ထိုင်းနိုင်ငံ ချွန်ပူလီမြို့ Thaioil ဆောက်လုပ်ရေးဆိုက် မှာ အလုပ်လုပ်ကိုင်နေ တဲ့ မြန်မာသမား ၅၀ ကျော် ကို လုပ်အားခ တစ်လခွဲစာမပေးတဲ့ အပြင် အလုပ်မှ အကြောင်းမဲ့ အလုပ်ထုတ်ခံရတယ်လို့ ထိုင်းရောက်မြန်မာအလုပ်သမားရေးကူညီပေးနေတဲ့ WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံက သိရပါတယ်။
မြန်မာအလုပ်သမားတွေဟာ MOU၊ PJ စာအုပ်ရှိသူနဲ့ CI လက်မှတ် ကိုင်ဆောင်ထားသူတွေ ဖြစ်ကာ အမျိုးသား ၊အမျိုးသမီး လုပ်သားစုစုပေါင်း ၅၇ ဦး ရှိတယ်လို့ သိရပါတယ်။
အခုလို လုပ်ခလစာ မပေးတဲ့ အပြင် အလုပ်ကနေ အကြောင်းမဲ့ ထုတ်လိုက်တဲ့ အတွက် အလုပ်သမား ၅၇ဦးမှာ စားဝတ်နေရေး အခက်ခဲ တွေ ဖြစ်ပေါ်လျက်ရှိတယ်လို့ ဆိုပါတယ်။
ယခု လို အလုပ်သမား အခွင့်ရေး ချိုးဖောက်တဲ့ ဆောက်လုပ်ရေး လုပ်ငန်းပိုင်ရှင်ဟာ တရုတ်နိုင်ငံ သားဖြစ်တယ်လို့သိရပါတယ်။
လုပ်ငန်းရှင်ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ရက် နေ့မှာ တော့ WAG မဟာမိတ်အဖွဲ့က အလုပ်သမားများနှင့် သွားရောက်တွေ့ဆုံပီး ညှိနှိုင်းမရတဲ့ အတွက် ချွန်ပူလီ ဆဝါဒီကန်ရုံးသို့ လုပ်သမားများနဲ့တူ လုပ်သမားအခွင့်ရေးများနဲ့ လုပ်ခလာစာပြန်ရရှိရန် တိုင်ကြားဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။