NEWS

ရုရှား သို့ မြန်မာလုပ်သား ၂၄ ဦး စစ်ကောင်စီ စတင်စေလွှတ်

CoverLogo
216 Views

ရုရှား နိုင်ငံ မှာ အလုပ် လုပ်ကိုင်ဖို့ အတွက် မြန်မာအလုပ်သမား ၂၄ဦး ကို Pilot Project အနေနဲ့ စစ်ကောင်စီရဲ့ အလုပ်သမား ဝန်ကြီးဌာနက မတ်လ ၅ ရက် နေ့က စေလွှတ်လိုက်တယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။ 

ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီဖြစ်တဲ့ Vista International Co.,Ltd ရဲ့ အစီအစဉ်ဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Joint-Stock Company ‘Inturd’ Co., Ltd သို့ ကျွမ်းကျင်မြန်မာလုပ်သား ၅၄ ဦးအနက် ကနဦးအစီအစဉ်အနေနဲ့ လုပ်သား ၂၄ ဦးအား Pilot Project ဖြင့် စေလွှတ်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

၎င်းအလုပ်သမားတို့ကို ဖေဖော်ဝါရီ ၂၈ ရက် မှာ အလုပ်ရှင်၊ အလုပ်သမားအလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုခြင်း၊ မတ် ၃ ရက် နေ့မှာ ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်း သင်ကြားပို့ချခြင်းနဲ့ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) ပြုလုပ်ပေးခဲ့ပြီး မတ်လ ၅ရက်နေ့မှာ ရုရှားနိုင်ငံကိုစေလွှတ်ခဲ့တယ်လို့ဆိုပါတယ်။ယခုသွားရောက်တဲ့ မြန်မာအလုပ်သမား၂၄ဦး ဟာ မည်သည့်လုပ်ငန်း မှာ လုပ်ကိုင်မယ်ဆိုတာကိုတော့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားတာမရှိပါဘူး။

စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနနဲ့ ရုရှားဖက်ဒရေး ရှင်းနိုင်ငံအလုပ်သမားနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးဝန်ကြီးဌာနတို့အကြား အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ခြင်း ဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိပေမယ့် လက်ရှိမှာ MoU လက်မှတ်ရေးထိုးရခြင်း မရှိသေးဘူးလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

Myanmar Labour News ရဲ့ နောက်ဆုံးရအလုပ်သမားရေးရာ သတင်းတွေကို
အပလီကေးရှင်း - https://bit.ly/3oNDLga
ဝက်ဘ်ဆိုက် - https://www.myanmarlabournews.com
တယ်လီဂရမ် - https://t.me/myanmarlabournews တွေမှာလည်း ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။


Related posts

Cover
CI ရုံးတွေ  မကြာခင်ဖွင့်လှစ်တော့မယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်
Apr 19, 2025
Cover
အွန်လိုင်းမှ ထိုင်းဘာသာစကားသင်ကြားပေးသော မြန်မာတစ်ဦးကို ထိုင်းရဲဖမ်းဆီး
Apr 19, 2025
Cover
မြန်မာအပါအဝင်အထောက်အထားမပြည့်စုံတဲ့ နိုင်ငံခြားသားအလုပ်သမား ၅၀၀ ကျော်အဖမ်းခံရ
Apr 19, 2025
Cover
ဘန်ကောက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းမှ မြန်မာလုပ်သား ၃၀ ကျော် လုပ်အားခမရ လို့ အလုပ်ရှင်ကို တိုင်ကြား
Apr 12, 2025
Cover
ထိုင်းရောက် မြန်မာအလုပ်သမားတွေ သင်္ကြန်ကာလ နေရပ်ပြန်သူ အလွန်နည်းပါး
Apr 12, 2025
Cover
ရုရှားသို့ တတိယအကြိမ်အဖြစ် မြန်မာလုပ်သား ၂၇ဦး စေလွှတ်
Apr 10, 2025
Cover
ပျောက်ဆုံးနေတဲ့ မြန်မာလုပ်သား ၁၈ ဦးရဲ့ မိသားစုဝင် တွေနဲ့ ဆက်သွယ်မှု မရသေးဟုဆို
Apr 10, 2025
Cover
ခြေထောက်ရောင်ရမ်းနေသည့် အိမ်အကူအား လျှော်ကြေး သိန်းတရာနီးပါး အိုမန်နှင့် မြန်မာအေးဂျင့်တောင်း
Apr 09, 2025