NEWS

အွန်လိုင်းမှ ထိုင်းဘာသာစကားသင်ကြားပေးသော မြန်မာတစ်ဦးကို ထိုင်းရဲဖမ်းဆီး

CoverLogo
455 Views

ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင်မှာ   အခငွေကြေးဖြင့် အွန်လိုင်းမှ တစ်ဆင့်  ထိုင်းဘာသာစကားသင်ကြား ပေးတဲ့  မြန်မာ ဆရာမ တစ်ဦး ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ထိုင်းဒေသတွင်းသတင်းတွေအရသိရပါတယ်။ 

 

ဧပြီ ၁၉ ရက် နေ့ က မြို့နယ်လူဝင်မှုကြီးကြပ်ရေးနဲ့ရဲတပ်ဖွဲ့တွေက   သင်ကြားပေးတဲ့  မြန်မာ ဆရာမ ရဲ့ နေထိုင်ရာနေရာသို့ ဝင်ရောက် စစ်ဆေး ပြီး ဖမ်းဆီးခဲ့တာ ဖြစ်တာ ဖြစ်တယ်လို့ သိရပါတယ်။ 

 

ထိုင်းဘာသာစကားသင်ကြားရာ တွင် လူမှုကွန်ယက်  Facebook နဲ့ ZOOM တို့ကနေတစ်ဆင့် သင်ကြားပေးပြီး သင်တန်းကြေး အဖြစ် သင်တန်းသားတစ်ဦး ကို ဘတ် ၁၅၀၀ ပေးရတယ်လို့ သိရပါတယ်။ 

 

ထိုင်းရဲ များ စစ်ဆေးစဉ် စာသင်ကြားသူ မှာ  နေထိုင် အလုပ်လုပ်ခွင့် အထောက်အထား ပြည့်စုံသော်လည်း အခကြေးငွေဖြင့် စာသင်ကြားခွင့်မရှိတဲ့ အတွက် အလုပ်လုပ်ကိုင်ခွင့်ပါမစ်မရှိဘဲ အလုပ်လုပ်ခြင်း သို့မဟုတ် လုပ်ပိုင်ခွင့်ပြင်ပတွင် အလုပ်လုပ်ကိုင်ခြင်း တို့ဖြင့် စွဲချက်တင် ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ 

 

လက်ရှိတွင် ပြစ်မှုကျူးလွန်သူ မြန်မာနိုင်ငံသား စာသင်ကြားသူ အမျိုးသမီး ကို ထိုင်းဥပဒေအရ တရားစွဲဆို ပြီး ထိုင်းနိုင်ငံ အတွင်း ဆက်လက်နေထိုင်ခွင့်ကို ရုတ်သိမ်းသွားမယ်လို့ ထိုင်းအစိုးရက ထုတ်ပြန်ထားပါတယ်။ 

 

နိုင်ငံခြားသားများရဲ့ အလုပ်အကိုင် စီမံခန့်ခွဲမှုဆိုင်ရာ ဘုရင့် အမိန့်ဥပဒေ BE 2560  ပုဒ်မ ၈ အရ နိုင်ငံခြားသားများသည် အလုပ်လုပ်ကိုင်ခွင့်ပါမစ်မရှိဘဲ အလုပ်လုပ်ကိုင်ခြင်း သို့မဟုတ် မိမိတို့လုပ်ပိုင်ခွင့်ပြင်ပတွင် အလုပ်လုပ်ကိုင်ခြင်းကို တားမြစ်ထားကာ ဥပဒေကို ချိုးဖောက်ပါက ဘတ် ၅၀၀၀ မှ ဘတ် ၅၀၀၀၀ အထိ ဒဏ်ငွေချမှတ်ခံရမှာဖြစ်သလို  ပုဒ်မ ၁၀၁ နှင့် ပုဒ်မ ၉ အရ နိုင်ငံခြားသားအား နေရပ်သို့  အမြန်ဆုံးပြန်ပို့မယ်လို့စမုစခွန်ရဲတပ်ဖွဲ့မှူးက  ပြောကြားပါတယ်။ 

 

နောက်တစ်ကြိမ် ထပ်မံ   ကျူးလွန်ပါက ထောင်ဒဏ်တစ်နှစ်ထက်မပိုသော ပြစ်ဒဏ် သို့မဟုတ်  ခန့်ထားသော နိုင်ငံခြားသားတစ်ဦးလျှင် ဘတ် ၅၀၀၀၀ မှ ဘတ်၂၀၀၀၀၀ အထိ ဒဏ်ငွေ သို့မဟုတ် နှစ်မျိုးလုံး ချမှတ်ခံရမည့် အပြင်   တရားရုံးက   စီရင်ချက်ချသည့်နေ့မှစ၍ အလုပ်ရှင်အနေဖြင့် နိုင်ငံခြားသားအား အလုပ်ခန့်ထားခြင်းကို သုံးနှစ်အထိ တားမြစ်ခံရမယ်လို့သိရပါတယ်။ 

 

ယခု ဖြစ်စဉ်နဲ့ ပက်သက်ပြီး အွန်လိုင်းမှ တစ်ဆင့်စာသင်ကြားနေတဲ့ ထိုင်းရောက်မြန်မာနိုင်ငံသားတွေ သတိထားကြ ဖို့ မြန်မာနိုင်ငံသားအချင်းချင်း အသိ ပေးတာတွေ ပြုလုပ်လျက်ရှိတာတွေ့ရပါတယ်။ 

 

Ref-กาคาบข่าว ออนไลน์ 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026