NEWS

ရန်ကုန်မြို့တွင် မြေငလျင် သိသိသာသာ လှုပ်ခတ်ခဲ့

CoverLogo
955 Views

ရန်ကုန်မြို့ မှာ မတ်လ ၃ ရက် မနက် ၁၀နာရီဝန်းကျင်က မြေငလျင် သိသိသာသာ  လှုပ်ခတ်ခဲ့တယ်လို့ ရန်ကုန်မြို့တွင် နေထိုင်သူတွေက ပြောပါတယ်။ 

 

“ကျွန်တော်တို့အိမ်ကတော့ ပျဉ်ထောင်အိမ်ကိုသိသိသာသာကို  ယိမ်းယိုင်ပြီးလှုပ်သွားတာ။ တစ်အိမ်လုံး လှုပ်နေတာာ၊ ရေသန့်ဗူးထဲက ရေ ဆို ဘောင်ဘင်ခတ်နေတာ၊ အချိန်လည်း ကြတယ်”လို့ လှိုင်သာယာမြို့နယ် ၊  မီးခွက်ဈေးအနီး နေထိုင်သူတစ်ဦးက ပြောပါတယ်။  

 

နံနက် ၁၀ နာရီ ၃ မိနစ်မှာ ငလျင် လှုပ်ခတ်ခဲ့တာလို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပြီး လှိုင်သာယာ၊ ရွှေပြည်သာ၊ သမိုင်း၊ စမ်းချောင်း၊ အင်းစိန်၊ကမာအေးကုန်းမြေ၊ ရန်ကင်း၊ မြောက်ဒဂုံ၊မြောက်ဥက္ကလာစတဲ့  မြို့နယ်တွေ ငလျင်လှုပ်တာကို  သိသိသာသာခံစားခဲ့ရတယ်လို့ သိရပါတယ်။  

 

"ကျွန်တော်ထင်တာ ၅မိနစ်လောက်ကြာမယ်။  ကျွန်တော်က သမိုင်းမှာသုံးထပ်တိုက်ဆောက်လုပ်ရေး ဝင်နေတာ ။ အပေါ်ဆုံးသုံးထပ်မှာထိုင်နေတာ။  အုတ်ပုံကလှုပ်နေလို့ အုတ်ခဲနှစ်လုံးလောက်ကပြုတ်ကျတော့ ၊  ဘာဖြစ် တာလဲပေါ့၊ ကြည့်ရေသန့်ဗူးကြည့်မှ အော်ငလျင်လှုပ်တာကြမ်းတယ်ပြောလို့ရတယ်။ လုပ်ငန်းခွင် ပျက်ဆီး ထိခိုက်အထိ  တော့ မရှိနိုင်ဘူး"လို့ ဆောက်လုပ်ရေးလုပ်သား တဦးက ပြောပါတယ်။ 

 

မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနရဲ့   မြေငလျင်သတင်းမှာတော့  ၂၀၂၅ ခုနှစ်၊ မတ်လ (၃) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၀)နာရီ၊ (၀၃)မိနစ်၊ (၁၃)စက္ကန့် အချိန်မှာ  ကမ္ဘာအေးမြေငလျင်စခန်း မြောက်-အနောက်မြောက် ဘက် (၂၇)မိုင်ခန့် အကွာ၊ တိုက်ကြီးမြို့ အရှေ့တောင်ဘက် (၇) မိုင်အကွာ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာ စကေး (၄.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။

 


Related posts

Cover
အာဆင်းနစ် မြစ်ဝှမ်းမှ မိခင်များနှင့် မျိုးဆက်သစ်တို့အတွက် ခြိမ်းခြောက်မှု
Sep 01, 2026
Cover
မြစ် ၅ စင်း စိုးရိမ်ရေမှတ်ထက် ရောက်ရှိနေသဖြင့် မြို့နယ် ၅ခု တွင်ရေဘေးအန္တရာယ် သတိထားရန် မိုးဇလ ထုတ်ပြန်
Aug 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
နိုဝင်ဘာ တတိယ ၁၀ ရက် ပတ်အတွင်း လာနီညာ ဖြစ်ပေါ် နိုင်ဟု မိုးဇလအသိပေး
Nov 21, 2025
Cover
တိုင်ဖွန်းမုန်တိုင်း “ခန့်မေဂီ” အရှိန်ကြောင့် နိုဝင်ဘာ ၈ ရက်မှ ၁၀ ရက်အတွင်း မိုးထစ်ချုန်းရွာမည်ဟုဆို
Nov 06, 2025
Cover
တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် နိုဝင်ဘာ ၄ ရက်မှ ၆ ရက်အထိ မိုးကြီးမည်
Nov 04, 2025
Cover
အပူပိုင်းမုန်တိုင်း “ဖန်ရှန်” (FENGSHEN) အရှိန်ကြောင့် မြန်မာနိုင်ငံအနှံ့ မိုးထစ်ချုန်း ရွာမည်။
Oct 20, 2025
Cover
အပူပိုင်းမုန်တိုင်း “ဘူအလွိုင်” မြန်မာနိုင်ငံအရှေ့ပိုင်း နယ်စပ်ဒေသများကို ဖြတ်ကျော်နိုင်ဟုမိုး/ဇလထုတ်ပြန်
Sep 29, 2025