အင်အားကြီးတိုင်ဖွန်းမုန်တိုင်းရှန်းရှန်း(Typhoon Shanshan) ဟာ ဂျပန်နိုင်ငံ တောင်ပိုင်း၊ ကျူးရှုးဒေသသို့ ဝင်ရောက်တိုက်ခတ်လျက်ရှိတဲ့ အတွက် အဲ့ဒီဒေသက မြန်မာနိုင်ငံသားတွေ အနေနဲ့ အကူညီလိုပါက မြန်မာသံရုံးကို ဆက်သွယ် ဖို့ မြန်မာသံရုံး တိုကျိုက ဩဂုတ် ၂၉ ရက်မှာ အသိပေးချက်ထုတ်ပြန်ထားပါတယ်။
တိုင်ဖွန်းမုန်တိုင်းရဲ့ ရိုတ်ခတ်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းများ တိုက်ခတ်ခြင်း၊ မြေပြိုခြင်း၊ အနိမ့်ပိုင်းဒေသများတွင် ရေကြီးခြင်း၊ မုန်တိုင်းဒီရေတက် ရောက် ခြင်းနှင့် လှိုင်းလေကြီးခြင်းတို့ ဖြစ်လာနိုင်တယ်လို့ ဂျပန်မိုးလေဝသအေဂျင်စီမှာ သတိပေးချက်ထုတ်ပြန်ထားရှိပါတယ်။
၎င်း ဒေသမှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံသား တွေ အနေနဲ့ ဒေသအာဏာပိုင်တွေရဲ့ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ချက်တွေ ကို JMA: www.jma.go.jp/jma/indexe.html
NHK World-Japan: https://www3.nhk.or.jp/nhkworld/en/news/စတဲ့ အင်တာနက်ဝက်ဘ်ဆိုက်များမှာ အထူးအလေးထားစောင့်ကြည့်ဖို့ မြန်မာသံရုံးက တိုက်တွန်းထားပါတယ်။
အကယ်၍ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်ပြီး အကူအညီလိုအပ်ပါက သံရုံးရဲ့ Hot Line ဖုန်းနံပါတ် 070-4413-7383 သို့ဆက်သွယ်နိုင်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။