မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ ကလန်းမြို့တွင် ဇွန် (၂၃) က မလေးရှားနိုင်ငံသားများ၏ တိုင်ကြားမှုအရ နိုင်ငံခြားသား (၁၇၀၀) ကျော် ဖမ်းဆီးခံခဲ့ရာ မြန်မာလုပ်သားများလည်းပါဝင်တယ်လို့ သိရပါတယ်။
မလေးရှား လူဝင်မှုကြီးကြပ်ရေး(လဝက)၊ ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက အဆိုပါနေရာသို့ ရှောင်တခင် ဝင်ရောက်စီးနင်းရှာဖွေခဲ့ရာ အထောက်အထားအပြည့်အစုံရှိသူများနဲ့အထောက်အထားအပြည့်စုံမရှိသူများအပါ ၁၇၀၀ အထိဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ဖမ်းဆီးရမိတဲ့နိုင်ငံခြားသားအလုပ်သမားတွေဟာ မြန်မာ၊ ကမ္ဘောဒီးယား၊ နီပေါနဲ့ ဘဂ်လားဒေ့ရ်ှနိုင်ငံသားတွေဖြစ်တယ်လို့ မလေးရှားလဝကရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
အထောက်အထားအပြည့်အစုံရှိသူများကိုမူ မလေးရှားအာဏာပိုင်များက ပြန်လည်လွှတ်ပေးခဲ့ပြီး အထောက်အထား မပြည့်စုံသူများကိုဆက်လက်ထိန်းသိမ်းထားရာ ဖမ်းဆီးခံရသူများထဲမှာမြန်မာအလုပ်သမားများနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ အများဆုံးပါဝင်တယ်လို့ရပါတယ်။
အဆိုပါထုတ်ပြန်ချက်မှာတော့ ဖမ်းဆီးခံထားရသည့် လူ (၁၇၀၀) ကျော်ကိုသာ စုစည်းဖော်ပြထားပြီး ဖမ်းဆီးထားတဲ့ အမျိုးသား၊ အမျိုးသမီးဦးရေနဲ့ နိုင်ငံသားဦးရေစာရင်းကိုတော့ အတိအကျခွဲခြားဖော်ပြထားခြင်းမျိုးမရှိသေးပါဘူး။