NEWS

နာမည်ကြီးအမှတ်တံဆိပ် ချုပ်သည့်စက်ရုံက အချိန်ပိုမဆင်းတဲ့အလုပ်သမားအလုပ်ထုတ်ခံရ

CoverLogo
565 Views

ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်၊ ကျောက်စိမ်းလမ်း အမှတ် -  ရှိ နာမည်ကြီးကုန်အမှတ်တံဆိပ်ချုပ်စက်ရုံတစ်ရုံဖြစ်တဲ့  Her Mite Co, Ltd ဟာ အလုပ်သမားတစ်ဦးကို အချိန်ပိုမဆင်းလို့ဆို တဲ့အကြောင်းပြချက်နဲ့ အလုပ်ကထုတ်ပယ်လိုက်တယ်လို့ သိရပါတယ်။ 

"လုပ်သက်ကတော့ လပိုင်းပဲရှိသေးတယ်။ ခုတိုင်းထားတုန်းပဲရှိသေးတယ်"လို့ အလုပ်သမားကိုကူညီဆောင်ရွက်ပေးနေသူကဆိုပါတယ်။ 

အဆ်ိုပါစက်ရုံဟာ အရုပ်ချုပ်စက်ရုံ​ဖြစ်ပြီး နာမည်ကြီးအမှတ်တံဆိပ်ဖြစ်တဲ့ NICI Bean bags ချုပ်တဲ့စက်ရုံ တရုံဖြစ်တယ်လို့သိရပါတယ်။ 

အဆိုပါစက်ရုံမှ QC တဦးဟာ ပြီးခဲ့တဲ့လ အောက်တိုဘာ  ၂၉ ရက်နေ့ မနက်(၉း၃၀) ခန့် ဆေးပေးခန်းသို့ ဆေးသွားတောင်းနေစဉ် လီတာ မ-  ရောက်ရှိလာပြီး အလုပ်ထုတ်လိုက်ကြောင်းပြောပြလာတာလို့ သိရပါတယ်။ 

'"တရုတ်မနဲ့ စကားပြန်---  တို့က နင့်ကို မကြိုက်တော့ဘူးလို့ပြောတယ် နင်က အချိန်ပိုခေါ်တာမဆင်းလို့ အလုပ်ကထုတ်တယ်လို့ပြောတယ်။ နေ့လည် (၁၂း၃၀) ခန့် တရုတ်စကားပြန် မလုလု ကဝန်ထမ်းအားလုံး မီတင်ခေါ်​ပြီး -- ကို အလုပ်ကထုတ်တယ်လို့ နာမည်တပ်ပြောလို့ အလုပ်ကထုတ်မယ်ဆိုရင် အကြောင်းပြချက်ပြောပါ၊ အပြစ်မရှိဘဲဘာ့ကြောင့် အလုပ်ထုတ်တာလဲ  ပြန်မေးခဲ့တယ်။  တရုတ်စကားပြန် မလုလုက အကြောင်းပြချက် လိုချင်ရင် ရတယ်  ငါ အကြောင်းပြချက်/ အပြစ်ရှာပြီး နင့်ကို အလုပ်ထုတ်မယ်"လို့ပြောကြောင်း သိရပါတယ်။

နိုဝင်ဘာ ၇ ရက်နေ့ ညနေ ၄း၂၀ ခန့်တွင် တရုတ်စကားပြန် မ--က အလုပ်နေရာသို့လာရောက်ပြီး  HR ရုံးခန်းကို လိုက်ခဲ့ ဟု ဆိုကာ ရုံးခန်းရောက်သောအခါ မန်နေဂျာ မ--- မှ စက်ရုံက တောင်းနေတဲ့ အာဝါဒီ မပေးနိုင်သောကြောင့် အလုပ်ကထုတ်တာဖြစ်လို့တိုင်ချင်ရာသွားရောက်တိုင်ကြားနိုင်တယ်လို့သာပြောဆိုလာတယ်လို့ သိရပါတယ်။

အလုပ်ထုတ်ခံရသူ ဝန်ထမ်းကလည်း  "အာဝါဒီ ကို မရလို့ အလုပ်ကထုတ်မယ်ဆိုရင် အလုပ်ထုတ်ခံရသူထက်ပိုပြီး  အာဝါဒီ နည်းတဲ့ ဝန်ထမ်းတွေ အများကြီးရှိတာကိုရော ဘာကြောင့်မထုတ်လဲမေးမြန်းရာ  ည ၉/၁၀ နာရီအထိ အချိန်ပို ခေါ်တာကို မဆင်းလို့အလုပ်တာ​​ဖြစ်ပြီး အခြားအာဝါဒီမရသူတွေကိုမပြောဘဲထုတ်ချင်ရင် ထုတ်မှာပဲ  ကြိုက်တဲ့နေရာ သွားတိုင်လိုက်" ဟုသာ ရုံးခန်းတွင်းခေါ်ယူပြောဆိုခဲ့တယ်လို့အလုပ်သမားကပြောပါတယ်။

အလုပ်သမားတစ်ယောက်အနေနဲ့ အခြား ပြစ်မှူတစုံ တရာ မရှိ ဘဲ OT မဆင်းသည် ကို အကြောင်းပြကာ အလုပ်မှ ထုတ်ခြင်းမှာ အလုပ်သမားဥပဒေ ကို ချိုးဖောက်ခံရခြင်း၊အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရခြင်းဖြစ်လို့ နစ်နာသူ အလုပ်သမားဘက်မှ ရပ်တည်တောင်းဆိုမှူ ပြုလုပ်ပေးသွားမှာဖြစ်တယ်လို့ ကူညီဆောင်ရွက်ပေးနေသူထံက သိရပါတယ်။


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026