NEWS

မြဝတီမှ မဲဆောက် ကို တရားမဝင် ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၂၃ ဦး အဖမ်းခံရ

CoverLogo
132 Views

ထိုင်းနိုင်ငံ မဲဆောက်ထဲ သို့ မြဝတီ မှ တစ်ဆင့် သောင်းရင်းမြစ် ကို ဖြတ်ကူးပြီး တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမား ၂၃ဦး ကို ဖမ်းမိခဲ့တယ်လို့ ထိုင်းဒေသတွင်း သတင်းများအရ သိရပါတယ်။ 

ဖေဖေါ်ဝါရီ ၁၄ရက် ည၁၁နာရီ ခွဲ ခန့် မှာ ထိုင်း မြန်မာ ချစ်ကြည်ရေး တံတား အနီး ထိုင်းအာဏာပိုင်တွေက  ပတ်ဝန်းကျင် လုံခြုံရေး စစ်ဆေး မှု ပြုလုပ် ချိန်မှာ မြန်မာအလုပ်သမားတွေ ကို တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

အမျိုးသား ၁၃ ဦးနဲ့ အမျိုးသမီး ၁၀ ဦး တို့ကို ထိုင်း မြန်မာ ချစ်ကြည်ရေး တံတား အောက်မှာ တွေ့ရှိခဲ့ ပြီး ထိုင်းဘက်မှာ အလုပ်လုပ်ဖို့ အတွက် လာရောက်တာဖြစ်တယ်လို့ ဖမ်းခံရသူတွေက ထွက်ဆိုထားပါတယ်။ 

လက်ရှိမှာ တော့ အဖမ်းခံရတဲ့ မြန်မာအလုပ်သမား၂၃ ဦး ကို မဲဆောက်ရဲစခန်းမှာ ထိမ်းသိမ်းထားပြီး လဝက ဥပဒေ အရ အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ 

ဖေဖေါ်ဝါရီ ၁၄ရက် မနက်ပိုင်းကလည်း ထိုင်းနိုင်ငံ ဖတ်ချဘူရီ ပြည်နယ် ရှိ စစ်ဆေးဂိတ်မှာ ကုန်တင်ယာဉ်တစ်စီး ပေါ် လိုက်ပါလာတဲ့ မြန်မာအလုပ်သမား ၁၀၆ဦး ဖမ်းဆီးခံရတယ်လို့ ထိုင်းသတင်းတွေမှာဖေါ်ပြထားပါတယ်။ 


Related posts

Cover
အိုမန်မှ ပေးစာ
Apr 19, 2025
Cover
မြန်မာအပါအဝင်အထောက်အထားမပြည့်စုံတဲ့ နိုင်ငံခြားသားအလုပ်သမား ၅၀၀ ကျော်အဖမ်းခံရ
Apr 19, 2025
Cover
GYSEN (Myanmar) အလုပ်သမားများ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိ
Apr 12, 2025
Cover
၇ ရက် ဘဏ်စနစ်ဆိုပြီး ဝန်ထမ်းများ နားရက် မရှိ လုပ်ကိုင်ပေးရ
Apr 11, 2025
Cover
Golden Colour Fashion အလုပ်သမားတွေကို ဖိအားပေးလက်မှတ်ထိုးခိုင်း
Apr 11, 2025
Cover
Alpine သောက်ရေသန့် သင်္ကြန်ကာလ အတင်းအကျပ် အချိန်ပို လုပ်ခိုင်း
Apr 11, 2025
Cover
စကြာမင်းတိုင်းရင်းဆေးစက်ရုံကို အလုပ်သမားရုံးကဝင်ရောက်စစ်ဆေးပြီးနောက် ကျူးလွန်သူတွေကို ရာထူးချ အရေးယူခဲ့
Apr 10, 2025
Cover
W8W Beauty Salon ဝန်ထမ်း၂၄ဦး လုပ်ခလစာမရသည့်အပြင် ဆေးကုသ စရိတ် မိသားစုမှ တောင်းခိုင်း
Apr 10, 2025