NEWS

YST Co.,Ltd အထည်ချုပ် မန်နေဂျာမှ အထည်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေ

CoverLogo
361 Views
 
YST Co.,Ltd အထည်ချုပ် မန်နေဂျာက အထည်စံချိန်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အထည်စံချိန်ပြည့်ဖို့ အလုပ်သမားတွေမှာ နှစ်ပွိုင့်ကနေ သုံးပွိုင့်ချုပ်ရပြီး စံချိန်မပြည့်တိုင်း တခြားစူပါတွေကပါ ဆဲဆိုတယ်လို့ ပြောပါတယ်။
 
“စံချိန်ရဖို့ နှစ်ပွိုင့်မှသုံးပွိုင့်အထိ ချုပ်ရတယ်၊ ဒီကြားထဲ စက်လိုင်းမန်နေဂျာ၊ အောစူပါ၊ စူပါတွေက အော်ဟစ် ဆဲဆိုနေတာ၊ လိုင်း ၉ မန်နေဂျာအမျိုးသမီးဆို အလုပ်သမား မိန်ကလေးကို အထည်မရလို့ဆိုပြီး ကိုယ်ထိ လက်ရောက် လုပ်တယ်။ သူက တခြား အလုပ်သမားတွေကိုလည်း လက်သဲနဲ့ကုတ်ဖဲ့တာတွေ လုပ်ပါတယ်” လို့ ပြောပါတယ်။
 
အထည်စံချိန်အတွက် အလုပ်သမား ၅၀ ဝန်းကျင် စက်လိုင်းကို လိုင်းပေါက်အထည် တစ်နာရီ ၅၀အထိ တောင်းခံ နေတာလို့လည်း ပြောပါတယ်။ စက်ရုံဘက် အလုပ်ဝင်ချိန်ကိုသာ သတ်မှတ်ထားပြီး အလုပ်ဘယ်ချိန် ပြီးတယ်ဆိုတာမျိုး မရှိဘူးလို့လည်း ပြောပါတယ်။
 
“အလုပ်ချိန် မနက် ၈ နာရီ ဝင်ရပြီး အလုပ်ပြန်ချိန်က အတိကျမရှိဘူး။ အလုပ်ပြန်ခါနီးမှ အချိန်ပိုအိုတီ အောလင်း၊ အောနိုက်ဆင်းရမယ်ဆိုပြီး လာပြောတာ။ အဲလိုဆိုတော့ ဆင်းချင် မဆင်းချင်နဲ့ အချိန်ပို ဆင်းရတော့တယ်။” လို့ ပြောပါတယ်။
 
အချိန်ပိုအိုတီမဆင်းနိုင်ရင် အလုပ်ထုပ်မယ်လို့ ခြိမ်းခြောက်တဲ့ အပြင် နောက်ရက်တွေမှာပါ အထည် ပိုချုပ်ပေးရမယ်လို့ ပြောဆိုတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ မချုပ်ပေးနိုင်ရင် ဝမ်တိန်ထိုးရမယ်လို့ပြောတယ်။ အဲလိုတွေ ခြိမ်းခြောက်ဖိအားတော့ ဆင်းရတော့တာပါ” လို့ ပြောပါတယ်။
 
အလုပ်သမားတွေမှာ အချိန်ပိုတွေဆင်းရလို့ အိပ်ရေးမဝ၊ ခေါင်းမူးပြီး အားမရှိသလို ခံစားရလို့ ဆေးခွင့်ယူပါက ခွင့်မပေးဘဲ‌ ခံစားခွင့်တွေ ဖြတ်တောက်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ ဖုန်ဆက်ပြီး ရှောင်တခင်ခွင့် ယူလို့လည်းမရဘူး၊ ဆေးခွင့်လည်းမရဘူး။ ပြီးတော့ အလုပ်တစ်ရက်ပျက်တာနဲ့ ၄၀၀၀၀ အဖြတ်ခံရတယ်။” လို့ ပြောပါတယ်။
 
လုပ်ငန်းခွင်အတွင်းက သောက်ရေတွေက မသန့်ရှင်းလို့ အလုပ်သမားတွေက ကိုယ်ပိုင်ငွေနဲ့ သောက်ရေ ဝယ်သောက်ရတဲ့ အပြင် အိမ်သာတွေကလည်း သန့်ရှင်းမှုမရှိဘူးလို့ ပြောပါတယ်။ ဒါ့အပြင် စက်ရုံလယ်ဆွဲကတ်ပေးမထားလို့ အချိန်ပိုဆင်းလို့ နေအိမ်ပြန်ရာမှ စစ်ဆေးမှုတွေကြုံတွေ့ရပြီး အလုပ်သမားတွေမှာ စိုးရိမ်ထိပ်လန့်မှုတွေ ဖြစ်ပေါ်နေရတယ်လို့လည်း ပြောဆိုထားပါတယ်။
 
YST Co.,Ltd အထည်ချုပ်စက်ရုံ က ပြင်စည်မင်းသားကြီးလမ်း၊ ရွှေလင်ပန်းစက်မှုဇုန်၊ လှိုင်သာယာမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံလို့ အလုပ်သမားတွေက ပြောပါတယ်။ အလုပ်သမား ၁၀၀၀ ကျော်လုပ်ကိုင်နေပြီး DeFacto, ZARA တံဆိပ် အထည်တွေ ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026