NEWS

ဇေကမ္ဘာ စက်ရုံ၀န်း JW(ADK) စက်ရုံအလုပ်သမား ၂၀၀၀ကျော် စက်ရုံတွင်း ဆန္ဒထုတ်ဖော်

CoverLogo
7.5K Views

ရန်ကုန် မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝင်း ၆ လမ်းမှာတည်ရှိတဲ့ JW(ADK) စက်ရုံမှာ အလုပ်သမား ၂၀၀၀ ကျော် ဆန္ဒထုတ်ဖော်နေတာ ဖြစ်ပါတယ်

"စက်ရုံမှာကခွင့်ယူရင်ပြသနာဖြစ်နေတယ်၃ရက်ထက်ပိုယူလို့မရဘူးသာရေးနာရေးဘာဆိုဘာမှမရဘူး3ရက်အလုပ်မလာရင်အော်တိုကိုအလုပ်ပြုတ်တာပီးတော့ဖူလုံရေးကပေးတဲ့ဆေးစာကခွင့်လဲသူတို့ကမပေးဘူးသမီးတို့မှာဆေးခွင့်သုံးခွင့်ရှိတယ်လေရှောင်တခင်ခွင့်လုပ်သက်ခွင့်တစ်ခုမှမရဘူးမမပီးတော့​သောက်ရေလည်းဝယ်သောက်ရတယ်စက်ရုံကဘာဆိုဘာမှလုပ်မပေးဘူးပန်ကာဆိုရင်လည်းမီးမလာရင်မဖွင့်ပေးဘူးအရင်ကတည်းကမီးကပုံမှန်မလာတာ အခုကအမြဲတစေပြတ်နေတော့သမီးတို့မှာချွေးဒီးဒီးကျ​ပီးလုပ်ရတယ်ပီးတော့အပ်လည်းဝယ်သုံးရတယ် လွန်းအိမ် လွန်းဆံ ကတ်ကြေး အကုန်ဝယ်သုံးရတယ်စက်ရုံကတနေ့လုံးနေမှ အပ်2 ကဒ်ပဲထုတ်ပေးတယ်တစ်လိုင်းကစက်က70ရှိတယ် 2ကဒ်မှအချောင်း20 အဆင်မပြေဘူးအလုပ်သမားတွေရဲရပိုင်ခွင့်အကုန်ဘာတခုမှမရှိဘူးအာဝါဒီလဲအရမ်းတောင်းတယ်သက်မှတ်ထားတဲ့အာဝါဒီမပြည့်ရင် စက်ရုံက စူပါ လီတာတွေကို တစ်ထည်50နှုန်းနဲ့ဖြတ်တယ်စူပါ လီတာတွေကလည်း သူတို့ဆီကအဖြတ်ခံရတာများလာတော့ သမီးတို့ဆီကပြန်ဖြတ်တယ်တနေ့မှလုပ်အားခက4800ပဲရတာ တနေ့ကို500လောက်ပြန်ပေးရတယ်Repair ကျရင်လည်း တထည်200 အနည်းဆုံးခေါ်ဖြတ်တယ်တခါတလေ 1000တောင်ဖြတ်တယ်အလုပ်သမားရုံးကိုတိုင်ဖူးတယ်လို့လုပ်သက်ရင့်တဲ့အမတွေက​တော့ပြောတယ်တိုင်တဲ့သူကိုစက်ရုံကအလုပ်ဖြုတ်ပစ်တယ်အခုလဲသကြ်န်ပိတ်ရက်ကိုအစားအစားဆိုပီးဆင်းရတယ်" ဟု စက်ရုံအလုပ်သမား တဦးကဆိုပါတယ်။

အဆိုပါစက်ရုံမှာ CRIVIT တဆိပ်နှင့် အခြား Brands မှာ ချုပ်လုပ်တာ ဖြစ်ပြီး ADK နှင့် JW စက်ရုံ 2ရုံရှိပြီး လူဦးရေ ၇၀၀၀ နီးပါးလုပ်ကိုင်နေတာ ဖြစ်ပါတယ်။
 


Related posts

Cover
အိုမန်မှ ပေးစာ
Apr 19, 2025
Cover
မြန်မာအပါအဝင်အထောက်အထားမပြည့်စုံတဲ့ နိုင်ငံခြားသားအလုပ်သမား ၅၀၀ ကျော်အဖမ်းခံရ
Apr 19, 2025
Cover
GYSEN (Myanmar) အလုပ်သမားများ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိ
Apr 12, 2025
Cover
၇ ရက် ဘဏ်စနစ်ဆိုပြီး ဝန်ထမ်းများ နားရက် မရှိ လုပ်ကိုင်ပေးရ
Apr 11, 2025
Cover
Golden Colour Fashion အလုပ်သမားတွေကို ဖိအားပေးလက်မှတ်ထိုးခိုင်း
Apr 11, 2025
Cover
Alpine သောက်ရေသန့် သင်္ကြန်ကာလ အတင်းအကျပ် အချိန်ပို လုပ်ခိုင်း
Apr 11, 2025
Cover
စကြာမင်းတိုင်းရင်းဆေးစက်ရုံကို အလုပ်သမားရုံးကဝင်ရောက်စစ်ဆေးပြီးနောက် ကျူးလွန်သူတွေကို ရာထူးချ အရေးယူခဲ့
Apr 10, 2025
Cover
W8W Beauty Salon ဝန်ထမ်း၂၄ဦး လုပ်ခလစာမရသည့်အပြင် ဆေးကုသ စရိတ် မိသားစုမှ တောင်းခိုင်း
Apr 10, 2025