NEWS

ပြည်ပရောက်အလုပ်သမားတွေရဲ့ မိသားစု လွှဲငွေ အထောက်အထားကို အေဂျင်စီများ က ဝန်ကြီးဌာနကို အနည်းငယ်သာ တင်ပြနိုင်

CoverLogo
237 Views

လိုင်စင်ရအေဂျင်စီ တွေ မှ စစ်ကောင်စီ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနကို ပြည်ပရောက် အလုပ်သမားတွေရဲ့ မိသားစုလွှဲငွေ အထောက်အထားတင်ပြရာမှာ အနည်းငယ်သာတင်ပြနိုင်တယ်လို့ သိရပါတယ်။

ပြည်ပမှာ သွားရောက်အလုပ်လုပ်နေတဲ့ အလုပ်သမားတွေက ပြည်တွင်းရှိ မိသားစုထံ ငွေလွှဲရာမှာ လစာရဲ့ ၂၅ရာခိုင်နှုန်း ကို  စစ်ကောင်စီက သတ်မှတ်ထားတဲ့ ဘဏ်တွေကနေ ငွေလွှဲပို့ဖို့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားတာပါ။

အခုလို ငွေလွှဲ ပေးပို့ထားတဲ့ အထောက်အထား တွေ ကို စေလွှတ်လိုက်တဲ့ လိုင်စင်ရ အေဂျင်စီ တွေ မှ  အလုပ်သမားတွေဆီက နေ တောင်းယူကာ  အလုပ်သမားဝန်ကြီးဌာနကို တင်ပြခိုင်းထားပြီး မတင်ပြနိုင်တဲ့အေဂျင်စီ တွေကို အရေးယူမယ်လို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၂ ရက် ကစပြီး လိုင်စင်ရအေဂျင်စီ တွေ ကို အလုပ်သမားဝန်ကြီးဌာနက မိသားစုလွှဲငွေ အထောက်အထား နဲ့ အတူ ခေါ်ယူစစ်ဆေး ဖို့  တစ်ရက်ကိုအေဂျင်စီ ၂၀ ခု ခေါ်ယူခဲ့ရာ မှာ အထောက်အထားအနည်းငယ်သာ တင်ပြနိုင်တဲ့ အတွက် လာမယ့်ဩဂုတ်လ ၂၂ရက် ကစပြီး တစ်ရက် ကို အေဂျင်စီ ၅၀ နှုန်းနဲ့ စစ်ဆေးသွားမယ်လို့ သိရပါတယ်။

"" မိသားစုလွှဲငွေ ပို့ထားတဲ့အထောက်အထားက   အေဂျင်စီ ကနေ အလုပ်သမား ၁၀ ယောက်စေလွှတ်လိုက်လို့ ၃ ယောက်လောက် တောင် အထောက်အထားမပေးနိုင်ဘူး အေဂျင်စီတွေ အနေနဲ့ ပြည်ပရောက်နေတဲ့ အလုပ်သမားတွေ ကို ငွေလွှဲပို့ထားတဲ့ အထောက်အထားတွေ ပြန်ပို့ပေးဖို့ ပြောပေမယ့် တချို့ကလည်း စကစ ကိုတော်လှန်တဲ့အနေနဲ့မလွှဲကြဘူး  တစ်ချို့က မလွှဲတတ်တာ တွေ ငွေလွှဲနှုန်း ဈေး ကွာဟ နေတဲ့ အတွက်  စစ်ကောင်စီသတ်မှတ်ထားသလို မလွှဲတဲ့သူကများတယ် ဒါကိုဝန်ကြီးဌာနက အေဂျင်စီတွေ က မြှောက်ပေးလို့ မလွှဲတာလို့ထင်ပြီး စစ်ဆေးတာတွေ လုပ်နေတာ ကျွန်တော်တို့ကနေ အလုပ်သမားကို အတင်းအကျပ်ကြီး လွှဲပါဆိုပြီး ပြောလို့လဲမရဘူး လွှဲခိုင်းလို့မရဘူး အဲ့တော့ ရသလောက်ပဲ တင်ပြပေးရတယ် အလုပ်သမားဝန်ကြီးဌာနကလည်း အတင်းတောင်းတယ် မပေးနိုင်ရင် လိုင်စင်သိမ်းမယ် ဒဏ်ကြေးဆောင်ရမယ်ဆိုတော့ လဲ ခံရမှာပဲပေါ့""လို့ အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

မိသားစုထံလွှဲငွေ   စတင်သတ်မှတ် မှု နဲ့ အကျုံးဝင်တဲ့ အေဂျင်စီတွေအနေနဲ့ ၂၀၂၃ ခုနှစ်   စက်တင်ဘာမှ ဒီဇင်ဘာအထိ ၂၄၉ခု ရှိပြီး ယင်းအေဂျင်စီ တို့ ကို အလှည့်ကျခေါ်ယူစစ်ဆေးလျက်ရှိတယိလို့သိရပါတယ်။

လာမယ့်ဩဂုတ်လ ၂၂ ရက်စပြီး တစ်ရက်ကို အေဂျင်စီ ၅၀နှုန်းနဲ့  ထိုင်းနှငိ့မလေးရှား နိုင်ငံတို့ ကို လုပ်သားစေလွှတ်တဲ့အေဂျင်စီ တွေကို ခေါ်ယူစစ်ဆေးကာငွေလွှဲ အထောက်အထားတွေ တင်ပြခိုင်းထားတယ်လို့ သိရပါတယ်။

 


Related posts

Cover
PJ Workers Must Apply for Departure Permission 5 Days in Advance Starting Today
Apr 20, 2025
Cover
အထောက်အထားမရှိဘဲ အလုပ်လုပ်တဲ့ မြန်မာ ၇ ဦး ဖမ်းဆီးခံရ
Apr 20, 2025
Cover
CI ရုံးတွေ  မကြာခင်ဖွင့်လှစ်တော့မယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်
Apr 19, 2025
Cover
အွန်လိုင်းမှ ထိုင်းဘာသာစကားသင်ကြားပေးသော မြန်မာတစ်ဦးကို ထိုင်းရဲဖမ်းဆီး
Apr 19, 2025
Cover
မြန်မာအပါအဝင်အထောက်အထားမပြည့်စုံတဲ့ နိုင်ငံခြားသားအလုပ်သမား ၅၀၀ ကျော်အဖမ်းခံရ
Apr 19, 2025
Cover
ဘန်ကောက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းမှ မြန်မာလုပ်သား ၃၀ ကျော် လုပ်အားခမရ လို့ အလုပ်ရှင်ကို တိုင်ကြား
Apr 12, 2025
Cover
ထိုင်းရောက် မြန်မာအလုပ်သမားတွေ သင်္ကြန်ကာလ နေရပ်ပြန်သူ အလွန်နည်းပါး
Apr 12, 2025
Cover
ရုရှားသို့ တတိယအကြိမ်အဖြစ် မြန်မာလုပ်သား ၂၇ဦး စေလွှတ်
Apr 10, 2025