NEWS

ရွှေ့ပြောင်းအလုပ်သမားတွေကို အထောက်အထားစာရွက်စာတမ်းတွေ ပြုလုပ်ပေးမယ်ဆိုကာ ငွေကြေးလိမ်လည်တဲ့ပွဲစားကိုတိုင်ကြား

CoverLogo
206 Views

ထိုင်းနိုင်ငံ ချွန်ဘူလီ စီလချာ မြို့တွင် အထောက်အထားမပြည့်စုံတဲ့ မြန်မာအလုပ်သမားတွေ ကို အထောက်အထားစာရွက်စာတမ်းတွေပြုလုပ်ပေးမယ် ဆိုကာ ငွေကြေး လိမ်လည်သွားတဲ့ ပွဲစားကို မြို့နယ်ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားတယ်လို့အလုပ်သမားအရေးဆောင်ရွက်ပေးနေတဲ့ WAG မဟာမိတ်အဖွဲ့ ထံ မှ သိရပါတယ်။

ပွဲစားဆိုသူ မြန်မာနိုင်ငံသားက မြန်မာအလုပ်သမား ၁၀ ဦး ထံမှ ဘတ်၁၃၀၀၀ နဲ့အတူ ပါတ်စပို့စာအုပ်တွေကို ယူသွားပြီး စာရွက်စာတမ်း ကိစ္စ ဆက်မလုပ်ပေးဘဲ နေ့ည ရွှေ့နေတဲ့ အတွက် အလုပ်သမားတွေက WAG အလုပ်သမားမဟာမိတ်အဖွဲ့ ကိုဖြေရှင်းပေးဖို့ အကူညီတောင်းခံခဲ့ရာ ဩဂုတ် ၁၄ ရက်က အလုပ်သမားတွေနဲ့အတူ စီလချာ နောင်ခမ်း ပုလိပ်ရုံး တွင် ပွဲစားရဲ့ ပတ်စပို့နဲ့ ဘဏ်စာအုပ် နံပတ်အချက်အလက် ကိုယူဆောင်ကာ သွားရောက် အမှုဖွင့်ခဲ့တယ်လို့ သိရပါတယ်။

အခုလို အမှု ဖွင့်ခဲ့တဲ့ အတွက်ဩဂုတ်လ ၁၉ ရက်မှာ ယင်းပွဲစားက ပလိပ်ရုံးကို လာရောက်ပြီး အလုပ်သမားတွေရဲ့ ပတ်စပို့ ကိုပြန်လည်ပေးကြောင်းသိရပါတယ်။

"ပိုက်ဆံ ပြန်မပေးသေးတဲ့ အတွက် အမှုကိုတော့ ပြန်မပိတ်သွားသေးဘူး နောက်ဆို ပွဲစားနဲ့ အလုပ်စမတ် မယ်ဆိုရင် အရင်ဆုံး ပွဲစားရဲ့ ပါတ်စပို့ ဘဏ်နံပတ် အချက်အလက်အရင်တောင်းပါ ဘဏ်နံပါတ်ထဲက နာမည်နဲ့ ပတ်စပို့ ထဲက နာမည်တူ မှ ငွေလွှဲပေးကြပါ ပွဲစားရဲ့ အချက်အလက်အပြည့်စုံယူထားမှ ငွေလိမ်လည်ခံရတဲ့ အခါ အခုလိုမျိုး အမှုဖွင့်တိုင်ကြားရတာ လွယ်ကူပါတယ်""လို့ WAG မဟာမိတ်အဖွဲ့ မှတာဝန်ရှိသူကပြောပါတယ်။

ယခုကဲ့သို့ ထိုင်းရောက် အထောက်ထားမပြည့်စုံတဲ့ မြန်မာအလုပ်သမားတွေကိုပွဲစားတွေ က စာရွက်စာတမ်းပြုလုပ်ပေးမယ်ဆိုကာ လိမ်လည်တာ တွေ မကြာခဏ ဖြစ်ပွားလျက်ရှိတယ်လို့ သိရပါတယ်။


Related posts

Cover
PJ Workers Must Apply for Departure Permission 5 Days in Advance Starting Today
Apr 20, 2025
Cover
အထောက်အထားမရှိဘဲ အလုပ်လုပ်တဲ့ မြန်မာ ၇ ဦး ဖမ်းဆီးခံရ
Apr 20, 2025
Cover
CI ရုံးတွေ  မကြာခင်ဖွင့်လှစ်တော့မယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်
Apr 19, 2025
Cover
အွန်လိုင်းမှ ထိုင်းဘာသာစကားသင်ကြားပေးသော မြန်မာတစ်ဦးကို ထိုင်းရဲဖမ်းဆီး
Apr 19, 2025
Cover
မြန်မာအပါအဝင်အထောက်အထားမပြည့်စုံတဲ့ နိုင်ငံခြားသားအလုပ်သမား ၅၀၀ ကျော်အဖမ်းခံရ
Apr 19, 2025
Cover
ဘန်ကောက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းမှ မြန်မာလုပ်သား ၃၀ ကျော် လုပ်အားခမရ လို့ အလုပ်ရှင်ကို တိုင်ကြား
Apr 12, 2025
Cover
ထိုင်းရောက် မြန်မာအလုပ်သမားတွေ သင်္ကြန်ကာလ နေရပ်ပြန်သူ အလွန်နည်းပါး
Apr 12, 2025
Cover
ရုရှားသို့ တတိယအကြိမ်အဖြစ် မြန်မာလုပ်သား ၂၇ဦး စေလွှတ်
Apr 10, 2025