NEWS

နိုင်ငံကူးလက်မှတ်(PJ) အမျိုးအစားကနေ(PV)အမျိုးအစားသို့ ပြောင်းလဲမှု စစ်ကောင်စီပိတ်ပင်

CoverLogo
860 Views

ပြည်ပနိုင်ငံသို့ထွက်ခွာမည့် နိုင်ငံကူးလက်မှတ်  PJ( Passport for Job-PJ)အလုပ်အကိုင် အမျိုးအစားကနေ PV-(Passport for Visit-PV )အလည်အပတ် အမျိုးအစားသို့  ပြောင်းလဲ​နေ မှုများကို ပြုလုပ်ခွင့်မပြုတော့ဘူးလို့  စစ်ကောင်စီက ပိတ်ပင်လိုက်ပါတယ်။

"ခုပဲ passport ရုံးက ပြန်လာတာပါ။ သက်တမ်း (၅) နှစ်မပြည့်မချင်း PJ ကနေPV ကို  လုံးဝ ပေးမချိန်းတော့ဘူး။ အကုန်ပြန်လာရတယ်။ ၃၅၀၀၀ ရှုံးတာမရှုံးတာမသိဘူး လုပ်လို့တော့မရဘူး။ ပက်စပို့ရုံးရှေ့စာကပ်ထားတယ်" လို့ ကိုယ်တိုင်သွားရောက်ခဲ့သူတစ်ဦးက ဆိုပါတယ်။ 

အဆိုပါပိတ်ပင်မှုကို ဇွန်လ ၆ ရက်နေ့ကစပြီးခွင့်မပြုတော့တာဖြစ်ပြီး  နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွေမှာ နိုင်ငံကူးလက်မှတ် PJ ကနေ PV သို့ ပြောင်းလဲဖို့ လျှောက်ထားမှုများကို ခွင့်မပြုတော့ဘူးလို့ ပိတ်ပင်လိုက်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့မေလက ပြည်တွင်းကအလုပ်သမားတွေအနေနဲ့  ပြည်ပနိုင်ငံများသို့ထွက်ခွာခွင့်တွေကို စစ်ကောင်စီကပိတ်ပင်လိုက်ပြီးနောက် အသက် ၂၃ နှစ်ကနေ အသက် ၃၂ နှစ်အထိ အမျိုးသားတွေ
အားလုံးကို ပြည်ပထွက်အလုပ်လုပ်ခွင့်ပိတ်ပင်ခဲ့တာ​ကြောင့်  ပြည်ပသို့သွားရောက်လုပ်ကိုင်ကြမဲ့အမျိုးသားတွေဟာ နိုင်ငံကူးလက်မှတ် အလုပ်အကိုင်(PJ)​ကို အလည်အပတ် နိုင်ငံကူးလက်မှတ် (PV) သို့ ပြောင်းလဲလျှောက်ထားမှုတွေ များပြားလာပြီး  ပြည်ပနိုင်ငံတွေဆီအလည်အပတ်နဲ့ ထွက်ခွာနေမှုတွေလည်း မြင့်တက်လာတယ်လို့ သိရပါတယ်။ 

အဲဒီလိူမြင့်တက်မှူတွေကြောင့် ဇွန်လ ၆ ရက်နေ့မှာ နိုင်ငံကူးလက်မှတ် PJ ကနေ PV အမျိုးအစားကို ပြောင်းလဲလျှောက်ထားမှု​ေတွကို ပိတ်ပင်လိုက်တာဖြစ်လို့ ပြောင်းလဲလျှောက်ထားသူတွေဟာ လျှောက်ထားခွင့်မရဘဲလှည့်ပြန်ကြရတယ်လို့  သိရပါတယ်။


Related posts

Cover
PJ Workers Must Apply for Departure Permission 5 Days in Advance Starting Today
Apr 20, 2025
Cover
အထောက်အထားမရှိဘဲ အလုပ်လုပ်တဲ့ မြန်မာ ၇ ဦး ဖမ်းဆီးခံရ
Apr 20, 2025
Cover
CI ရုံးတွေ  မကြာခင်ဖွင့်လှစ်တော့မယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်
Apr 19, 2025
Cover
အွန်လိုင်းမှ ထိုင်းဘာသာစကားသင်ကြားပေးသော မြန်မာတစ်ဦးကို ထိုင်းရဲဖမ်းဆီး
Apr 19, 2025
Cover
မြန်မာအပါအဝင်အထောက်အထားမပြည့်စုံတဲ့ နိုင်ငံခြားသားအလုပ်သမား ၅၀၀ ကျော်အဖမ်းခံရ
Apr 19, 2025
Cover
ဘန်ကောက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းမှ မြန်မာလုပ်သား ၃၀ ကျော် လုပ်အားခမရ လို့ အလုပ်ရှင်ကို တိုင်ကြား
Apr 12, 2025
Cover
ထိုင်းရောက် မြန်မာအလုပ်သမားတွေ သင်္ကြန်ကာလ နေရပ်ပြန်သူ အလွန်နည်းပါး
Apr 12, 2025
Cover
ရုရှားသို့ တတိယအကြိမ်အဖြစ် မြန်မာလုပ်သား ၂၇ဦး စေလွှတ်
Apr 10, 2025