NEWS

ခြေထောက်ရောင်ရမ်းနေသည့် အိမ်အကူအား လျှော်ကြေး သိန်းတရာနီးပါး အိုမန်နှင့် မြန်မာအေးဂျင့်တောင်း

CoverLogo
223 Views
Myanmar Labour News ကို အကူအညီတောင်းပါတယ်။
ညီမက တောင်ဥက္ကလာက ပါ။
အွန်လိုင်းကနေ အေးဂျင့် နဲ့ စကားပြောဖြစ်ပြီး အိုမန်ကို အကြွေးစနစ်နဲ့ ပို့ပေးမယ်ဆိုပြီး ဆွယ်ပါတယ်။ အဲဒီ အေးဂျင့်က ရန်ကုန်တိုင်းထဲက ဝက်ကိုက်ကျေးရွာမှာနေပါတယ်။ အကြွေးကို လအလိုက် ခွဲဆပ်၊ လစာကတော့ အိုမန်ငွေ ၁၁၀ ရမယ်လို့ ပြောပါတယ်။
ဒါနဲ့ ၂၀၂၄ ဒီဇင်ဘာမှာ ရန်ကုန်ကနေထွက်လာပြီး အိုမန်နိုင်ငံကို ရောက်ပါတယ်။ ရောက်ပြီး နှစ်ရက်နေတော့ အိမ်ရှင်လာခေါ်ပါတယ်။ အိမ်ရှင်လာခါနီး စာချုပ်မှာ လက်မှတ်ထိုးခိုင်းတော့ စာချုပ်ကို ဖတ်ချိန်မရဘဲ လက်မှတ်ထိုးလိုက်ရပါတယ်။
အိမ်ရှင်လာခေါ်တော့ လိုက်သွားရပါတယ်။ စရောက်တာနဲ့ မထိုင်ရပဲ မီးပူတိုက်ရတာ ၃နာရီလောက်ကြာပါတယ်။ ပြီးတော့ ထမင်းဟင်းချက်၊ အဝတ်လျော်၊ အိမ်သန့်ရှင်းရေးလုပ်ရပါတယ်။ အိမ်ရှင်က လုံးဝအနားမပေးပါဘူး။
ရောက်ပြီး နှစ်ပတ်လောက်မှာ အဝတ်လှန်းရင်း ခြေထောက်ပေါ်အုတ်ခဲ ပြုတ်ကျပြီး လမ်းမလျှောက်နိုင်အောင် ဖြစ်ခဲ့ပါတယ်။ အဲလို ဒဏ်ရာရနေတာကို ၃လွှာထိ ရအောင်တက် ခိုင်းပါတယ်။ အပေါ်ရောက်တော့ မလှုပ်နိုင်တော့မှ ထိုင်နေခိုင်းပါတယ်။
ခြေထောက်ဖြစ်ကတည်းက ထမင်းမစားရတာ ၃ရက်မြောက်နေ့မှာတော့ အစာအိမ်နာ အန်တော့ အေးဂျင့်ရုံးကို အိမ်ရှင်က ပြန်ပို့ပါတယ်။ ရုံးကကျွန်မကို ပြောဆိုတဲ့အပြင် ကျွန်မပေါ့ လျော့လို့ ဖြစ်တာဆိုပြီး ပြောဆိုကာ ကျွန်မလုပ်အားခ ၁လစာ မပေးဘဲ နေပါတယ်၊
ဒါနဲ့ တင် မပြီးပါဘူး။
အလုပ်မလုပ်နိုင်ရင် ပိုက်ဆံလျော်မှ မြန်မာပြည်ပြန်ရမယ်ဆိုပြီး အေးဂျင့်က ညီမကို ခေါ်ပြောပါတယ်။
ခြေထောက်ကိုဆေးမကုဘဲ တပတ်လောက် အနားပေးပြီးတာနဲ့ အေးဂျင့်က မသက် သာသေးဘူးလားဆိုပြီး အလုပ် မလုပ်နိုင်လည်း လုပ်ရမယ်ဆိုပြီး ခေါ်ပြောပါတယ်။ ညီမမှာ ဆေးတွေဝယ်ဖို့ အေးဂျင့်ကို အကူအညီတောင်းမရတာနဲ့ အိမ်ကို အပူထပ်ပေးပြီး ခြေထောက်သက်သာဖို့ ဆေး၊ အစားအသောက်တွေလဲ ဝယ်ခဲ့ပြီး ကိုယ့်တိုင်ကုခဲ့၇တာပါ။
အေးဂျင့်ရုံးကအစားအစာကိုလဲ လုံလုံလောက်လောက် မ ကျွေး ပါဘူး။ ခြေထောက် ယောင်နေတာကို နောက်ထပ်အိမ်ရှင်ဆီမှာ မလုပ်နိုင်ရင် လျော်ပြန်ဆိုပြီး ခြိမ်းခြောက်ပြောဆိုပါတယ်။ ဒါနဲ့ ညီမ အလုပ်မလုပ်နိုင်ဘဲ လိုက်သွားရပါတယ်။
အဲအိမ်မှာလည်း အိမ်ရှင်ကမနားတန်းခိုင်းတာကနေ ခြေထောက်ကပြန်ယောင်လာပြီး အိမ်ရှင်က ဘာမှမပြောပဲ အေးဂျင့်ရုံးကိုပြန်ပို့ပါတယ်။ အဲ့မှာ အေးဂျင့်ရုံးက ညီမကို ဆဲဆိုပြီး ပြန်ပို့တာ နင်အသုံးမကျလို့ဆိုပြီး ပြောပါတော့တယ်။ နောက်ဆုံးပို့တဲ့ နောက်တစ်အိမ်က မြန်မာမိန်းက လေးတွေကို အမြဲစော်ကားပြီး ပြန်ပို့တဲ့အိမ်ပါ လေယာဥ်မှူးအိမ်ပါ အဲ့အိမ်ကခွေးက ကိုက်တယ်ပြောလို့ ကျွန်မက မလိုက်ဘူးပြောတာ၊ ခြေထောက်ကအဆင်မပြေဘူးပြောတာ၊ အဲ့ခြေထောက်အကြောင်းမပြနဲ့ ဆိုပြီး ဆူပူတာနဲ့ လိုက်သွားရပြန်ပါတယ်။
အဲ့အိမ်ရှင်ကားပေါ်ရောက်တော့ သူကကားပေါ်ကနေ ကျွန်မကို စေ့စေ့ခေါင်းအစခြေအဆုံးကြည့်ပြီး ပြုံးပြီး အသက်ဘယ်လောက်လဲ၊ လှတယ်နော်ဆိုပြီး ပြောပါတယ်။ ကား ပတ်မောင်းနေတာ သူမိန်းမဖုန်းဆက်မှ အိမ်ကိုပို့ပါတယ်။
အိမ်ရောက်တော့ ခွေးကိုလွှတ်ပေးပြီး ကိုက်ခိုင်းပါတယ်။ ညီမ လက် ရောခြေထောက်ပါ ခွေးကိုက်ခံရပါတယ်။ အေးဂျင့်ကို အကျိုးအကြောင်းပြောပြတာ မသိချင်ယောင်ဆောင်ပါတယ်။
အဲဒါနဲ့ ကျွန်မလည်း အိမ်ရှင်ကို နင်ခွေးကိုက်တာ ဆေးခန်းပြပေးပြောတာ အလုပ်အရင် လုပ်ဆိုပြီးပြောပါတယ်။ အိမ်ထဲရောက်တာနဲ့ အလုပ်တွေလုပ်ရတာ ထမင်းလည်း မကျွေးပါဘူး။ ည ၉နာရီလောက်မှာ ခြေထောက်တွေကိုက်လာလို့ ပြန်ပို့ပေးပါပြောတော့ အိမ်ရှင်ရှင်က ခွေးကိုင်ပြီး စပါတယ်။ ပြီးတော့ ခန္တာကိုယ်ကိုပွတ်လိုက်သပ်လိုက်လုပ်တယ်။
အိမ်ရှင်အမျိုးသမီးကို လှမ်းအော်မှ ကျွန်မ လွတ်တော့တယ်။ ညီမ စော်ကားမခံရတာ ကံကောင်းသွားပြီး သူမိန်းမက ဘာလို့မေးတော့ သူယောက်ျားက သူပြန်ဖို့ပြောတာဆိုပြီး သူလုပ်တာမပြောပဲ ရယ်နေပါတယ်။ အဲကနေ ရုံးကိုပြန်ရပါတယ်။ ခွေးကိုက်ခံရတာကို ဆေးခန်းမပြ လုပ်ခလစာလည်း မပေးခဲ့တာပါ။
အေးဂျင့်ရုံး ပြန်ရောက်တော့ ဖုန်းကို ၄ရက်လောက်ကြာအောင် သိမ်းထားပါတယ်။ နောက်ရက်မှာ ကျွန်မ ကိုလာခေါ်ပြီး ခြိမ်းခြောက်ပါတယ်။ ပိုက်ဆံလျော်ဖို့ပြောပြန်ပါတယ်။ လျော်ဖို့က အိုမန်ငွေ ၇၀၀ ၊ အပြန် လေယာဥ်လက်မှတ် ကိုယ် ဘာသာဖြတ်လို့ ပြောပါတယ်။ ညီမက လျော်ဖို့မရှိဘူးပြောတာ နင်ခြေထောက်က နင်ဘာသာဖြစ်တာဆိုပြီး အေးဂျင့်က ပြောပြီး မလျော်နိုင်ရင်အလုပ်ကောင်းကောင်းလုပ် မလုပ်နိုင်ရင် လျော်တဲ့ ဆိုပြီး ခြိမ်းခြောက်ပါတယ်။ ညီမ မြန်မာ အေးဂျင့်ကို ပြောပြတော့လည်း မပြန်နဲ့လေ ဆက်လုပ်ဆိုပြီး ဘာတာ ဝန်ယူမှုမှ မရှိပဲ ပိုက်ဆံကိစ္စပဲပြောပါတယ်။
ကျွန်မအခု ခြေထောက်က ဘယ်လိုမှမသက်သာပါ၊ ဆေးကုသဖို့လည်း လိုပါတယ်။ ငလျော်ကြေးပိုက်ဆံ ၇၇သိန်းကျပ်နှင့်လေ ယာဥ်လက်မှတ် ၁၅သိန်း ညီမ အကုန်ခံရမယ်ဆိုတာ မိဘတွေလည်း အဆင်မပြေပါဘူး။ မိဘတွေလည်း မလျော်နိုင်တော့ သက်ဆိုင်ရာ အဖွဲ့တွေဆီကို အကူအညီတောင်းတာပါရှင့်။
Photo- မြန်မာအေးဂျင့် (FB)

Related posts

Cover
ကန့်သတ် လုပ်ငန်း လုပ်ကိုင်သည့် မြန်မာလုပ်သား ၅၀၀ နီးပါး ဖမ်းဆီးခံရ
Apr 23, 2025
Cover
AAC-ဂေဟာ အပြီးပိတ်သိမ်းပြီး မသန်စွမ်း မြန်မာအလုပ်သမားများအား ချက်ချင်း ပြောင်းရွှေ့ခိုင်း
Apr 22, 2025
Cover
ကျန့်အော်အတု ထုတ်ပေးပြီး မြန်မာအလုပ်သမား ၁၇ ဦး ကို ပွဲစားမှဘတ် ၆သောင်းကျော် လိမ်လည်သွား
Apr 22, 2025
Cover
ပြည်ပထွက်ရန် စာချုပ် ချုပ်ထားပြီးသည့် အသက် ၁၈မှ ၃၅ နှစ် အတွင်း အမျိုးသားများကို ပါ ပြည်ပထွက်ခွင့် မပေးဟုဆို
Apr 22, 2025
Cover
လိုင်စင်ရအေဂျင်စီ အချို့ တရားမဝင် လုပ်သားစေလွှတ်မှုများလာ
Apr 22, 2025
Cover
PJ Workers Must Apply for Departure Permission 5 Days in Advance Starting Today
Apr 20, 2025
Cover
အထောက်အထားမရှိဘဲ အလုပ်လုပ်တဲ့ မြန်မာ ၇ ဦး ဖမ်းဆီးခံရ
Apr 20, 2025
Cover
CI ရုံးတွေ  မကြာခင်ဖွင့်လှစ်တော့မယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်
Apr 19, 2025