NEWS

လုပ်ငန်းခွင်မတော်တဆမှုကြောင့် မြန်မာ အလုပ်သမား ၃ ဦး  မျက်လုံးကွယ်ခဲ့ရပြီး စက်ရုံက နစ်နာကြေးမပေးဟုဆို

CoverLogo
74 Views

ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်၊ လယောင်မြိုSKY (သံရုံ)မှာ အလုပ်  လုပ်ကိုင်နေတဲ့မြန်မာလုပ်သမား (၃)ဦး မှာ လုပ်ငန်းခွင် အတွင်း မတော်တဆထိခိုက်မှုကြောင့် မျက်လုံးကွယ်သည်အထိ ဖြစ်ခဲ့ပေမယ့် အလုပ်ရှင်ဘက်က နစ်နာကြေးမပေးဘဲ တာဝန်ယူမှုမရှိဘူးလိုထိုင်းရောက်မြန်မာအလုပ်သမားရေးဆောင်ရွက်ပေးတဲ့ WAG အလုပ်သမား မဟာမိတ်အဖွဲထံကသိရပါတယ်။

၎င်းတို ၃ ဦး မှာ   SKY သံရုံ မှာ  လုပ်နေစဉ် အလုပ်ချိန်အတွင်း နံရံကိုသံရိုက်ရာမှာ  သံစလွင့်ထွက်ပြီးမျက်လုံးကို လာမှန်ရာမှ ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်တယ် လိုဆိုပါတယ်။

အခုလို  ထိခိုက်ခဲ့တဲ့ အတွက် မြန်မာအလုပ်သမားဖြစ်သူ ကိုဖြိုးကိုကိုအောင်(CI)စာအုပ်ရှိသူနဲ့ကိုရှင်းထက်နိုင်မင်း(အထောက်အထားမရှိ)သူတိုမှာ ညာဘက်မျက်လုံး တွေ ထုတ်ပစ်လိုက်ရပြီး ကိုတင်ဇာ်ဦး(CI)စာအုပ်ရှိသူမှာ ဘယ်မျက်လုံး ထိခိုက်မိပြီး မျက်စီအမြင်အာရုံကွယ်သွားတယ်လို  သိရပါတယ်။

အဆိုပါ ၃ ဦးစလုံးရဲ့  ဆေးကုသစရိတ်ကို ပကန်စံခွန်(လူမှုဖူလုံရေး)ဖြင့်ရှင်းထားကာ  ဆုံးရှုးနစ်နာမှု အတွက်ကိုတော့ စက်ရုံမှတာဝန်ခံမှု တာဝန်ယူမှု မရှိတဲ့ အတွက် စက်တင်ဘာ၂၃ ရက်နေ့မှာ WAG -အလုပ်သမား မဟာမိတ် ထံ အကူညီတောင်းခံလာတယ်လို သိရပါတယ်။

လုပ်ငန်းခွင် မတော်တဆ မှုကြောင့် ထိခိုက် ဆုံးရှုးနစ်နာခဲ့တဲ့ မြန်မာအလုပ်သမား ၃ဦး  ရဲ့ ရသင့် ရထိုက်သည့် နစ်နာကြေးများပြန်လည်ခံစားနိုင်ရန်အတွက်  WAG -အလုပ်သမား မဟာမိတ်အဖွဲက ဖြေရှင်းပေးသွားမယ်လိုသိရပါတယ်။


Related posts

Cover
ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာအလုပ်သမား ၁၂၀ ကျော်ကို မြန်မာဘက်သို့ ပြန်ပို့
Sep 27, 2024
Cover
ကိုရင်တစ်ပါးရိုက်နှက်နှိပ်စက်ခံရပြီး ပျံလွန်တဲ့ အပေါ်ဝေဖန်မှုများမြင့်တက်နေ
Sep 25, 2024
Cover
29 ရွှေဆိုင်မှာ စရံငွေ ၂ သိန်းပေး အလုပ်လုပ်ရပြီး  စရံပြန်တောင်းလျှင်ခြိမ်းခြောက်ခံရဟုဆို
Sep 25, 2024
Cover
ထိုင်းနိုင်ငံရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် မှ တရားမဝင် မြန်မာအလုပ်သမား ၂၆၀ ကျော် အဖမ်းခံရ
Sep 25, 2024
Cover
လုပ်အားခမရှင်းပေးဘဲ ခိုင်းစေနေလို့ မြန်မာအလုပ်သမားတွေ ဒုက္ခရောက်နေ
Sep 24, 2024
Cover
အထောက်အထားမဲ့ရွှေ့ပြောင်းလုပ်သားဖမ်းဆီးမှုရက် ၁၀၀ ကျော်မှာ မြန်မာ၂ သိန်းနီးပါးအဖမ်းခံရ
Sep 24, 2024
Cover
မြန်မာရွှေ့ပြောင်းအလုပ်သမားများစွာ ထိုင်းနိုင်ငံ အတွင်း ဝင်ရောက်လာတဲ့အပေါ် ထိုင်းနိုင်ငံသားအချို့ ဆန္ဒပြ
Sep 24, 2024