NEWS

ထိုင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ကရိန်းပြိုကျလို့ သေဆုံးသူ ၁၀ ဦးအထိရှိလာ

CoverLogo
81 Views
 
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အပြင်ဘက် ဆမတ်ဆာခွန်းမြို့ရှိ ခုံးကျော်တံတားတစ်ခုဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်းကရိန်းတစ်ခုပြိုကျခဲ့သဖြင့် သေဆုံးသူ အလုပ်သမား ၁၀ ဦးအထိ ရှိလာတယ်လို့ သတင်းရရှိပါတယ်။
'" မြန်မာတွေပါတယ်။ ညနေကတော့ သေဆုံး၆ဦးလို့ကြားတာ။ ခုည ၁၀ ဦးအထိ လို့ကြားတယ်။ အတိ အကျ တော့အတည်မပြုနိုင်သေးဘူး။အန္တရာယ်များတာတွေ မြန်မာလုပ်သားတွေ ဝင်လုပ်ကြတာပေါ့လေ။ ၀မ်းနည်းရပါတယ်" လို့ထိုင်းရောက်မြန်မာအလုပ်သမားတစ်ဦးက ဆိုပါတယ်။
အဆိုပါကရိန်းပြိုကျမှုဟာ နိုဝင်ဘာ ၂၉ ရက်နံနက်အစောပိုင်းက ဘန်ကောက်မြို့တော်အနောက်ဘက် ဆမတ်ဆာခွန်မြို့ရှိ ခုံးကျော်တံတားတစ်ခု ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ဖြစ်ပွားခဲ့တာဖြစ်ပြီး ဖြစ်စဥ်အတွင်းမှာပင် မြန်မာအလုပ်သမား ၃ ဦးပွဲချင်းပြီးသေဆုံးခဲ့ကာ ၁၀ ဦး ဒဏ်ရာရခဲ့ပြီးဒဏ်ရာရသူများ က စိုးရိမ်ရတဲ့အခြေအနေတွင်ရှိနေခဲ့လို့ ည​နေဘက်မှာ သေဆုံးသူ ၆ ဦးအထိရှ်ိကာ ညအထိ ၁၀ ဦးရှိလာတယ်လို့ အလုပ်သမားများပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လကလည်း ဘန်ကောက်မြို့တော်အရှေ့ဘက် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် ယခုကဲ့သို့ အလားတူ ကရိန်းပြိုကျမှုကြောင့် အလုပ်သမားခုနစ်ဦး သေဆုံးခဲ့ပါတယ်။

Related posts

Cover
မိုးပျံလမ်းတံတား ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ထိခိုက်သေဆုံးတဲ့ မြန်မာလုပ်သားတွေအတွက် နစ်နာကြေးဘတ် ၈ သိန်းကျော်မှ ဘတ်တစ်သန်း အထိပေး
Dec 03, 2024
Cover
ရုရှားနိုင်ငံကို မြန်မာမှ လုပ်သားစေလွှတ်ဖို့ အေဂျင်စီ အချို့နှင့်ဝန်ကြီးဌာန ဆောင်ရွက်နေ
Dec 02, 2024
Cover
အမှန်တကယ် အလုပ်ခန့်နိုင်ခြင်းမရှိဘဲ လုပ်သားစေလွှတ်မှုကြောင့် နစ်နာဆုံးရှုံးမှုများနေရ
Nov 30, 2024
Cover
ကိုရီးယားရောက် ရွှေ့ပြောင်းလုပ်သားများ မိမိကိုယ်ကိုအဆုံးစီရင်မှုမှာ လုပ်ငန်းခွင်တွင်းထိခိုက်မှုကြောင့်ကွယ်လွန်သူအရေအတွက်နဲ့ညီမျှနေ
Nov 30, 2024
Cover
ဆောက်လုပ်ဆဲ မိုးပျံတံတား ပြိုကျပြီး မြန်မာအလုပ်သမားများ ထိခိုက်သေဆုံးမှုရှိဟုဆို
Nov 29, 2024
Cover
ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာအလုပ်သမား ၁၈၀ ကျော်ကို နေရပ်ပြန်ပို့
Nov 29, 2024
Cover
ဒီဇင်ဘာလမှာ ပန်းရောင်ဘတ် အသစ်လျှောက်ခွင့်ပေးမည်ဟုဆို
Nov 28, 2024
Cover
မြန်မာအလုပ်သမား ၃၀၀ ကျော်ကို ငွေလိမ်သွားသည့်ထိုင်းအမျိုးသမီး ၂ ဦးကို ဖမ်းမိ
Nov 28, 2024