NEWS

လူမှုဖူလုံရေး အကျုံးဝင် လုပ်သားတွေ ဆေးကုသမှုခံယူနိုင်မယ့် ဆေးခန်းများတိုးမြှင့်ထားသော်လည်း ဆေးအလုံအလောက်မရရှိ

CoverLogo
877 Views

English Below

လူမူဖူလုံရေးအလုပ်သမားတွေ ဆေးကုသမှုခံယူနိူင်ဖို့ ပုဂ္ဂလိဆေးခန်း(၂၁)ခုနဲ့ ချိတ်ဆက်ဖွင့်လှစ်ထားပေမဲ့ အလုပ်သမားတွေ ကုသရာ၌ ဆေးအလုံလောက်မရှိဘူးလို့ အလုပ်သမားတွေက ဆိုပါတယ်။

''ဆေးရုံဆေးခန်းတွေရှိတယ်။ ဖူလုံရေးကနေတိုးချဲ့ပြီးဖွင့်ပေးထားတဲ့ဆေးခန်းတွေတော့ရှိတယ်။ ဆရာ၀န်ရှိတယ်စမ်းသပ်ပေးတယ်။ ဆရာ၀န်ကနေဆေးထုတ်လို့ပြောလိုက်ရင် ဆေးပေးကောင်တာမှာ ဆေးမရှိတာက များနေတယ်။ နောက်ပြီးဆေးပေးတာက ဖြစ်တာကတစ်မျိုးဆေး ပေးတာကတစ်မျိုးတွေရှိတယ်.။ ဘယ်လိုသိရလဲဆိုရင် အလုပ်သမားတစ်ယောက်က အစာအိမ်နဲ့သွားပြရင်အညိုလုံးလေးပေးတယ်။ တခြားရောဂါနဲ့သွားပြတော့လည်း အဲ့ဆေးတွေပေးတော့ အလုပ်သမားတွေက အပြင်ဆေးဆိုင်မှာသွားပြကြည့်တော့ ကိုယ်၀န်ဆောင်တွေသောက်တဲ့သံဓါတ်အားဆေးတွေဖြစ်နေတယ်။ ဘာရောဂါဖြစ်ဖြစ် အဲ့ဆေးကိုပဲပေးနေတာလည်း ကြုံတွေ့ရတယ်''လို့ FGWM မှ တွဲဖက်အတွင်းရေးမှူးက ဆိုပါတယ်။

အလုပ်သမားတွေကို  ပုဂ္ဂလိကဆေးရုံဆေးခန်းတွေနဲ့ပူးပေါင်းဆေးကုသမှုပေးနိုင်ဖို့အတွက်  ရန်ကုန်နဲ့မန္တလေးအပြင်  ပဲခူး၊မြိတ်၊ မြစ်ကြီးနား၊တောင်ကြီး၊နေပြည်တော်တို့မှ ပုဂ္ဂလိကဆေးခန်း (၂၁)ခုအထိ ချိတ်ဆက်ဖွင့်လှစ်ထားတယ်တယ်လို့ လူမှုဖူလုံရေးက  ဩဂုတ်၂ရက် ဆေးရုံအမည်များကို ထုတ်ပြန်ပေးထားတာပါ။

အဲလိုထုတ်ပြန်ထားပေမဲ့ အမှန်တကယ်ကုသရာမှာတော့ ဆေးမရှိတာမျိုး ဆေးရှိရင်လည်း ဘာရောဂါပဲဖြစ်ဖြစ်အဲ့ဆေးတစ်မျိုးကို့ပဲပေးတာမျိုးတွေရှိပြီး 
လကုန်ပြီးနောက်လအစဆိုရင် ဆေးရနိုင်ပေမဲ့ လဝက် ၁၅ရက်လောက်ကျော်ပြီဆိုတာနဲ့  လုံးဝ ဆေးမရတော့တာတွေကြောင့်  ဆေးခန်းတွေမှာဆေးမလုံလောက်တာ၊ ကျန်းမာရေးအကျိုးခံစားခွင့်ပေးဖို့ကြန့်ကြာတာတွေက အမြဲဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အလုပ်သမားတွေဆေးခွင့်ရယူရာမှာလည်း စက်ရုံ မန်နေဂျာများက  ဖူလုံရေးကိုသွားပြီးဆရာ၀န်နဲ့ညှိနှိုင်းထားတာတွေကြောင့်  မဖြစ်မနေခွင့်ယူဖို့လိုအပ်လာရင် တစ်ရက်နှစ်ရက်သာရရှိပြီးများသောအားဖြင့် ခွင့်မရကြဘူးလို့သိရပါတယ်။ အချို့သောဖူလူံရေးဆေးခန်းတွေမှာလည်း  အလုပ်သမားကိုခွင့်ပေးလိုက်ရမလားဆိုပြီး အလုပ်ရှင်ကိုလှမ်းမေးတာတွေရှိတာပြောင့် ဖူလုံရေးခဲစားခွင့်အပြည့်မရဘူးလို့ ဆိုပါတယ်။

ဆရာဝန်နဲ့ချိတ်ဆက်ညှိနှိုငိးမှုမရှိတဲ့ စက်ရုံတွေမှာဆိုရင်တော့ ဆေးစာအရခွင့် ပေးလေ့ရှိတယ်လို့လည်းဆိုပါတယ်။

လူမှုဖူလုံရေးအဖွဲ့အနေနဲ့ အလုပ်သမားဆေးရုံ(၃)ခု၊ ဌာနကြီးဆေးခန်း(၅၇)ခန်း၊ လူမူဖူလုံရေးဆေးခန်း (၉၆)တို့ကနေလည်း ဆေးကုသပေးနေပြီး လူမှုဖူလုံ​ရေးအာမခံ အလုပ်သမားတွေအနေနဲ့အဲဒီဆေးခန်းတွေမှာ အခမဲ့သွားရောက်ဆေးကုသမှုခံယူနိုင်ပြီး ကုန်ကျငွေကို လူမှုဖူလုံရေးအဖွဲ့က စိုက်ထုတ်ပေးမှာဖြစ်တယ်လို့ ထုတ်ပြန်ထား​ပါတယ်။

MyanmarLabourNews

 

Although the number of clinics, where workers covered by social security can receive the medical treatment, has been increased, there is not enough medicine available.

Aug 7, 2022

The workers said that although 21 private clinics have been collaborated and opened to cover social security services, there is not enough medicine to effectively treat workers.

"There are clinics which have been expanded and opened by the department of social welfare. There are doctors and they make examinations. But when they give prescriptions, the medicines are not there in the medicine counter. They also gave wrong medicines for the diseases. We know that because a worker got the same brown pill both when she goes for a stomach problem and when she goes for other illnesses. The workers checked this pill at the outside pharmacy and found out that that pill is actually the iron supplement for pregnants. No matter what the disease is, they are given that same medicine," said the joint secretary of FGWM.

The Department of Social Welfare announced that up to 21 private clinics in Bago, Myeik, Myitkyina, Taunggyi and Nay Pyi Taw in addition to Yangon and Mandalay have been collaborated and opened in order to provide medical treatment to workers in collaboration with private clinics. They announced the names of the clinics on 2nd August.

Even though it was announced like that, in actual treatment, there are cases where there is no medicine at all, and if there is any medicine, there are cases where no matter what the disease is, only the same kind of medicine is given. The workers can get the medicine at the beginning of the month but they can't get any medicine at all after passing the first half of the month. It is said that not having enough medicines in the clinics and delays in providing health benefits are the constant occurrences.

In addition, when it comes to taking medical leaves, the workers are usually not getting them. They get one or two days at most only when their conditions are critical. It is said that this is because factory managers had already negotiated with doctors at the social security program. In some social security clinics, doctors are even asking employers by phone whether to give medical leaves to the worker or not. So, it is said that workers are not fully getting the social security benefits.

It is also said that in factories that do not have a connection with the doctor, the workers often get medical leaves based on the recommendations of the doctors.

As the department of social welfare, they are giving medical treatment with 3 workers' hospitals, 57 departmental clinics and 96 social security clinics. It is announced that the social welfare department  will cover the cost and workers covered by social security can get free medical treatment there. 

(Thanks to Notes of Workers for translation)

MyanmarLabourNews
 


Related posts

Cover
He MeT Company Limited တွင် စက်ရုံအလုပ်သမား (၇၀) ရာခိုင်နှုန်းကို နေ့စားအလုပ်သမားအဖြစ်သာ ခိုင်းစေပြီး ချိုးဖောက်မှုများ လုပ်ဆောင်နေ
Nov 14, 2024
Cover
LITA MYANMAR Co, ltd တွင် ဥပဒေပါ ခွင့်ရက်များ မပေးသည့်အပြင် ဥပဒေမဲ့ အလုပ်ထုတ်လိုချိန်တွင် ရဲခေါ် အသုံးပြုနေ
Nov 13, 2024
Cover
ကုန်ဈေးနှုန်းဆက်တိုက်မြင့်တက်လာလို့ အလုပ်သမားတွေပိုမိုခက်ခဲလာ
Nov 13, 2024
Cover
SHAN DOIVG HUAYI (MYANMAR INDUSTRY CO.LTD) တွင် စကားပြန်က ဥပဒေမဲ့ အုပ်ချုပ်သည့်အပြင် အထည်စံချိန်များကိုလည်း လုပ်နိုင်စွမ်းထက် ပိုမိုတောင်းခံနေ
Nov 13, 2024
Cover
နာမည်ကြီးအမှတ်တံဆိပ် ချုပ်သည့်စက်ရုံက အချိန်ပိုမဆင်းတဲ့အလုပ်သမားအလုပ်ထုတ်ခံရ
Nov 12, 2024
Cover
EC စာချုပ်ပါအချက်များ ချိုးဖောက်မှု အလုပ်ရှင်များတဖက်သတ် လုပ်ဆောင်လာ
Nov 12, 2024
Cover
အချိန်ပိုကြေး တိုးမြှင့်ပေးဖို့ အလုပ်သမား ၃၀၀၀ နီးပါး ဆန္ဒဖော်ထုတ်
Nov 12, 2024
Cover
Mai Yi Bei (Yangon)Garment Manufacturing Co, Ltd တွင် အချိန်ပိုနာရီတစ်ချို့ကို အခကြေးငွေမပေးဘဲ ခိုင်းစေသလို အချိန်ပိုကြေးကို ကျပ် (၁၄၀၀) နဲ့သာ တွက်ချက်ပေးချေနေ
Nov 11, 2024