ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသောလေအေးများ တွေ့ဆုံမှု အပါအဝင် ဘင်္ဂလား ပင်လယ်အော် အနောက်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် ဒီဇင်ဘာ၂၀မှ ၂၃ရက် အတွင်း တိုင်းဒေသကြီးနဲ့ပြည်နယ် အချို့မှာ မိုးကြီးအုံးမယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
မန္တလေးတိုင်း၊ မကွေးတိုင်း၊ နဲ့ရခိုင်ပြည်နယ် တို့မှာနေရာကွက်ကျားမှ နေရာကျဲကျဲ မိုးရွာနိုင်တယ်လို့ဆိုပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ် နဲ့ရှမ်းပြည်နယ် တို့မှာ နေရာစိပ်စိပ်မှ နေရာ အနှံ အပြား မိုးထစ်ချုန်းရွာပြီးအချို့ဒေသတွေမှာ နေရာကွက်ပြီး မိုးကြီး ခြင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုး/ဇလ က ထုတ်ပြန်ထားပါတယ်။
ထိုသို့ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနဲ့ မြေပြိုခြင်းတို့ဖြစ်ပေါ်နိုင်တဲ့ အတွက်ကုန်မြင့်ဒေသအနီးနေထိုင်သူတွေ၊ မြစ်ငယ် ၊ချောင်းငယ် အနီးနေထိုင်သူတွေ ကြိုတင်သတိပေးရှောင်ရှားနိုင်ဖို့ မိုး/ဇလ ကအသိပေးထားပါတယ်။
#MyanmarLabourNews