦးထံ ပြန်လည်ပေးအပ်ခဲ့တယ်လို့သိရပါတယ်။

 


Related posts

Cover
ပြည်ပလုပ်သားစေလွှတ်ရေး ရပ်ဆိုင်းထားတဲ့ အေဂျင်စီ ၁၅၀ ကိုစေလွှတ်ရေးလုပ်ငန်းစဉ်များ ပြန်လည် ဆောင်ရွက်ခွင့်ပြု
Sep 18, 2024
Cover
ရေဘေးသင့်ပြည်သူ တွေအတွက် မြန်မာသံရုံးက ထိုင်းရောက်မြန်မာ အလုပ်သမားတွေဆီ အလှူခံနေ
Sep 16, 2024
Cover
ထိုင်းဆောက်လုပ်ရေး လုပ်ငန်းခွင်မှ မြန်မာအလုပ်သမား ၅၀ ကျော် လုပ်အားခမရတဲ့အပြင် အကြောင်းမဲ့ အလုပ်ထုတ်ခံရ
Sep 16, 2024
Cover
အငှားကိုယ်ဝန်ဆောင်သည့် လူကုန်ကူးမှုများ ဖြစ်ပွားနေဟု စစ်ကောင်စီ ပြောဆို
Sep 16, 2024
Cover
ရမည်းသင်းမြို့နယ်၊ သပြေပင်ကျေးရွာတွင် နယ်ခံ ၂၅ ဦးခန့် အပါဝင်​ရွှေ့​ပြောင်းလုပ်သား ၁၀၀ ဝန်းကျင် ​သေဆုံးတယ်လို့ ​ဒေသခံဆို
Sep 16, 2024
Cover
လုပ်သားအခွင့်ရေးချိုးဖောက်ခံရလို့ တိုင်ကြားမှုများပေမယ့် စစ်ဆေးအရေးယူမရဖြစ်နေဟုဆို
Sep 13, 2024
Cover
ထိုင်းနိုင်ငံတွင်  ကာလတိုသင်တန်း တက်ရောက်နေသည့် ကျောင်းသား/သူများ ကို ဗန်ကောက်နှင့်ချင်းမိုင်ရှိမြန်မာသံရုံများ တွင် PE အမျိုးစား နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်း ဆောင်ရွက်မပေးတော့ဘူးလို့ သံရုံးကြေညာ
Sep 12, 2024
Cover
တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသဖြင့် မေတ္တာရိပ် မြန်မာစာသင်ကျောင်းအပါအဝင်စာသင်ကျောင်း ၆ ကျောင်းကို ထိုင်းအစိုးရက ပိတ်သိမ်း
Sep 11, 2024