ထိုင်းနိုင်ငံ ရနောင်းခရိုင် စွတ်စန်လာရ်မြို့ကမ်ဖဝမ့် ရွာ ရပ်ကွက် ၁ အတွင်း ကားနှစ်စီးဖြင့် တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမား ၁၃ ဦး ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ထိုင်းသတင်းဌာနတွေရဲ့ဖေါ်ပြချက်အရသိရပါတယ်။
ဒေသခံတွေရဲ့ သတင်းပေးချက်အရ ရနောင်းအခြေစိုက်ခြေမြန်တပ်မ တပ်မဟာ ၂၅ နဲ့ စွတ်စန်လာရ်ရဲစခန်းတာဝန်ရှိသူများပူးပေါင်းမှုဖြင့် စက်တင်ဘာ ၈ ရက်က ရှာဖွေဖမ်းဆီးစစ်ဆေးဆောင်ရွက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
ထိုင်းအာဏာပိုင်တွေစစ်ဆေး ရာ မှာ ၂၉ နှစ်အရွယ်ရှိထိုင်းနိုင်ငံသား ယာဉ်မောင်း မောင်းတဲ့ တိုယိုတာကားအညိုရောင်အတွင်းမှ အထောက်ထားမဲ့မြန်မာအလုပ်သမား ၆ ယောက်နှင့် ထိုင်းနိုင်ငံသား ၄၃ နှစ်အရွယ်ယာဉ်မောင်းသမား မောင်းနှင်တဲ့ တိုယိုတာအမဲရောင်ကားအတွင်းမှအထောက်အထားမဲ့မြန်မာအလုပ်သမား၇ယောက် တို့ကိုတွေ့ရှိခဲ့သဖြင့် မြန်မာအလုပ်သမား၁၃ဦးနဲ့ယာဉ်မောင်းနှစ်ဦးတို့ ဖမ်းခံခဲ့ရတယ်လို့ဆိုပါတယ်။
"ကိုယ့်နိုင်ငံ အတွင်းမှာ ရှာဖွေစားသောက်ရတာ အရမ်းခက်လာလို့သာဒီဘက်ကို တရားမဝင် လာနေရတာအခုလို လမ်းမှာ လာရင်း အဖမ်းခံရနိုင်သလို ဒီမှာ အလုပ်လုပ်နေရင်း အထောက်အထားမစုံလို့ အဖမ်းမခံရအောင်လည်း သတိထားနေရတာ ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ဘဝ က မလွယ်ကူလှဘူး အခုဆို မြန်မာတွေ အဖမ်းခံရတဲ့ သတင်းက နေ့တိုင်းလိုလိုကြားနေရတော့ ကိုယ်တွေလည်း မနေချင်တော့ဘူး ကိုယ့်နိုင်ငံ အမြန်ဆုံး အေးချမ်းပါစေပဲဆုတောင်းနေရတယ်""လို့ ထိုင်းရောက်မြန်မာအလုပ်သမားတစ်ဦးကပြောပါတယ်။
ယခု အဖမ်းခံရတဲ့ မြန်မာအလုပ်သမား၁၃ဦးကို တရားဥပဒေအရအပြစ်ပေးအရေးယူရန် စွတ်စန်လာရ်ရဲစခန်းသို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။