NEWS

စစ်ကောင်စီက ပြည်ပရောက်အလုပ်သမားတွေအပေါ် အလုပ်သမားအခွင့်ရေးချိုးဖောက်နေမှုတွေ ကို ILO အနေနဲ့ ထိရောက်စွာအရေးယူပေးဖို့ NUG အလုပ်သမားဝန်ကြီးဌာနတောင်းဆို

CoverLogo
158 Views

ပြည်ပမှာရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား တွေနဲ့ နိုင်ငံသားတွေအပေါ် စစ်ကောင်စီ မှ အလုပ်သမားအခွင့်ရေးချိုးဖောက်နေမှုတွေ ကို အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO အနေနဲ့ ထိရောက်စွာအရေးယူပေးဖို့အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာနက တောင်းဆိုထားပါတယ်။

စက်တင်ဘာ၂၀ ရက်က ပြည်ပမှာရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ နိုင်ငံသားတွေ အပေါ် အကြမ်းဖက်စစ်အုပ်စု ရဲ့ အခွင့်ရေးချိုးဖောက်မှု ၊ ဖိနှိပ်မှု တွေ နဲ့ ပက်သက်ပြီး အသိပေးကြေညာချက် တစ်စောင် ထုတ်ပြန်ရာမှာ ယင်းကြေညာချက်ထဲ မှာ အလုပ်သမားအခွင့်ရေးချိုးဖောက်ခံရမှုတွေကို အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO အနေနဲ့ ထိရောက်စွာအရေးယူပေးဖို့ NUG ရဲ့ အလုပ်သမားဝန်ကြီးဌာနက တောင်းဆိုထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီ အနေနဲ့ နိုင်ငံခြားငွေ ဖြည့်ဆည်းနိုင်ရေး အတွက် ပြည်ပရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ သမ္မာအာဇီဝ ချွေးနည်းစာမှ အဓမ္မ ခေါင်းပုံ ဖြတ် ပြီး  မိသားစုလွှဲပို့ငွေ အဖြစ် အခြေခံလစာရဲ့ ၂၅ရာခိုင်နှုန်း ကို လစဉ် သို့မဟုတ် သုံးလတစ်ကြိမ်သတ်မှတ် ထားတဲ့ ဘဏ်နဲ့ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းတွေကတစ်ဆင့် လွှဲပို့ဖို့ အတွက် ဖိအားပေးချက်ရှိတယ်လို့ ဆိုပါတယ်။

၎င်း မိသားစု လွှဲပို့ငွေ အထောက်အထား ကို သေချာသိမ်းဆည်းထားရမှာ ဖြစ်ပြီး  မိမိကို စေလွှတ်ပေးတဲ့ အေဂျင်စီ တွေထံ မိတ္တူကို ပေးပို့ခိုင်းထားတာ အေဂျင်စီတွေက ယင်းအထောက်အထားကိုစစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနကို လစဉ်ပေးပို့ရမယ်လို့ သိရပါတယ်။

လိုက်နာရန် ပျက်ကွက်တဲ့  ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ကို  ပြည်ပသို့ အလုပ်ဖြင့် ထွက်ခွာခွင့် ကာလအကန့်အသတ် ဖြင့် ပိတ်ပင်ခြင်း၊ ပြည်ပအလုပ်အကိုင် အလုပ်သမားသတ်သေခံကတ် (OWIC) ထုတ်ပေးမှု မပြု ခြင်း၊ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခွင့် မပြုခြင်း စတဲ့ ပြင်းထန်သည့် အရေးယူမှု များပြုလုပ်မယ်လို့ ခြိမ်းခြောက် အကြပ်ကိုင်ထားကြောင်း တွေရှိရတယ်လို့ ကြေညာချက်ထဲမှာဖေါ်ပြထားပါတယ်။

အခုလိုဆောင်ရွက်တာတွေဟာ တည်ဆဲဥပဒေဖြစ်တဲ့ ၁၉၉၉ ခုနှစ်၊ ပြည်ပ အလုပ်အကိုင်ဆိုင်ရာဥပဒေပါ အေဂျင်စီများနှင့် အလုပ်သမားများ၏ တာဝန်များ၌ ပြဋ္ဌာန်းထားမှု မရှိသဖြင့် ဥပဒေနှင့် ညီညွတ်မှု မရှိဘဲ  ဥပဒေကို ကျော်လွန်ကာ မတရားဖိနှိပ်သည့် လုပ်ရပ်များ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် ထုတ်ပြန်ထားတဲ့ အေဂျင်စီများ လိုက်နာရမည့် ကျင့်ဝတ်(Code of Conduct) တွင် အလုပ်သမား၏ ပြည်ပလစာငွေလွှဲပို့ခြင်း (မိသားစုလွှဲပို့ငွေ)နှင့်စပ်လျဉ်း၍ အေဂျင်စီများက ကြီးကြပ်ရန် တာဝန်ရှိကြောင်း ဖော်ပြပါရှိမှု မရှိခြင်း၊ အေဂျင်စီနှင့် အလုပ်သမားတို့ ချုပ်ဆိုရသည့် စာချုပ်တွင် အလုပ်သမား၏ ဆန္ဒမပါဘဲ မိသားစုလွှဲပို့ငွေ မဖြစ်မနေ လွှဲပို့ရမည်ဟု ဖိအားပေး ထည့်သွင်းချုပ်ဆိုစေခြင်းတို့မှာ မတရားသည့် အမိန့်၊ ညွှန်ကြားချက်များသာ ဖြစ်ကြောင်း ပြည်ပမှ ရရှိသည့် လစာဝင်ငွေ လွှဲပို့သည့် အထောက်အထားများ မပြသနိုင်ပါက နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခွင့် မပြုခြင်းအပြင် ပြင်းထန်သည့် အရေးယူမှုများပြုလုပ်မည်ဖြစ်ကြောင်း အမိန့် ကြော်ငြာစာတွင် ဖော်ပြ၍ အရေးယူမှုများ ပြုလုပ်နေခြင်းသည် တည်ဆဲဥပဒေပါ ပြစ်မှု၊ ပြစ်ဒဏ် များနှင့် ကိုက်ညီမှုမရှိဘဲ နိုင်ငံသားတိုင်းနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ခွင့်ရှိသည့် အခြေခံနိုင်ငံသား အခွင့်အရေးကို စစ်ကောင်စီက ချိုးဖောက်နေခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO) အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေ အနေဖြင့် စစ်ကောင်စီရဲ့ ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားနှင့် နိုင်ငံသားများ အပေါ် အခြေခံလူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေးများကို နည်းမျိုးစုံဖြင့် ချိုးဖောက်နေမှု၊ ဖိနှိပ်နေမှုများအပေါ် တားမြစ်ပေးပါရန်နှင့် ကျူးလွန်နေသည့် အကြမ်းဖက်စစ်ကောင်စီအား အမြန်ဆုံး ထိရောက်စွာအရေးယူဆောင်ရွက်ပေးပါရန် တောင်းဆို အပ်တယ်လို့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။


Related posts

Cover
မြန်မာနိုင်ငံဟာ ကမ္ဘာမှာ မြေမြုပ်မိုင်းကြောင့် ထိခိုက်သေဆုံးရသူအများဆုံးနိုင်ငံဖြစ်လာ
Nov 22, 2024
Cover
မူဆယ်ဆင်ဖြူဂိတ်မှ တစ်နိုင်တစ်ပိုင်ကုန်သယ်ယူခွင့် တရုတ်ပြန်လည်ခွင့်ပြုပေမဲ့ အခြားဂိတ်ကိုပြန်လည်ပိတ်ထား
Nov 22, 2024
Cover
ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်တဲ့ မြန်မာ ၉ ဦး မူးယစ်ဆေးနှင့်အတူ အဖမ်းခံရ
Nov 22, 2024
Cover
မြန်မာလူငယ်တွေကို လာအိုရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းသို့ လိမ်လည်ရောင်းစားမှုတွေဖြစ်ပေါ်နေ
Nov 22, 2024
Cover
မြန်မာအလုပ်သမား ၃၀၀ ကျော်ထံက အလုပ်စမတ်ကြေး ဘတ်၂သန်းခန့် ယူပြီး လိမ်လည်ထွက်ပြေး
Nov 21, 2024
Cover
အလုပ်ပေးနိုင်မှုမရှိဘဲ စာချုပ်ချုပ်ကာ ထိုင်းနိုင်ငံကို ကြိုတင်စေလွှတ်မှုကြောင့် အလုပ်သမားများ အခက်တွေ့နေ
Nov 21, 2024
Cover
လုပ်ငန်းခွင် မတော်တဆမှုကြောင့်လက်ချောင်းဖြတ်ရတဲ့ MOU အလုပ်သမား နစ်နာကြေးမရဘဲ အခက်ခဲဖြစ်နေ
Nov 21, 2024
Cover
မြန်မာအလုပ်သမားများ တင်လာသည့်ယာဉ် စစ်ဆေးရေးဂိတ်မှာ မရပ်ဘဲထွက်ပြေးရာမှ တိမ်းမှောက် သဖြင့် မြန်မာအလုပ်သမား  ၇ဦးသေဆုံး
Nov 20, 2024