NEWS

စံချိန်တိုးတောင်းပြီး အိုတီ( အချိန်ပို)အခမဲ့ ဆင်းခိုင်းနေတဲ့အပြင် ဥပဒေမဲ့အလုပ်ထုတ်မှု့တွေပါရှိနေလို့ Myanmar Tencent Fashion အထည်ချုပ်အလုပ်သမားတွေအခက်ကြုံနေရ

CoverLogo
1.4K Views

အလုပ်သမားများမချုပ်လုပ်နိုင်တော့တဲ့အထိအပ်ထည်စံချိန်တွေမတရားတိုးမြှင့်ထားတဲ့အပြင် စံချိန်မပြည့်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့အချိန်ပိုအလကားဆင်းခိုင်းတာတွေ၊ စံချိန်မပြည့်ရင်ခြိမ်းခြောက်ပြောဆိုတာတွေ၊ ဥပဒေမဲ့အလုပ်ထုတ်နေတာတွေရှိနေတာကြောင့် Myanmar Tencent Fashion အထည်ချုပ်စက်ရုံကအလုပ်သမားတွေအခက်ကြုံနေရတယ်လို့နစ်နာသူအလုပ်သမားများရဲ့ပြောကြားချက်အရသိရပါတယ်။

အဆိုပါစက်ရုံဟာတရုတ်လူမျိုးပိုင်စက်ရုံတစ်ရုံဖြစ်ပြီးတော့
အမှတ်42/86၊ ချယ်ရီလမ်း၊ စက်မှုဇုန်(၁)၊ ရွှေပြည်သာမြို့နယ်မှာ Myanmar Tencent Fashion Garment အမည်ဖြင့်အထည်ချုပ်လုပ်ငန်းလုပ်ကိုင်နေကာ အလုပ်သမား(၄၀၀)ကျော်ဖြင့်လုပ်ကိုင်လျှက်ရှိတယ်လို့သိရပါတယ်။

"စက်ရုံမှာခွင့်ရက်က မရတဲ့အ​​ ပြင်​တနင်္ဂနွေ OT ရက်များကိုအလကားဆင်းပေးနေရတယ် အလုပ်သမားများမချုပ်လုပ်နိုင်သောစံချိန်များကိုလည်းတောင်းခံပြီးစံချိန်မပြည့်လျှင်လည်း၀မ်တိန်ထိုးပေးရသည့်‌အပြင်အလုပ်ပါထွက်ရမည်ဟု စူပါတွေက ခြိမ်းခြောက်တယ် အလုပ်သမားတွေကိုလဲ ကိုလည်းဥပဒေမဲ့အလုပ်ထုတ်မှုများစွာလည်းရှိပါတယ်"လို့နစ်နာသူအလုပ်သမားတဦးကစက်ရုံရဲ့လုပ်သားအခွင့်အရေးချိုးဖောက်မှု့တွေကိုပြောပါတယ်။

ဒါ့အပြင်စက်ရုံဖက်က အလုပ်သမားတွေကိုစံချိန်မပြည့်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ညနေ(၆)နာရီမှ(၈)အထိအိုတီ (အချိန်ပို) အလကားထပ်ဆင်းခိုင်းနေတဲ့အပြင်လုပ်ငန်းခွင်အတွင်းနေထိုင်မကောင်းဖြစ်လာလျှင် ဆေးခန်းပြရန်အတွက် ဂိတ်ပြင်ထွက်ခွင့်တောင်းခံလို့လဲမရသည့်အခြေအနေဖြစ် ကြုံတွေ့နေရတယ်လို့သိရပါတယ်။

"လုပ်ငန်းခွင်အတွင်၌အသက်မပြည့်သေးသော ကလေးငယ်(၃၀)ကျော်လည်းရှိနေပါတယ် အဲ့ဒါကိုအခုလိုအလုပ်သမားအခွင့်အရေးတွေမတရားချိုးဖောက်နေတာပါ"လို့နစ်နာသူအလုပ်သမားတွေဖက်ပြောပါတယ်။

လက်ရှိအခြေအနေမှာအလုပ်သမားတွေဖက်ကကူညီဖြေရှင်းပေးမယ့်စက်ရုံမှာသမဂ္ဂမရှိပေမယ့် အလုပ်သမားတွေဖက်က OT အလကားဆင်းပေးနေရခြင်းနှင့်အပြစ်တစ်စုံတစ်ရာမရှိပဲဝမ်တိန်ထိုးခိုင်းခြင်းမပြုလုပ်ရန်ဥပဒေမဲ့အလုပ်ထုတ်ခြင်းမပြုလုပ်ရန်တို့ကိုတောင်းဆိုနေကြပါတယ်။

Myanmar Tencent Fashion Garment အထည်ချုပ်စက်ရုံဟာ Singer အမှတ်တံဆိပ်အထည်များချုပ်လုပ်ပြီးစျေးကွက်ကိုပြန်လည်တင်ပို့နေတဲ့စက်ရုံတခုဖြစ်တယ်လို့လဲသိရပါတယ်။

 


Related posts

Cover
အချိန်ပိုအလွန်အကျွံလုပ်ကိုင်ရပေမဲ့ မလောက်ငှလို့ အလုပ်ရပ်ဆန္ဒပြစဉ် ခြိမ်းခြောက်ဖြိုခွင်းခံရ
Sep 12, 2024
Cover
တနင်္ဂနွေပိတ်ရက် အချိန်ပို မဆင်းပါက ပါးရိုက်မယ်လို့ခြိမ်းခြောက်ဖိအားပေးဟုဆို
Sep 12, 2024
Cover
Lian Fa (Myanmar) အထည်ချုပ်စက်ရုံ ဝန်ကြီးဌာနသတ်မှတ်သည့် ထောက်ပံ့ကြေး မပေး
Sep 12, 2024
Cover
အလုပ်သမား ၁၀၀၀ ကျော်ကို ည ၁၂ နာရီအထိ အချိန်ပို ၂ လ ဆင်းခိုင်းပြီး အချိန်ပိုကြေးမရှင်းပေး ကိုယ်ဝန်ဆောင်တွေကို မီးဖွားခွင့်မပေးဘဲအလုပ်ထုတ်
Sep 10, 2024
Cover
BONTECH Manufacturing စက်ရုံ အချိန်အပို အလွန်အကျွံခိုင်းစေ ကိုယ်ဝန်ဆောင်တွေကိုပါ ညလုံးပေါက်အချိန်ပိုဆင်းခိုင်း
Sep 10, 2024
Cover
အလုပ်ထွက်တဲ့ အလုပ်သမားအပေါ် လုပ်ခလစာ အပြည့်မပေးဘဲ ခေါင်းပုံဖြတ်နေ
Sep 09, 2024
Cover
အလုပ်သစ်လျှောက်ထားသူတွေ CV ဖောင်တင်စရိတ် သောင်းဂဏန်းထိကုန်ကျနေ
Sep 09, 2024
Cover
ကုန်ဈေးနှုန်းမကျသည့် အပြင် မီတာခ တိုးကောက်မှု၊ အလုပ်သမားများ ရပ်တည်ရေးပိုခက်လာ
Sep 08, 2024