NEWS

လုပ်အားခ မပေးဘဲ အချိန်ပိုအား မဆင်းဟုဆိုကာ G&B အထည်ချုပ်စက်ရုံ အလုပ်ထုတ်

CoverLogo
510 Views
G&B Manufacturing (Myanmar) အထည်ချုပ်စက်ရုံက အလုပ်သမားတဦးကို အချိန်ပိုအတွက် လုပ်အားခမပေးဘဲ အချိန်ပို မဆင်းလို့ဆိုကာ အလုပ်ကနေ ထုတ််ပယ်ခဲ့တယ်လို့ သိရပါတယ်။
 
စက်ရုံကတော့ ရန်ကုန်မြို့၊ သာဓုကန်စက်မှုဇုန်၊ မဟူရာလမ်းတောင့်မှာရှိပြီး Atlas for men တံဆိပ် ဘောင်းဘီရှည်တွေ ချုပ်လုပ်နေတယ်လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် STUM က ထုတ်ပြန်ထားပါတယ်။
 
Iron ဌာန အမျိုးသားဝန်ထမ်း ကိုကိုချစ် ကို အချိန်ပိုမဆင်းလို့ အလုပ်က ထုတ်ပယ်တဲ့အကြောင်းနဲ့ စက်ရုံမှာ စံချိန်(အာဝါဒီ) မပြည့်ပါက အချိန်ပို အလကားဆင်းပေးရမယ်ဆိုပြီး လိုင်းစူပါနဲ့ အောစူပါက ပြောဆို အလုပ်ထုတ်ပယ်ခဲ့တာလို့ သိရပါတယ်။
 
G&B Manufacturing (Myanmar) စက်ရုံမှာ ကိုကိုချစ် က ဖေဖော်ဝါရီ ၁၄ ရက်ကတည်း နေ့စားလရှင်း ဝန်ထမ်း အဖြစ် လုပ်ကိုင်ခဲ့တာဖြစ်ပြီး မတ်လ ၁၃ ရက်မှာ အချိန်ပို ည ၈ နာရီအထိ လုပ်အားခံမရဘဲ လိုင်းစူပါက လုပ်ခိုင်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အကြောင်းကိစ္စရို့လို့ ကိုကိုချစ် အနေနဲ့ အိုတီမဆင်းနိုင်ဘဲ နေအိမ်ပြန်ခဲ့တာဖြစ်ပါတယ်။
 
အချိန်ပိုလုပ်ကိုင်ဖို့ အလုပ်သမားတဦးအနေနဲ့ လွတ်လပ်တဲ့ ဆန္ဒနဲ့ ရွေးချယ်ခွင့်ရှိပြီး အတင်းအကျပ် ဖိအားပေး ဆင်းခိုင်းတာနဲ့ အချိန်ပို မဆင်းလို့ အလုပ်ထုတ်တာတွေက တည်ဆဲ အလုပ်သမား ဥပဒေ ကို ချိုးဖောက်တာ ဖြစ်တယ်လို့ STUM အဖွဲ့ဝင်တွေက ပြောဆိုထားပါတယ် ။

Related posts

Cover
အိုမန်မှ ပေးစာ
Apr 19, 2025
Cover
မြန်မာအပါအဝင်အထောက်အထားမပြည့်စုံတဲ့ နိုင်ငံခြားသားအလုပ်သမား ၅၀၀ ကျော်အဖမ်းခံရ
Apr 19, 2025
Cover
GYSEN (Myanmar) အလုပ်သမားများ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိ
Apr 12, 2025
Cover
၇ ရက် ဘဏ်စနစ်ဆိုပြီး ဝန်ထမ်းများ နားရက် မရှိ လုပ်ကိုင်ပေးရ
Apr 11, 2025
Cover
Golden Colour Fashion အလုပ်သမားတွေကို ဖိအားပေးလက်မှတ်ထိုးခိုင်း
Apr 11, 2025
Cover
Alpine သောက်ရေသန့် သင်္ကြန်ကာလ အတင်းအကျပ် အချိန်ပို လုပ်ခိုင်း
Apr 11, 2025
Cover
စကြာမင်းတိုင်းရင်းဆေးစက်ရုံကို အလုပ်သမားရုံးကဝင်ရောက်စစ်ဆေးပြီးနောက် ကျူးလွန်သူတွေကို ရာထူးချ အရေးယူခဲ့
Apr 10, 2025
Cover
W8W Beauty Salon ဝန်ထမ်း၂၄ဦး လုပ်ခလစာမရသည့်အပြင် ဆေးကုသ စရိတ် မိသားစုမှ တောင်းခိုင်း
Apr 10, 2025