NEWS

တိုင်ဖွန်းမုန်တိုင်းကြောင့် MV FU SHUN အမည်ရှိသင်္ဘော နစ်မြုပ်ခဲ့လို့ ပျောက်ဆုံးနေတဲ့ မြန်မာ သင်္ဘောသား ၉ ဦးအနက် ၄ ဦးပြန်လည်တွေ့ရှိထား

CoverLogo
189 Views

တိုင်ဖွန်းမုန်တိုင်း Gaemi ကြောင့် ထိုင်၀မ်ကမ်းလွန်ရေပြင်မှာ MV FU SHUN အမည်ရှိ တန်ဇန်းနီးယားအလံတင် သင်္ဘော နစ်မြုပ်ခဲ့လို့ မြန်မာသင်္ဘောသား ၉ ဦးပျောက်ဆုံးလျှက်ရှိရာ အင်ဒို ၆ ဦးနဲ့မြန်မာ ၄ ဦးပြန်လည်တွေ့ရှိထားပြီလို့ သိရပါတယ်။ 

"ခုည ၉နာရီလောက်ကနောက်ဆုံးသိရတာက အင်းဒို၆ယောက်မြန်မာ၄ယောက် save ထားပြီလို့သိရတယ်။ ဒီဘက်ကမြန်မာမိသားစု၀င်နဲ့ ပျောက်ဆုံးနေတဲ့သူနဲ့အဆက်သွယ်ချိတ်ဆက်မိထားတယ်လို့ သိရတယ်။ ဒီဘက်ကနေချက်ချင်းသိရဖို့ဆက်သွယ်ရဖို့ကမလွယ်ကြဘူးဖြစ်နေတယ်။ ဘာလို့ဆိုဘယ်လိုင်းကနေထွက်တယ်ဆိုတာ မသိရဘူး သူတို့ရာထူးအမှန် သင်္ဘောအမှန်နဲ့ထွက်တာမဖြစ်နိုင်ဘူးလို့တော့ထင်ရတယ်။ ခုလည်းမိသားစု၀င်နဲ့ချိတ်ဆက်မိပြီး သူတို့သူဌေးကဟိုတယ်ခေါ်သွားပြီဆိုပြီး ၄ယောက်အမည်ပါထုတ်ပြောလာလို့ သိရတာ"လို့  မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်နဲ့ နီးစပ်သူတစ်ဦးကဆိုပါတယ်။  

ထိုင်ဝမ် ကုန်တွင်းပိုင်းကို၀င်ရောက်စဉ်  တိုင်ဖွန်း Gaemi ဝင်ရောက်တိုက်ခတ်ခဲ့လို့ကျွန်းရဲ့ ကမ်းလွန်ရေပြင်မှာ ဆိုးဝါးတဲ့ရာသီဥတု အခြေအနေကြောင့် MV FU SHUN အမည်ရှိတန်ဇန်းနီးယားအလံတင်သင်္ဘောတစ်စင်း နစ်မြုပ်ခဲ့ရာမှာ လူနှစ်ဦးသေဆုံးပြီးမြန်မာသင်္ဘောသား ၉ ဦးပါ  ပျောက်ဆုံးလျက်ရှိတာကြောင့်  ရှာဖွေမှုတွေပြုလုပ်ခဲ့ရာ အင်ဒို နိုင်ငံသား ၆ဦးနဲ့မြန်မာနိုင်ငံသား၄ဦးကို ကယ်တင်ထားပြီး ဆက်လက်ရှာဖွေနေတာဖြစ်တယ်လို့မြန်မာ သင်္ဘောသားအလုပ်သမားအသိုင်းအဝိုင်းမှ သိရပါတယ်။  

ကျွန်းရဲ့တောင်ပိုင်း ကမ်းလွန်မှာ ကုန်သင်္ဘောတစ်စင်း နစ်မြုပ်ခဲ့ရာက ယင်းသသင်္ဘောပေါ်ပါ မြန်မာသသင်္ဘောသား ၉ ဦးတို့က အသက်ကယ်အင်္ကျီတွေဝတ်ကာသင်္ဘောကို စွန့်ခွာကာရေထဲခုန်ချပြီးရေစီးမှာ မျောနေခဲ့ကြတာဖြစ်သလို  ကယ်ဆယ်ရေးသမားတွေက နီးစပ်ရာ ထိုင်ဝမ်ကုန်သင်္ဘောတစ်စင်းကို ဆက်သွယ်ကာ အကူအညီပေးဖို့ အကြောင်းကြားခဲ့တာလို့ ထိုင်၀မ်မီးသတ်တာ၀န်ရှိသူကဆိုထားပြီး  အဆိုပါတန်ဇန်နီးယားအလံလွှင့်သင်္ဘောဘယ်လို နစ်မြုပ်သွားခဲ့တာလဲဆိုတာကိုတော့ အတိအကျပြောဆိုခဲ့ခြင်း မရှိဘူးလို့သိရပါတယ်။  

အဆိုပါ Gaemi ဟာ ဗုဒ္ဓဟူးနေ့ညပိုင်းမှာ ထိုင်ဝမ် ကုန်တွင်းပိုင်းကို အမြင့်ဆုံး လေတိုက်နှုန်း တနာရီ ၁၁၈ မိုင်နှုန်းနဲ့ စတင်ဝင်ရောက်တိုက်ခတ်ခဲ့တာဖြစ်ပြီး အဆိုပါဖြစ်စဉ်ဟာ ၈နှစ်အတွင်း ထိုင်ဝမ်ကို အားအပြင်းဆုံး တိုင်ဖွန်းအဖြစ် ဝင်ရောက်လာတဲ့ Gaemi ဖြစ်သလို  ထိုင်၀မ်နိုင်ငံရဲ့အာဏာပိုင်တွေဟာ လူထောင်နဲ့ချီကို ဘေးကင်းရာနေရာတွေဆီ ရွှေ့ပြောင်းပေးထားခဲ့တာဖြစ်တယ်လို့လည်း  သိရပါတယ်။  

ဒါ့အပြင် ထိုင်ဝမ်ကို ဦးတည်တိုက်ခတ်ခဲ့တဲ့ Gaemi ဟာ ဖိလစ်ပိုင်မှာလည်း ရာသီအလိုက် မိုးရွာသွန်းမှုတွေကို ပိုမိုဆိုးဝါးသွားစေခဲ့လို့  ရေကြီးမှုနဲ့ မြေပြိုမှုတွေကြောင့်လူသေဆုံးမှုတွေဖြစ်ခဲ့တဲ့အပြင် ရေနံတင်သင်္ဘောတစ်စင်း မနီလာကမ်းလွန်မှာ နစ်မြုပ်သွားတာကြောင့် လောင်စာဆီယိုဖိတ်မှုကိုထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းလျက်ရှိတယ်လို့လည်း  သိရပါတယ်။

photo-Reuters

 


Related posts

Cover
Security company detain employees and tried to extorted money
Oct 18, 2024
Cover
ထားဝယ်တွင် ဆီတင်သင်္ဘော မီးလောင်မှုကြောင့် ၈ဦးသေဆုံး ၃ ဦးထိခိုက်ဒဏ်ရာရကာ ၁ ဦးပျောက်ဆုံးနေ
Oct 15, 2024
Cover
Prettex Myanmar စက်ရုံ တွင် သီတင်းကျွတ် ပိတ်ရက်အား အချိန်ပို အတင်းအကျပ်ခေါ်
Oct 15, 2024
Cover
Jing Ying အုတ်ပြားစက်ရုံတွင် EC စာချုပ်မချုပ်ဘဲ အလုပ်နှင့် မသက်ဆိုင်သည့် လုပ်ငန်းများ ခိုင်းစေ
Oct 15, 2024
Cover
BEST GARMENT (LAOS) CO.LTD မှ မြန်မာအထည်ချုပ်လုပ်သားတွေအပေါ် အလုပ်သမားအခွင့်အရေးချိုးဖောက်၊ တိုင်ကြားတဲ့အလုပ်သမားကိုအလုပ်ထုတ်
Oct 14, 2024
Cover
General Textile အထည်ချုပ်  သီတင်းကျွတ်ရက်စားအတွက် တနင်္ဂနွေ ညနက်တွေပါ အတင်းကျပ် လုပ်ကိုင်ခိုင်း
Oct 13, 2024
Cover
အထည်စံချိန်အလွန်အကျွံတောင်းခံပြီး အချိန်ပိုအခမဲ့ဆင်းခိုင်း
Oct 12, 2024
Cover
အလုပ်သမားသဘောဆန္ဒမပါဘဲ သီတင်းကျွတ်ကန်တော့ရန် ငွေကြေးဖြတ်တောက်တာတွေ မလုပ်ဖို့တောင်းဆို
Oct 11, 2024