NEWS

ဖေဖေါ်ဝါရီ ၇ ရက်နှင့် ၈ ရက်နေ့ တို့တွင် မြူဆိုင်းမည့် ရာသီဥတုအခြေအနေ ဖြစ်ပေါ် နိုင်သဖြင့် အမြန်လမ်းအပါအဝင် လေယာဉ်နှင့် သင်္ဘောများ သတိထားသွားလာရန်လိုအပ်ဟုဆို

CoverLogo
615 Views
 
ကမ္ဘာ့မိုးလေ၀သဆိုင်ရာ စောင့်ကြည့်မှတ်တမ်း တင်နေတဲ့ Windy ICON model(Germany)ရဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့ အချက်အလက်တွေအရ ဖေဖေါ်ဝါရီ ၇ ရက်နဲ့ ၈ရက် နေ့တို့မှာ မြူဆိုင်းတဲ့ ရာသီဥတုအခြေနေ ဖြစ်ပေါ်နိုင်တဲ့ အတွက် အမြန်လမ်း ရှိ ခရီးသွားယာဉ်တွေအပါအဝင် လေကြောင်းနဲ့ သင်္ဘောများ သတိထားသွားလာဖို့ လိုအပ်တယ်လို့ ပြင်ပမိုးလေဝသ စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က သတိပေးထုတ်ပြန်ထားပါတယ်။
၎င်း ဖေဖေါ်ဝါရီ ၇ရက်နဲ့ ၈ရက် တို့မှာ ရန်ကုန်တိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီး တို့မှာ မြူဆိုင်းတဲ့ ရာသီဥတုအခြေအနေ (Foggy Weather Condition or Mist) ဖြစ်နိုင် မယ်လို့ တွေ့ရှိရပြီး အထက်မြန်မာပြည် လေဆိပ်(မန္တလေးလေဆိပ်)မှာတော့ မြူဆိုင်းမယ့် အခြေနေ မတွေ့ရဘူးလို့ ဆိုပါတယ်။
ဒီလို ဖြစ်စဉ်ဟာ နှစ်စဉ် ဆောင်းအကုန်-နွေအကူး ဖေဖေါ်ဝါရီလ အတွင်း တွေ့ရတဲ့ ပုံမှန်ရာသီဥတုအခြေနေ ဖြစ်ပေမယ့် မနက်အစောပိုင်း ၉နာရီ လောက်အထိ အမြင်တာ(Visibility) လျော့ကျပြီး လေယာဉ်တက် ရန် ပင် အန္တရာယ် ရှိနိုင်တဲ့ အနေထား ဖြစ်တဲ့ အတွက် လေဆိပ်ပိတ်ရတဲ့ အထိ တာဝန်ရှိသူတွေက ဆောင်ရွက်ကြရတယ်လို့ ဦးဝင်းနိုင်ကပြောထားပါတယ်။
ကြိုတင်ခန့်မှန်းချက်အရ ၂၀၂၄ ခုနှစ်နှင့် နှိုင်းယှဉ် ပါက ၂၀၂၅ ခုနှစ် ဟာ မြူဆိုင်း တဲ့ အခြေနေမှာ အနည်းငယ်စောနိုင်ကြောင်းလဲ တွေ့ရတယ်လို့ ဆိုပါတယ်။
ဒါကြောင့် လေကြောင်းပျံသန်းသွားလာမယ့် လေယာဉ်တွေ၊ ရေကြောင်းမှ သွားလာမယ့်သမ္မာန်နဲ့ သင်္ဘောတွေ အပြင် အမြန်လမ်းပေါ် သွားလာမယ့် ခရီးသွားယာဉ် တွေ အနေနဲ့ နံနက်စောစောအချိန် တွေမှာ သတိထားသွားလာရမယ့် ရာသီဥတုအခြေအနေဖြစ်တယ်လို့ သတိပေးထားပါတယ်။

Related posts

Cover
အားကောင်းသော မုန်တိုင်းငယ် မွန်ပြည်နယ် ကျိုက်ထိုမြို့၏ တောင်ဘက်မှ စတင်ဖြတ်ကျော် အညိုအဆင့်သတိပေးချက် မိုးဇလ ထုတ်ပြန်
Sep 28, 2026
Cover
အနီရောင်အဆင့် မုန်တိုင်းငယ်  မော်လမြိုင် သုံးခွနှင့်ပဲခူးအနီးကို ဗဟိုပြုနေ
Sep 28, 2026
Cover
အာဆင်းနစ် မြစ်ဝှမ်းမှ မိခင်များနှင့် မျိုးဆက်သစ်တို့အတွက် ခြိမ်းခြောက်မှု
Sep 01, 2026
Cover
မြစ် ၅ စင်း စိုးရိမ်ရေမှတ်ထက် ရောက်ရှိနေသဖြင့် မြို့နယ် ၅ခု တွင်ရေဘေးအန္တရာယ် သတိထားရန် မိုးဇလ ထုတ်ပြန်
Aug 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
နိုဝင်ဘာ တတိယ ၁၀ ရက် ပတ်အတွင်း လာနီညာ ဖြစ်ပေါ် နိုင်ဟု မိုးဇလအသိပေး
Nov 21, 2025
Cover
တိုင်ဖွန်းမုန်တိုင်း “ခန့်မေဂီ” အရှိန်ကြောင့် နိုဝင်ဘာ ၈ ရက်မှ ၁၀ ရက်အတွင်း မိုးထစ်ချုန်းရွာမည်ဟုဆို
Nov 06, 2025
Cover
တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် နိုဝင်ဘာ ၄ ရက်မှ ၆ ရက်အထိ မိုးကြီးမည်
Nov 04, 2025