NEWS

အချိန်ပိုကြေး တိုးမြှင့်ပေးဖို့ အလုပ်သမား ၃၀၀၀ နီးပါး ဆန္ဒဖော်ထုတ်

CoverLogo
879 Views

လုပ်ငန်းခွင်အတွင်းမှာအချိန်ပိုအိုတီကြေးကို တနာရီ ၁၂၀၀၊ ကျပ်နှုန်းနဲ့သာရှင်းပေးနေပြီး ည ၈ နာရီအထိ ဆင်းပါက ၁၄၀၀ ကျပ်နှုန်းနဲ့သာရှင်းပေးခြင်း၊ အထည်စံချိန်အလွန်အကျွံသတ်မှတ်တောင်းခံနေခြင်း၊ ဥပဒေပါခွင့်ခံစားခွင့်တွေ မရခြင်းနဲ့ လုပ်ငန်းခွင် အတွင်း ဂုဏ်သိက္ခာကျဆင်းအောင် ရိုင်းစိုင်းစွာ ဆဲဆိုမှုတွေ ကျူးလွန်နေတာစတဲ့ ချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ အလုပ်သမား ၃၀၀၀ နီးပါး ဆန္ဒဖော်ထုတ်နေပါတယ်။

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် ၊ဦးရွှေဝင်လမ်းထောင့် အမှတ် - မှာဖွင့်လှစ်ထားတဲ့ HANDA (YANGON)GARMENT CO.LTD အထည်ချုပ်စက်ရုံမှာ အလုပ်သမားတွေ အခုလို တောင်းဆိုနေတာဖြစ်တယ်လို့ သိရပါတယ်။

"လုပ်ငန်းခွင်ထဲမှာ ဥပဒေခံစားခွင့်တွေ မရတာ အချိန်ပိုကြေးကို တနာရီ ၁၂၀၀ ကျပ်ပဲရတာကြောင့် အလုပ်သမားအင်အားအများ စုပေါင်းပြီး ဆန္ဒပြ တောင်းဆိုနေတာပါ"လို့ အလုပ်သမားကပြောပါတယ်။


 လက်ရှိ ရရှိနေတဲ့ နှုန်းးထားအနေနဲ့ ထောက်ပံ့ကြေး+ဒေကြေး(၇၈၀၀)ကျပ်၊အိုတီ ကြေး(၁၂၀၀)ကျပ်၊ ရက်မှန်ကြေး (၂၀၀၀၀)ကျပ်ရရှိပြီး အလုပ်သမားများရဲ့ လစာမှာ အခြားရုံထက်လစာနည်းပြီး အဆောင်ခ စာစရိတ်တောင်မလုံလောက်ခြင်း၊ လုပ်ငန်းခွင်မှာလည်း အလုပ်သမားများမှ တစ်နေတာပုံမှန်အချိန်ပိုအိုတီ (၂)နာရီဆင်းလျင်အိုတီ နာရီ(၁၂၀၀))ကျပ်ပဲပေးပြီး ညဘက်(၈း၀၀)ဆင်းရရင် အချိန်ပိုအိုတီကြေး(၁၄၀၀)ကျပ်ဖြင့် ရှင်းပေးခြင်း၊ အလုပ်သမားများအချိန်ပိုအိုတီကြေးက အရမ်းနည်းသောကြောင့် ဆန္ဒပြတောင်းဆိုမှုပြုလုပ်နေတာလို့ အလုပ်သမားတစ်ဦးကပြောပါတယ်။

အထည်စံချိန်ကိုလည်း တနာရီလျှင် အထည် ၂၀၀ မှ ၂၅၀ အထိ တောင်းခံပြီး အလုပ်သမားတယောက်လျှင် ပွိုင့် ၄ ပွိုင့်မှ ၅ ပွိုင့်အထိချုပ်လုပ်နေရတာ တစ်ကတ်ကြေးကိုလည်း နည်းပါးအောင် သတ်မှတ်ထားတဲ့အပြင် တနေ့တာ စံချိန်မပြည့်ခြင်းနဲ့ ပဲကျမျးပါက တနင်္ဂနွေနေ့ ည ၈ နာရီအထိ အချိန်ပိုအခမဲ့ဆင်းပေးပြီး စံချိန်ပြည့်အောင်ချုပ်လုပ်ပေးရတာလို့ ပြောပါတယ်။

"အချိန်ပိုအိုတီမဆင်းပေးရင် အောစူပါ စူပါတွေက လူကြားထဲ ရိုင်းရိုင်းစိုင်းစိုင်းဆဲပြီးခိုင်းတာ စက်ချုပ်တာက ယောက်ျားလေးတွေရော မိန်းကလေးတွေရော လူကြားထဲ အဆဲအဆိုခံရလို့ အရှက်ရပြီးအလုပ်ထွက်သွားရသူတွေ မနည်းဘူး။ ခွင့်ခံစားခွင့်တွေလဲ ဘာတခုမှ မရပါဘူး အခုလည်း တောင်းဆိုနေတဲ့အလုပ်သမားတွေကို အောစူပါ နဲ့ စူပါတွေက အရေခွံဆုပ်ပစ်မယ် ငါတို့အကြောင်းသိမယ်ဆိုပြီး ခြိမ်းခြောက်နေပါတယ်"လို့ အမည်မဖော်လိုတဲ့အလုပ်သမားကပြောပါတယ်။

အလုပ်သမားတွေရဲ့တောင်းဆိုချက်အနေနဲ့ 
၁။ အလုပ်ရှင်ဘက်မှ အချိန်ပိုအိုတီကြေးကို တစ်သတ်မှတ်ထဲပေးရန်နှင့် အချိန်ပိုကြေးတိုးပေးရန်။
၂။ အလုပ်ရှင်ဘက်မှ အလုပ်သမားများခံစားခွင့်ရှိသော ခွင်ံရက်များခံစားခွင့်ပေးရန်။
၃။ အလုပ်ရှင်ဘက် တစ်ကဒ်ဈေးနူန်းကို တိုးပေးရန်။
၄။ အောစူပါ၊ စူပါများမှာ အလုပ်သမားများကို ဆဲဆိုခြင်း၊ ရိုင်းစိုင်းစွာပြောဆိုခြင်း မပြုလုပ်ရန် စတာတွေ ဖြေရှင်းပေးစေလိုတယ်လို့ ပြောပါတယ်။

#MyanmarLabourNews


Related posts

Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026