NEWS

စစ်ကောင်စီက နိုင်ငံ့ဝန်ထမ်းတွေကို ဒီဂျစ်တယ်နည်းလမ်းနဲ့ လစာပေးချေရန်ပြင်ဆင်

CoverLogo
114 Views

နိုင်ငံ့ဝန်ထမ်းလစာ ကို ငွေသားအစား ဒီဂျစ်တယ် နည်း ဖြင့် လစာငွေပေးချေ နိုင်ဖို့ အတွက် ဗဟိုဘဏ် မှ ဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။


အာဏာသိမ်းစစ်ကောင်စီလက်အောက်က အစိုးရဝန်ထမ်းတွေ ရဲ့ လစာ ကို ဒီဂျစ်တယ်နည်းဖြင့် လစာငွေပေးချေဖို့ အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်း တွေ ပူးပေါင်းဆောင်ရွက် ပေးဖို့ ကိုလည်း ဗဟိုဘဏ်က ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။


ကတ်နဲ့ လစာငွေ ရယူတဲ့ ဝန်ထမ်းတွေ လစာထုတ်ယူ ဖို့အတွက် ပြည်နယ်နဲ့ တိုင်းဒေသကြီးအလိုက် ATM စက်တွေ တပ်ဆင်ထားပြီး ရန်ကုန်တိုင်းဒေသကြီးမှာ AMT စက် ၁၉၀၈ လုံး၊ မန္တလေးတိုင်းဒေသကြီးမှာ ၇၀၇ လုံး၊ နေပြည်တော်မှာ ၃၃၂ လုံး တပ်ဆင်ထားရှိပြီး လိုအပ်မှုရှိလာပါက ထပ်မံတိုးချဲ့ပေးမယ်လို့ ဆိုပါတယ်။


ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မေလ ကစပြီး နိုင်ငံဝန်ထမ်းတွေ ကို ဒီဂျစ်တယ်နည်းလမ်းနဲ့ လစာငွေပေးချေရာမှာ နေပြည်တော်က ဝန်ကြီးဌာန ၃၄ ခုမှာရှိတဲ့ ဝန်ထမ်းတွေရဲ့ လစဉ်လစာငွေကို Payroll Service နဲ့ ပေးဆောင်လျက်ရှိပြီး  ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးအတွင်းက ဝန်ထမ်းတွေရဲ့ လစာငွေတွေကို ဒီဂျစ်တယ်နည်းလမ်းနဲ့ ကျပ် ၉ ဘီလီယံကျော်အထိ လစဉ်ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ဆိုထားပါတယ်။


ဝန်ထမ်းလစာပေးချေမှုအတွက် လုပ်ပိုင်ခွင့်ရထားတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေထဲမှာ KBZ ၊ UAB ၊ CB ၊ AYA ၊Wave Money ၊ OK Dollar ၊ Zego Money ၊ UniPay ၊ True Money ၊ ရွှေဘဏ်၊ Trusty Ecommerce ၊ A Bank ၊ AGD ၊ MAB ၊ M-ပိုက်ဆံ ၊ MCB Bank တို့ ပါဝင်ကြောင်းသိရပါတယ်။

 


Related posts

Cover
အပူပိုင်းမုန်တိုင်းငယ်အရှိန်ကြောင့် မြန်မာပြည်တွင် ဒေသအလိုက် မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခတ်နိုင်ကြောင်း မိုးဇလထုတ်ပြန်
Sep 17, 2024
Cover
ကမ္ဘောဇဘဏ်က ရေဘေးအတွက်  ငွေကျပ် ၁၀ ဘီလီယံလှူဒါန်းမယ်လို့ အသိ​ပေးပြီးနောက် အကောင့်ပိတ်တာတွေပြုလုပ်လာ
Sep 17, 2024
Cover
ရန်ကုန်မြစ်အတွင်း ထူးကဲဒီရေ အခြေခံရေစစ်မျဉ်းအထက် ပေ ၂၀ မှ ၂၁ပေ အထိ မြင့်တက်နိုင်တယ်လို့ ဆိပ်ကမ်းအာဏာပိုင်သတိပေးထား
Sep 17, 2024
Cover
Myanmar SHIN WON GARMENT အလုပ်သမားတွေ အချိန်ပိုအလွန်အကျွံခိုင်းစေခံနေရ
Sep 16, 2024
Cover
ရေဘေးသင့်ပြည်သူ တွေအတွက် မြန်မာသံရုံးက ထိုင်းရောက်မြန်မာ အလုပ်သမားတွေဆီ အလှူခံနေ
Sep 16, 2024
Cover
ရွှေပြည်သာ ထန်းခြောက်ပင် ဂိတ်က ကယ်ရီလုပ်ကိုင်သူတွေကို စစ်သင်တန်းတက်ရန်ဖိအားပေးနေ
Sep 16, 2024
Cover
လွိုင်ကော်ဒေသ ရေကြီးနစ်မြုပ်မှု သွားရောက်ကူညီမယ့်သူတွေ ထောက်ခံစာပါမှ ဝင်ခွင့်ပြုမယ်လို့ဆို
Sep 16, 2024