NEWS

မလေးရှားသွားမယ့် မြန်မာအလုပ်သမား ၃၀ ကျော် ထိုင်းနိုင်ငံမှာ အဖမ်းခံရ

CoverLogo
146 Views
 
မလေးရှားနိုင်ငံ ကို သွားရောက်မယ့် မြန်မာအလုပ်သမား ၃၀ ကျော်ကို ထိုင်း-မလေးရှား နယ်စပ်မှာ ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းဌာန တွေရဲ့ ဖေါ်ပြချက်အရသိရပါတယ်။
ကြိုတင်သတင်းရရှိမှုအရ ဖေဖေါ်ဝါရီ ၉ ရက်နေ့မှာ ထိုင်းနိုင်ငံ Songkhla ခရိုင် အတွငိး တရားမဝင် မြန်မာလုပ်သား (၃၃)ဦးကို အလုံပိတ်ကုန်တင်ယာဉ်ငယ် နဲ့ သယ်ဆောင်လာစဉ် Songkhla လူဝင်မှုကြီးကြပ်ရေးနှင့် ရဲတပ်ဖွဲ့တို့က အာရှလမ်းမ ကို ဘာရီဂိတ်များ ချထားကာ စောင့်ဆိုင်းပြီး ယာဉ်ကို ဟန့်တား ပိတ်ဆို့ ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးချိန်တွင် ကွန်တိန်နာ အတွင်း မြန်မာလုပ်သားများကို အုပ်စုနှစ်ခုခွဲ တင်ဆောင်လာပြီး လူ (၁၅)ဦး အုပ်စုကို လက်ကောက်ဝတ်၌ ဖဲကြိုးနီချည်ထားကာ ကျန် ၁၈ ဦး ကိုတော့ ကြိုးမချည်ထားဘဲ တွေ့ရတယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
မြန်မာအလုပ်သမားတွေ ကိုစစ်ဆေးရာမှာ လွန်ခဲ့တဲ့ ၃ ရက် က ကန်ချနပူရီခရိုင်ကနေ နယ်စပ်ကို တရားမဝင် ဖြတ်ကျော်လာခဲ့တာ ဖြစ်ပြီး တစ်ဦးလျှင် ဘတ် ၈၀၀၀၀ ခန့် ပေးရမှာ ဖြစ်ကာ တစ်ဝက်ကို ကြိုတင်ငွေ အဖြစ် ပေးခဲ့ရပြီး ကျန်တစ်ဝက်ကို မလေးရှားနိုင်ငံ ကို ရောက်ရှိချိန်တွင် ပေးရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ဖမ်းဆီးခံရတဲ့ ထိုင်းနိုင်ငံသား ယာဉ်မောင်းနဲ့ မြန်မာလုပ်သားတွေ ကို အမှုဖွင့်အရေးယူနိုင်ရေး စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။
Ref-MGR Online

Related posts

Cover
အိုမန်မှ ပေးစာ
Apr 19, 2025
Cover
မြန်မာအပါအဝင်အထောက်အထားမပြည့်စုံတဲ့ နိုင်ငံခြားသားအလုပ်သမား ၅၀၀ ကျော်အဖမ်းခံရ
Apr 19, 2025
Cover
GYSEN (Myanmar) အလုပ်သမားများ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိ
Apr 12, 2025
Cover
၇ ရက် ဘဏ်စနစ်ဆိုပြီး ဝန်ထမ်းများ နားရက် မရှိ လုပ်ကိုင်ပေးရ
Apr 11, 2025
Cover
Golden Colour Fashion အလုပ်သမားတွေကို ဖိအားပေးလက်မှတ်ထိုးခိုင်း
Apr 11, 2025
Cover
Alpine သောက်ရေသန့် သင်္ကြန်ကာလ အတင်းအကျပ် အချိန်ပို လုပ်ခိုင်း
Apr 11, 2025
Cover
စကြာမင်းတိုင်းရင်းဆေးစက်ရုံကို အလုပ်သမားရုံးကဝင်ရောက်စစ်ဆေးပြီးနောက် ကျူးလွန်သူတွေကို ရာထူးချ အရေးယူခဲ့
Apr 10, 2025
Cover
W8W Beauty Salon ဝန်ထမ်း၂၄ဦး လုပ်ခလစာမရသည့်အပြင် ဆေးကုသ စရိတ် မိသားစုမှ တောင်းခိုင်း
Apr 10, 2025