NEWS

ထိုင်းနိုင်ငံရှိ မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် CI စခန်း ၈ ခုအနက် ၂ ခုကို ပိတ်သိမ်း

CoverLogo
385 Views

ထိုင်းနိုင်ငံမှာ ဝင်ရောက်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေကို ထုတ်ပေးနေတဲ့ 
မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ အထောက်အထားလက်မှတ် (Certificate of Identity = CI)) စာအုပ်ထုတ်ပေးရေးရုံး ၈ ခုအနက်မြန်မာစခန်းနှစ်ခုကို ပိတ်သိမ်းလိုက်တယ်လို့  သိရပါတယ်။ 

"CI ထဲထည့်ပေးမဲ့ဗီဇာ သက်တမ်းနဲ့ ပန်းရောင်ဘတ် သက်တမ်းကအတူတူပဲပိုက်ဆံနည်းနည်းပိုကုန်မယ်အရင်က အနီးစပ်ဆုံး CI စခန်းကိုသွားရမဲ့စျေးကို ပွဲစားကတွက်ယူထားပြီးသား။ အခုက နည်းနည်းပိုဝေးမဲ့မြို့ကိုသွားလုပ်ရရင် လမ်းစရိတ်နည်းနည်းပိုတက်လာမယ်လေရတဲ့မြို့ကို တက်လုပ်ကြမှာပဲ။ မလုပ်ဘဲနေကြသူလည်းအများကြီး။ ပွဲစားစျေးက ၆၅၀၀၊ ၇၀၀၀လောက်ကျတယ်။ မလုပ်ရင်အခြားနယ်မြေ သွားရခက်တယ်အခုအချိန်အထိ CI မလုပ်ပဲ နေသူတွေလည်းရှိတယ်။ CIက ပြည်တွင်းပြန်ဝင်ဖို့ ထိုင်းကအခြားမြို့နယ်သွားဖို့ပဲရတာ"လို့ ထိုင်းရောက်မြန်မာအလုပ်သမားရေးဆောင်ရွက်သူက ဆိုပါတယ်။ 

လက်ရှိမှာ CI စခန်းနှစ်ခုကိုပိတ်သိမ်းလိုက်လို့ အလုပိသမားတွေအတွက် ကြီးကြီးမားမားပြဿနာမရှိပေမဲ့လည်း CI ပြုလုပ်မဲ့သူတွေက အခြားမြို့နယ်တွေကိုသွားရောက်လုပ်ရာမှ ခရီးစရိတ်ပိုမိုကုန်ကျတာကြောင့် ယခင်ထက်ကုန်ကျစရိတ်ပိုမိုများလာနိုင်တယ်လို့ သိရပါတယ်။ 

ထိုင်းနိုင်ငံအစိုးရက CI စခန်းတွေကိုပိတ်သိမ်းဖို့ ဇွန် ၁၆ ရက်က ညွှန်ကြားလာတာကြောင့် 
ဆုန်ခလာခရိုင်နဲ့  နခွန်စဝမ်ခရိုင်မှာရှိတဲ့  CI စခန်းတွေကို ပိတ်သိမ်းလိုက်တာဖြစ်ပြီး အခြားမြို့နယ်တွေမှာရှိနေတဲ့ စခန်း၆ခုကိုတော့ ဇွန် ၁၉ ရက်ကစပြီး  ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပေးထားတယ်လို့သိရပါတယ်။ 

"CI က တရားဝင် ဗီဇာထုတ်ပေးမယ်။ သွားလို့ လာလို့ ရမယ်။ အချိန်မရွှေး ဘယ်သွားသွား သွားလို့ရတယ်။ နောက် တခုက အိမ်ပြန်မယ်ဆိုရင်လည်း ရတယ်”လို့ ထိုင်းရောက်မြန်မာအလုပ်သမားတစ်ဦးကဆိုပါတယ်။ 

ထိုင်းရောက်မြန်မာအလုပ်သမားတွေကို ပန်းရောင်ကတ်ထုတ်ပေးတာကြောင့်  CI စာအုပ်ဆက်လက်ထုတ်ပေးမှုကို ၂၀၁၆ ခုနစ် နိုဝင်ဘာလလယ်က စတင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ 

 

 


Related posts

Cover
PJ Workers Must Apply for Departure Permission 5 Days in Advance Starting Today
Apr 20, 2025
Cover
အထောက်အထားမရှိဘဲ အလုပ်လုပ်တဲ့ မြန်မာ ၇ ဦး ဖမ်းဆီးခံရ
Apr 20, 2025
Cover
CI ရုံးတွေ  မကြာခင်ဖွင့်လှစ်တော့မယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်
Apr 19, 2025
Cover
အွန်လိုင်းမှ ထိုင်းဘာသာစကားသင်ကြားပေးသော မြန်မာတစ်ဦးကို ထိုင်းရဲဖမ်းဆီး
Apr 19, 2025
Cover
မြန်မာအပါအဝင်အထောက်အထားမပြည့်စုံတဲ့ နိုင်ငံခြားသားအလုပ်သမား ၅၀၀ ကျော်အဖမ်းခံရ
Apr 19, 2025
Cover
ဘန်ကောက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းမှ မြန်မာလုပ်သား ၃၀ ကျော် လုပ်အားခမရ လို့ အလုပ်ရှင်ကို တိုင်ကြား
Apr 12, 2025
Cover
ထိုင်းရောက် မြန်မာအလုပ်သမားတွေ သင်္ကြန်ကာလ နေရပ်ပြန်သူ အလွန်နည်းပါး
Apr 12, 2025
Cover
ရုရှားသို့ တတိယအကြိမ်အဖြစ် မြန်မာလုပ်သား ၂၇ဦး စေလွှတ်
Apr 10, 2025