NEWS

မြန်မာအလုပ်သမားဇနီးမောင်နှံ ထိုင်းထီ အမြင့်ဆုံး ဘတ် ၆ သန်းဆု ရရှိ

CoverLogo
171 Views
 
၂၀၂၅ ခုနှစ်ရဲ့ပထမလ မှာပဲ မြန်မာအလုပ်သမားဇနီးမောင်နှံ ဟာ ထိုင်းထီ အမြင့်ဆုံး ဘတ်၆သန်းဆု ပေါက်ကာ ရရှိခဲ့တယ်လို့ ကိုရဲမင်းဦးဆောင်တဲ့ M.H.A.C မဟာမိတ်အဖွဲ့ ထံ မှ သိရပါတယ်။
 
ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ခရိုင်၊ ဖရပဒဲင်မြို့နယ်က စက်ရုံတစ်ခုမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ဇနီးမောင်နှံနှစ်ဦးဟာပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက် က ဖွင့်လှစ်ခဲ့တဲ့ ထိုင်းအစိုးရထီဖွင့်ပွဲမှာ ၅၅၈၇၀၀ ဂဏန်းနဲ့ ဘတ် ၆ သန်းဆု ပေါက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
 
ထီဆု ငွေ ထုတ်ဖို့ အတွက် မြန်မာအလုပ်သမား ဇနီးမောင်နှံနှစ်ဦး မှ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီဆောင်ရွက်ပေးနေတဲ့ M.H.A.C မဟာမိတ် ကိုရဲမင်းအဖွဲ့ကို ဆက်သွယ်အကူအညီတောင်းခံခဲ့တယ်လို့ သိရပါတယ်။
 
ဒါကြောင့် M.H.A.C မဟာမိတ် အဖွဲ့ အနေနဲ့ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ နေ့ချင်းပြီးဆုငွေထုတ်ယူပေးခဲ့ပြီး ကာယကံရှင် ဇနီးမောင်နှံနှစ်ဦးရဲ့ လက်ဝယ်ကို ပေးအပ် ခဲ့တယ်လို့ ဆိုပါတယ်။
 
ကိုရဲမင်းဦးဆောင်တဲ့ M.H.A.C မဟာမိတ်အဖွဲ့အနေ နဲ့ ထိုင်းအစိုးရရဲ့ ထီအမြင့်ဆုံး ဘတ် ၆ သန်းဆုပေါက် ခဲ့တဲ့ ထိုင်းရောက် မြန်မာအလုပ်သမားတွေကို ဆုငွေထုတ်ယူဖို့ အတွက် လိုက်ပါကူညီဆောင်ရွက် ပေးခဲ့တာ မှာ ယခု အကြိမ် အပါအဝင် ၅၆ဦး ရှိပြီ ဖြစ်တယ်လို့ MHAC မဟာမိတ်အဖွဲ့ ထံ မှသိရပါတယ်။

Related posts

Cover
CI ရုံးတွေ  မကြာခင်ဖွင့်လှစ်တော့မယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်
Apr 19, 2025
Cover
အွန်လိုင်းမှ ထိုင်းဘာသာစကားသင်ကြားပေးသော မြန်မာတစ်ဦးကို ထိုင်းရဲဖမ်းဆီး
Apr 19, 2025
Cover
မြန်မာအပါအဝင်အထောက်အထားမပြည့်စုံတဲ့ နိုင်ငံခြားသားအလုပ်သမား ၅၀၀ ကျော်အဖမ်းခံရ
Apr 19, 2025
Cover
ဘန်ကောက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းမှ မြန်မာလုပ်သား ၃၀ ကျော် လုပ်အားခမရ လို့ အလုပ်ရှင်ကို တိုင်ကြား
Apr 12, 2025
Cover
ထိုင်းရောက် မြန်မာအလုပ်သမားတွေ သင်္ကြန်ကာလ နေရပ်ပြန်သူ အလွန်နည်းပါး
Apr 12, 2025
Cover
ရုရှားသို့ တတိယအကြိမ်အဖြစ် မြန်မာလုပ်သား ၂၇ဦး စေလွှတ်
Apr 10, 2025
Cover
ပျောက်ဆုံးနေတဲ့ မြန်မာလုပ်သား ၁၈ ဦးရဲ့ မိသားစုဝင် တွေနဲ့ ဆက်သွယ်မှု မရသေးဟုဆို
Apr 10, 2025
Cover
ခြေထောက်ရောင်ရမ်းနေသည့် အိမ်အကူအား လျှော်ကြေး သိန်းတရာနီးပါး အိုမန်နှင့် မြန်မာအေးဂျင့်တောင်း
Apr 09, 2025