NEWS

ဘန်ကောက်ရှိ အစိုးရငွေစာရင်းစစ်ချုပ်ရုံးပြိုကျ ပိတ်မိနေသူများ တွင် မြန်မာရွှေ့ပြောင်းလုပ်သား၂၄ ယောက် ပါဝင်

CoverLogo
298 Views
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့တဲ့ ထိုင်းအစိုးရ ငွေစာရင်းစစ်ချုပ်ရုံး အဆောက်အဦးဆောက်လုပ်ရေးလုပ်ငန်းခွင် ထဲ တွင် ပိတ်မိနေသူတွေ ထဲ မှာ မြန်မာရွေ့ပြောင်း အလုပ်သမား ၂၄ဦး ပါဝင်တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ ကြေညာချက်အရသိရပါတယ်။
၎င်း ဆောက်လုပ်ရေး လုပ်ငန်းခွင် ထဲ မှာ ငလျင်လှုပ်ပြီး အဆောက်အဦးပြိုကျချိန် ပိတ်မိခဲ့သူတွေ မှာ ဧပြီ ၁ရက် အထိ ၈၃ ယောက်ရှိပြီး ထိုင်းနိုင်ငံသား ၅၅ယောက်၊ ကမ္ဘောဒီးယား နိုင်ငံသား ၃ယောက်၊မြန်မာရွှေ့ပြောင်းလုပ်သား ၂၄ယောက်နဲ့ လာအို နိုင်ငံသား ၁ယောက်တ်ို့ ပါဝင်ခဲ့တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ကြေညာထားပါတယ်။
အဆောက်အဦး ပြိုကျတဲ့အထဲ သေဆုံးသူ ၁၅ ယောက်ထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ ယောက် ပါဝင်ပြီး ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား၈ဦးရှိတယ်လို့ သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အလုပ်သမားဝန်ကြီးဌာန မှ လည်း အဆောက်အဦးပြိုကျခဲ့တဲ့နေရာသို့ လာရောက်ပြီး အသက်မသေဘဲ လွတ်မြောက်လာတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားများ၊ မိသားစုဝင်များ နဲ့ တွေ့ဆုံ ကာ နှစ်သိမ့်အားပေးစကားပြောခြင်း၊ ပြင်ထန်ဒဏ်ရာရတဲ့ မြန်မာလုပ်သမား တွေ ကို သွားရောက်တွေဆုံကာ မိသားစုတွေ နဲ့ ဆက်သွယ်ပေးခြင်းတွေ ကိုဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အလုပ်သမားတွေရဲ့ နစ်နာမှုတွေ အတွက် ဥပဒေနဲ့အညီ ဆက်လက်ကူညီဆောင်ရွက်ပေးသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရNUG အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026