NEWS

ထိုင်းရောက် မြန်မာအလုပ်သမားတွေ သင်္ကြန်ကာလ နေရပ်ပြန်သူ အလွန်နည်းပါး

CoverLogo
464 Views
 
ထိုင်းနိုင်ငံ မှာ ရောက်ရှိနေတဲ့ မြန်မာအလုပ်သမားတွေဟာ နှစ်စဥ်သင်္ကြန်ကာလ မှာ မြန်မာနိုင်ငံ ကို အလည်ပြန်သူ များပြားပေမယ့် ယခုနှစ်သင်္ကြန်ကာလ မှာတော့ နေရပ်ကို ပြန်သူ အလွန်နည်းတယ်လို့ ထိုင်းရောက်မြန်မာအလုပ်သမားတွေနဲ့ အလုပ်သမားအရေးကူညီနေသူတွေထံက သိရပါတယ်။
ထိုင်းအစိုးရမှ သင်္ကြန်ကာ လ အလုပ်ပိတ်ရက်မှာ ထိုင်းနိုင်ငံရှိ နိုင်ငံခြားသား ရွှေ့ပြောင်း အလုပ်သမားတွေ နေရပ်ကို အလည်ပြန် နိုင်ဖို့ အတွက် ပြန်လည်ဝင်ရောက်ခွင့်ဗီဇာ (RE ENTRY) ကို ဧပြီ၁ရက်မှ မေလ ၁၅ ရက်အထိ အခမဲ့ ခွင့်ပြု ထားပေးပါတယ်။
ထိုင်းရှိ စက်ရုံ အလုပ်ရုံ တွေ ကလည်း သင်္ကြန်ပိတ်ရက် ကို အနည်းဆုံး ၅ ရက်မှ ၁၅ ရက်အထိ အားလပ်ရက် ပေးထားတယ်လို့ အလုပ်သမားတွေထံ မှ သိရပါတယ်။
ဒါကြောင့် ထိုင်းရောက် ကမ္ဘေဒီးယား၊ လာအို စတဲ့ နိုင်ငံခြား လုပ်သားတွေ နေရပ်ပြန်သူ များပေမယ့် မြန်မာနိုင်ငံသားတွေကတော့ အလွန်နည်းနေတယ်လို့ ဆိုပါတယ်။
""ဗီဇာ အဝင် အထွက် တုံးက ပေးရမယ်ဆိုရင် ဘတ် ၃၀၀၀ လောက်ကျမယ် ဒါကို ထိုင်းအစိုးရက သင်္ကြန်ကာလ နေရပ်ပြန်ဖို့ ဖရီး ပေးထားတာ အရင်နှစ်တွေ အထိ မဲဆောက်_မြဝတီ အမှတ် ၁ တံတား မှာဆို နေရပ်ပြန်တဲ့ မြန်မာတွေ ရဲ့ လူတန်းကြီးက ရာချီ ကို သင်္ကြန်မကျခင် တစ်ရက်လောက် အထိ နေ့တိုင်းပြန် နေတာ အခု နှစ်တော့ ကားပေါ်မှာ နှစ်ယောက် ၊သုံးယောက် လောက် ပဲ တွေ့တယ် ပုံမှန် သွားနေကျသူလောက်ပဲရှိတယ် ""လို့ မြန်မာအလုပ်သမားရေးကူညီပေးသူတစ်ဦးကပြောပါတယ်။
အခုလို ထိုင်းရောက် မြန်မာအလုပ်သမားတွေ သင်္ကြန်ကာလ နေရပ် ပြန်တာ အလွန် နည်းသွားတာဟာ မြန်မာနိုင်ငံ အတွင်း စစ်အာဏာသိမ်းမှုနဲ့ အတင်းအဓမ္မစစ်မှုထမ်းခိုင်းစေခြင်းတို့ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
"" ပိတ်ရက် မှာတော့ ကိုယ့်မိသားစု ကိုယ့်နေရပ်ကို ပြန်ချင်ကြတာပေါ့ အခုက စစ်မှုထမ်းဖို့ အတင်းခေါ်ခံရတာတွေကြောက်တာရယ် တချို့ကျတော့ လည်း စစ်ဘေးကြောင့် ပြန်စရာ မရှိတော့ တာရယ် အခုငလျင်ဘေး တွေ ဖြစ်နေတော့ မိသားစုကို လွမ်းပေမယ့် စားဝတ်နေရေး က ထိုင်းဘက်မှာ အလုပ်လုပ်နိုင်မှ မိသားစု အဆင်ပြေ မှာ လေ အဲ့တော့ လွမ်းရေးကိုထားပြီး ဝမ်းရေး အတွက် သည်းခံရတာပေါ့ ""လို့ ထိုင်းရောက်မြန်မာအလုပ်သမားတစ်ဦးက မှတ်ချက်ပြောပါတယ်။
စစ်ကောင်စီရဲ့ အတင်းအဓမ္မစစ်မှုထမ်းခေါ်ဆောင်တာတွေ အလုပ်သမားတွေကို ပြည်ပထွက်ခွင့် ကန့်သက်ပိတ်ပင်တာတွေ ပြုလုပ်နေတဲ့ အတွက် ယခုနှစ် သင်္ကြန်ကာလ ကို ထိုင်းရောက်မြန်မာအလုပ်သမားတွေ အနေနဲ့ နေရပ်မပြန်ကြဖို့ အလုပ်သမားရေးကူညီသူတွေက နှိုးဆော်တာတွေ လည်းရှိပါတယ်။
လက်ရှိမှာ ထိုင်းနိုင်ငံ အတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား ၆ သန်းလောက် နေထိုင် အလုပ်လုပ်ကိုင်လျက်ရှိတယ်လို့ သိရပါတယ်။

Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026