NEWS

ဧပြီ ၈ ရက်မှစပြီး OWIC ကတ်များ ပြန်လည် ဆောင်ရွက်ပေးမည်ဟုဆို

CoverLogo
710 Views
 
ပြည်ပကို တရားဝင် အလုပ်ဖြင့်သွားရောက်မယ့် လုပ်သားတွေ အတွက် ပြည်ပအလုပ်အကိုင် အလုပ်သမားသတ်သေခံကတ် OWIC ကို လာမယ့် ဧပြီ ၈ ရက် က စပြီးပြုလုပ်ပေးသွားမယ်လို့ အလုပ်သမားဝန်ကြီးဌာနရဲ့ တရားဝင် တယ်လီဂရမ်ဖြစ်တဲ့ Safe Migration ကနေ ‌အသိပေးကြေညာထားပါတယ်။
ပြီးခဲ့တဲ့ဖေဖေါ်ဝါရီ လ ဒုတိယအပတ်ကတည်းက OWIC ကတ် ထုတ်ပေးတဲ့ ရုံးတွေ ကို ကြိုတင်အကြောင်းကြားမှုမရှိဘဲ ယာယီပိတ်ခဲ့ပြီး နောက် ဧပြီ ၈ရက် နေ့မှာ ပြန်လည်ဆောင်ရွက်ပေးမယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။
OWIC ကတ် ပြုလုပ်ခွင့် ကိုလည်း ယခင် မတ်လ ၁၈ရက်က စပြီး သတ်မှတ်ထားတဲ့ စာရွက်စာတမ်း အချက်အလက် တွေ ကို စာတိုက်ကနေတစ်ဆင့် နေပြည်တော် အလုပ်သမားရုံးချုပ်ကို ပြုလုပ်ခွင့်တောင်းခံရခြင်း ဖြစ်ကာ လက်ရှိမှာ OWIC ပြုလုပ်ခွင့်ပြုသည့်စာရင်းများကိုလည်း ဖော်ပြထားပြီး ဧပြီ ၈ရက် နေ့မှာ ပြုလုပ်ပေးမယ်လို့ သိရပါတယ်။
Safe Migration ရဲ့ ကြေညာချက်နဲ့ခွင့်ပြုစာရင်း မှာတော့ မိမိအစီအစဉ်ဖြင့် ကျွမ်းကျင်လုပ်သား အဖြစ် ပြည်ပ သို့ သွားရောက် အလုပ်လုပ်မယ့် သူတွေ အတွက် သင်တန်း တက်ရောက်ခွင့်ကို ဧပြီ ၇ရက်မှာ ခွင့်ပြုထားပြီး သင်တန်းတက်ရောက်ပြီးပါက ဧပြီ ၈ရက်မှာ OWIC ကတ် ပြုလုပ်ရမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မိမိအစီစဉ် ဖြင့် ခွင့်ပြန် လုပ်သား အဖြစ် ပြည်ပ ပြန်လည် သွားရောက် အလုပ်လုပ်ကိုင်မယ့်
သူတွေရဲ့ အမည် စာရင်းကို ဖေါ်ပြထားပြီး ၎င်းစာရင်းပါရှိသူတွေဟာ ဧပြီ ၈ရက် နေ့မှာ OWIC ကတ်ပြုလုပ်ရမယ်လို့ ကြေညာထားပါတယ်။
ငလျင် ဒဏ်ကြောင့် အခက်အခဲ အကြပ်အတည်းများ၊ ပူပင်သောကများကြားမှ ရွှေ့ပြောင်းလုပ်သားများအဆင်ပြေချောမွေ့စေရေးအတွက် အပတ်စဉ် တစ်ပတ်လျှင် တစ်ကြိမ်နှုန်းနဲ့ စိစစ်ခွင့်ပြုနိုင်ရေး ကြိုးစားဆောင်ရွက်သွားမယ်လို့ လည်း အလုပ်သမားဝန်ကြီးဌာနက အသိပေးထားပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026