NEWS

Lita Myanmar က HR မန်နေဂျာ အဝတ်အစားပေါ် ခွဲခြားဆက်ဆံ

CoverLogo
637 Views
ဒီနေ့ ဧပြီ ၉ ရက်က ကျွန်မတို့ စက်ရုံက သင်္ကြန် ပိတ်ရက် ပိတ်ဖို့ နောက်ဆုံး အလုပ်ဆင်းရတဲ့ရက်ပါ။
ဒါကို ကျွန်မတို့ ဝန်ထမ်းအားလုံးလည်း ဒီရက်သိပြီးသားဆိုတော့၊ နောက်ဆုံးဆင်းရက်အနေဲ့ အားလုံးပျော်ပါးဖို့ ကျွန်မတို့က ဝတ်စားကောင်းလှတွေဝတ်ကြပါတယ်။
ဒါက ကျွန်မတစ်ယောက်ထဲမဟုတ်ပါဘူး။ အလုပ်သမားတွေ အကုန်လုံးနီးပါးဝတ်ကြစားကြပါတယ်။
ကျွန်မတို့ကို ဂိတ်ပေါက်ဝကနေ အရက်သေစာတွေအထဲ သယ်ခွင့် မပြုလို့ ကျွန်မတို့တွေ အပြင်မှာထားခဲ့ပြီး အထဲကို ဝင်ခဲ့ကြပါတယ် ။ ဒီလိုနဲ့ မနက် ၇ နာရီခွဲမှာ အလုပ် စတက်ခဲ့ပါတယ်။ ကျွန်မတို့ အလုပ်ခွင်အတွင်း အသောက်စား မပြုလုပ်ခဲ့ပါဘူး။
အလုပ်စတက်ပြီး ၈ နာရီခွဲအထိ ကျွန်မတို့ အလုပ်လုပ်ပေးခဲ့ပါတယ်။ ၉ နာရီလောက်မှာ လုပ်ချင်တာလုပ်ဆိုပြီး စက်ရုံဘက်က ကျွန်မတို့ကိုခွင်ပြုခဲ့ပါတယ်။ ၈ နာရီလောက်မှာ ကျွန်မကို ဦးတည်ပြီး လာပြောပါတယ်။
ကျွန်မ အဝတ်အစားဝတ်တာကို ပြစ်တင်ပြောဆိုခဲ့ပါတယ်။
ပြောဆိုတဲ့သူကတော့ HR မန်နေဂျာပါ ။ ကျွန်မက လက်တစ်လုံးကြိုးနဲ့ အနောက်က ကျောပြောင်ပါ။ ကျောပြောင်တယ်ဆိုပေမယ့် ကျွန်မဆံပင်အရှည်နဲ့ ဖုံးထားခဲ့ပါတယ် ။
နေ့မြင့်လာတော့ စက်ရုံလုပ်ငန်းခွင်က ပူလာတော့ ကျွန်မအပေါ်အင်္ကျီကို ချွတ်ထားပါတယ် ။ တခြား ရိုင်းတာ မရှိပါဘူး။
ကျွန်မကို HRမန်နေဂျာက နင်အပေါ်အထပ် မပါဘူးလား၊ ဒါက စက်ရုံ နိုက်ကလပ်မဟုတ်ဘူး ။ အဲ့လောက်အထိ သရုပ်မပျက်နဲ့၊ အခုချက်ချင်းဝတ်ဆိုပြီး အမိန့်ပေးတဲ့အသံနဲ့ပြောဆိုပါတယ်။
ဒီတော့ ဘေးမှာရှိတဲ့လူတွေက ဝိုင်းကြည့်ပါတယ်။ ကျွန်မ ဒီလိုဝတ်စားတာ ဘာများမှားလို့လဲရှင့်။
အရက်သေစာ သောက်လို့ ပြောဆိုတယ်ဆို ကျွန်မလက်ခံတယ်။
ကျွန်မတို့မှာ ဝတ်ပိုင်ခွင့် မရှိလို့လား။
အလုပ်ခွင်အတွင်း ဘာမဝတ်ရဘူးလို့ သီးခြား သတ်မှတ်ထားတာ မရှိပါဘူး။ EC စာချုပ်မှာလည်း သီးခြား ဖော်ပြထားတာလည်း မရှိပါဘူး။
အဝတ်အစားဝတ်တာကိုတော့ မပိတ်ပင်စေချင်ပါဘူး။ စက်ရုံ ယူနီဖောင်းလည်း ပေးမထားတဲ့အတွက် ကိုယ် ဝတ်ချင်တာ ဝတ်ခွင့်ရှိတယ်လို့ ထင်ပါတယ်။
တခြားသူတွေလည်း ဝတ်လာတော့ ညီမကိုပဲ ရည်ရွယ် ဦးတည်ပြောတယ်လို့ ခံစားရပါတယ်။ ခွဲခြားပြောတာ၊ ဆက်ဆံတာပါ။
ဘာမဟုတ်တဲ့ အဝတ်စားဝတ်တာကို ပြစ်တင်ပြောဆိုတာကို လက်မခံနိုင်ပါဘူး။
HRမန်နေဂျာက ကျွန်မထက် အသက်ကြီးပါတယ်။ ဒါကြောင့် ဘာမှပြန်မပြောခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်မ ဒီလိုပြောတာကိုတော့ လက်မခံပါဘူး ရှင့်။

Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026