NEWS

အထောက်အထားမရှိဘဲ အလုပ်လုပ်တဲ့ မြန်မာ ၇ ဦး ဖမ်းဆီးခံရ

CoverLogo
344 Views
 
ချင်းမိုင်ရှိ တရုတ် စားသောက်ဆိုင်မှာ အလုပ်လုပ်နေတဲ့ အထောက်အထားမဲ့ မြန်မာ အလုပ်သမား ၇ ဦး ကို ထိုင်းအာဏာပိုင်တွေက ဧပြီ ၁၈ ရက် ညပိုင်းက ဖမ်းဆီးခဲ့တယ်လို့ ချင်းမိုင် ခရီးသွားရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
 
၎င်းစားသောက်ဆိုင် မှာ တရားမဝင် နိုင်ငံခြား သား အလုပ်သမား အသုံးပြုနေတယ်လို့ သတင်းရရှိတဲ့ အတွက် ဝင်ရောက် စစ်ဆေးခဲ့ရာမှာ အထောက်အထားမပြည့်စုံတဲ့ မြန်မာအလုပ်သမား ၇ ဦး ကို့ စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
 
ဒါ့အပြင် စားသောက်ဆိုင် ကို ထိုင်းနိုင်ငံသား အမည်ခံထား ပြီး တရုတ်နိုင်ငံသား လုပ်ငန်းရှင် လုပ်ဆောင် တာမျိုး သံသယ ရှိတဲ့ အတွက် ဆိုင်နောက်ကွယ်မှ ထိုင်းနိုင်ငံသားနဲ့ တရုတ်နိုင်ငံသား တို့ကို ဆက်လက် စုံစမ်း စစ်ဆေးသွားမယ်လို့ ချင်းမိုင်ခရီးသွားရဲတပ်ဖွဲ့ ထုတ်ပြန်ထားပါတယ်။
 
တရုတ်စားသောက်ဆိုင်မှ မြန်မာ လုပ်သား ၇ဦး အပါအဝင် သံသယရှိသူ အားလုံးကို ချင်းမိုင်မြို့ရဲစခန်းသို့ ပို့ဆောင်ကာ ဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။
 
ချင်းမိုင်ခရိုင် ၊ မိုင်းယော်ခရိုင်၊ ဟိုင်ယာလမ်း နန့်ထရမ်လမ်းတို့မှာ အထောက်အထားမပြည့်စုံတဲ့ နိုင်ငံခြားသားလုပ်သားတွေ အသုံးပြုနေတယ်လို့ ခရီးသွားရဲတပ်ဖွဲ့က သံသယ ရှိနေကာ ထိုင်းနိုင်ငံသားတွေ အနေနဲ့ ဥပဒေဖောက်ဖျက်တဲ့ နိုင်ငံခြားသား တွေ ကို တွေ့ရှိပါက ခရီးသွားရဲတပ်ဖွဲ့ ရဲ့ Hot Line ဖုန်းနံပတ်ကို ဆက်သွယ်တိုင်ကြားနိုင်တယ် လို့ လည်း ချင်းမိုင်ခရီးသွားရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Photo-PR Chiangmai

Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026