NEWS

မြစ်ကြီးနား ပတ်စ်ပို့ရုံးတွင် နိုင်ငံကူးလက်မှတ် ပြန်လည်ပြုလုပ်ပေးမည်ဟုကြေညာ

CoverLogo
198 Views

နိုင်ငံကူးလက်မှတ် ပြုလုပ်ပေးခြင်း ရပ်နားထားခဲ့တဲ့  မြစ်ကြီးနားမြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး (ပတ်စ်ပို့) ရုံး မှာ  ယနေ့က စပြီး  ပြန်လည် ပြုလုပ်ပေးပြီ ဖြစ်တယ်လို့ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက ကြေညာထားပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့က စတင်ကာ ကချင်ပြည်နယ် အတွင်း ဖုန်းနှင့် အင်တာနက်လိုင်းများအားလုံးပြတ်တောက်ခဲ့တဲ့ အတွက်
မြစ်ကြီးနားရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာ နိုင်ငံကူးလက်မှတ် ထုတ်ပေးတာ ယာယီရပ်နားခဲ့ပါတယ်။ 

အခုလို မြစ်ကြီးနားရုံး မှာ ရပ်နားထားစဉ်ကာလ အတွင်း  အွန်လိုင်း  appointment date ယူထားသူတွေကို 
ရန်ကုန်နှင့် မန္တလေးရုံးခွဲတို့မှာ လျှောက်ထားခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။ 

""မြစ်ကြီးနားရုံးမှာ မလုပ်ပေးတော့တဲ့အချိန်က  အွန်လိုင်း က ကြိုတင်ရက်ချိန်းယူထားသူတွေအများစုက မန်းလေးမှာ သွားလုပ်ကြတယ် ရန်ကုန်ကတော့ လမ်းစရိတ် ပိုကုန်တယ်လေ အခု မြစ်ကြီးနားမှာ ပဲ ပြန် လုပ်လို့ရပြီဆိုတော့ ပိုအဆင်ပြေတာပေါ့
အခုက နိုင်ငံကူးလက်မှတ်လျှောက် ကတာလည်း အရင်လို မလွယ်ကူတော့သလို လိုချင်တဲ့ အချိန် လုပ်လို့မရတော့ လူငယ်တိုင်းက ပြည်ပထွက်တာမထွက်တာ နောက်ထားပြီး စာအုပ် အတွက် ကြိုတင်ရက်ချိန်းယူထားသူများလာတယ်""လို့ မြစ်ကြီးနား ကဒေသခံတစ်ဦးကပြောပါတယ်။ 

မြစ်ကြီးနားရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး မှာ အောက်တိုဘာ ၁၄ ရက်က စပြီး မြစ် နိုင်ငံကူးလက်မှတ်  ထုတ်ပေးရေး လုပ်ငန်းစဉ်တွေ  ပြန်လည် ဆောင်ရွက်ပေးမှာ ဖြစ်တဲ့ အတွက်သက်ဆိုင်ရာ အိမ်ထောင်စု ဝင်များ အနေဖြင့် သတ်မှတ်ထားသော စာရွက်စာတမ်း  များနှင့်အတူ လျှောက်ထားနိုင်တယ်လို့ အသိပေးကြေညာထားပါတယ်။ 

Application - https://bit.ly/3oNDLga
Website Link - https://www.myanmarlabournews.com
Telegram Link - https://t.me/myanmarlabournews 

#MyanmarLabourNews


Related posts

Cover
ပြည်တွင်း အလည်အပတ် ဗီဇာ လျှောက်ထားမှုကို ယာယီရပ်ဆိုင်း
Apr 07, 2025
Cover
ပျော်ဘွယ် KBZ ဘဏ် ဝန်ထမ်း ၁၀ဦးသေဆုံး
Apr 07, 2025
Cover
ရာအိမ်မှူးများမှ တဆင့် အကျဉ်းသားမိသားစုဝင်များအား ငွေကြေးလိမ်လည်မှုများရှိနေ
Apr 07, 2025
Cover
ငလျင်ကြောင့် သေဆုံးခဲ့ရသူ ၁ ဦး လျင်ကျပ် ၁၀ သိန်းစီ ထောက်ပံ့မည်ဟု ဆို
Apr 06, 2025
Cover
နောက်ဆက်တွဲငလျင်ငယ်တွေကြောင့် ပြည်သူတွေစိုးရိမ်မှု မြင့်တက်နေရ
Apr 05, 2025
Cover
ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရရှိတဲ့ အကျဉ်းသား/အကျဉ်းသူတွေ ဆေးကုသခွင့်မရ
Apr 05, 2025
Cover
အန္တရာယ်ရှိ ကျောက်သေတ္တာစေတီခေါ် ကျောက်တုံးကြီးကို ဖောက်ခွဲဖျက်ဆီးပစ်ရန် အရေးပေါ်ပြောင်းရွှေ့ခိုင်း
Apr 03, 2025
Cover
အချိန်အခါမဟုတ် မိုးရွာနိုင်မည့်သတိပေးချက် မိုးဇလ ထုတ်ပြန်
Apr 03, 2025