NEWS

Victory Myanmar အထည်ချုပ် အချိန်ပို စစ်ဆေးမှုကို တိမ်းရှောင်ခိုင်း

CoverLogo
42 Views
Victory Myanmar အထည်ချုပ် စက်ရုံက အချိန်ပို ဆင်းခိုင်းမှုကို လာရောက်စစ်ဆေးတဲ့ အဖွဲ့တွေကို ပုန်းရှောင်ခိုင်းခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဥပဒေချိုးဖောက်မှုတွေ လူမှုကွန်ရက်မှာ ဖော်ပြခံရပေမဲ့ အောလင်းအောနိုက် အချိန်ပို စက်ရုံက ဆက်လက် လုပ်ကိုင်ခိုင်းခဲ့တာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ အလုပ်သမားရုံးက ဝန်ထမ်းတွေက အချိန်ပိုခေါ်တယ်ဆိုလို့ လာစစ်ဆေးတဲ့နေ့က စက်ရုံက အလုပ်သမားတွေကို ပုန်းခိုင်းပြီး၊ မီးတွေ ပိတ်ထားခိုင်းလိုက်တာ၊ အလုပ်သမားတွေလည်း ကြောက်လန့်ကုန်တယ်” လို့ ပြောပါတယ်။
 
ဒီရက်ပိုင်းမှာ အလုပ်ရှင်ဘက်က အထည်အရေးကြီးလို့ဆိုပြီး အလုပ်သမားတွေရဲ့ ဆန္ဒမပါဘဲ အချိန်ပိုတွေ ဆင်းပေးနေရဆဲ ဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်၊။ ဂိတ်ပတ်စ်အတွက် အရေးပေါ်ကိစ္စတွေရှိမှ ခွင့်ပြုပြီး ဒေးကြေး ဖြတ်တောက်ခံရတယ်လို့ ပြောပါတယ်။
 
“အရေးပေါ်ကိစ္စနဲ့ ဂိတ်ပတ်စ် ယူရင် အရေးကြီးတယ်လို့ ပြောမှ ရတယ်။ ဒါကို မနက်ဆယ်နာရီထဲက ဂိတ်ပတ်စ် ယူရင် တစ်နေ့လုံးစာ ဒေးကြေးဖြတ်တယ်။ ဒါတင်မဟုတ်ဘူး ရက်မှန်ကြေး ၂၅၀၀၀ ပါထပ်ဖြတ်တယ်။ နေ့လယ် ၁၂နာရီ နောက်ပိုင်းယူရင်လည်း ရက်မှန်ကြေး ၅၀၀၀ ဖြတ်တယ်” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
ဥပဒေအရ ခံစားခွင့်ရှိတဲ့ ရှောင်တခင်ခွင့်တွေ မရသလို့ စက်ရုံဘက်က ရက်ပျက် သတ်မှတ်ပြီး ဒေးကြေး လစာ ဖြတ်တောက်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ ရှောင်တခင်ခွင့် တိုင်ရင် အပြောအဆိုခံ အဆူခံရတာ၊ ခွင့်တိုင်လဲ ခွင့်မရဘူး၊ အဲ့အတွက် ဒေးကြေး ၁၁၀၀၀ အဖြတ်ခံရတယ်။ အလုပ်သမားတွေအတွက် နစ်နာနေတာ၊ ရက်ပျက်ခဲ့ရင် မန်နေဂျာက ခေါ်ဆူတယ်။ သူတို့မကြိုက်တဲ့ အလုပ်သမားဆို ချက်ချင်း အလုပ်ထုတ်လိုက်တာ” လို့ ပြောပါတယ်။
 
လုပ်ငန်းခွင်အတွင်း တရုတ်နိုင်ငံသားတွေက တိုက်ရိုက်အုပ်ချုပ်နေပြီး အထည်စံချိန်မရတာတို့ ၊ စကားပြောတာတွေကို ဖုန်းနဲ့ ဓာတ်ပုံရိုက် ဖိအားပေးပြီး စက်ရုံဘက်ကို တိုင်ကြားတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ စက်လိုင်း စူပါ။ အောစူပါက အထည်စံချိန်ကို အသားကုန် အော်ဟစ်ဆဲဆိုတောင်းတယ်။ တရုတ်တွေက ဓါတ်ပုံရိုက်ပြီး တိုင်တယ်၊ စံချိန်တောင်းတာက အလုပ်သမား ၄၀ စက်လိုင်းကို တနာရီ ဂျာကင် ၃၅ ထည်တောင်းတာ။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံရဲ့ အလုပ်သမားအခွင့်အရေးများ အကြိမ်ကြိမ် ချိုးဖောက်နေပေမဲ့ ထိရောက်စွာ ဖြေရှင်းမပေးတဲ့လို့ အလုပ်သမားတွေမှာ ဥပဒေပါ အကျိုးခံစားခွင့်တွေ မရ ဖြစ်နေတာလို့ ပြောဆိုထားပါတယ်။
 
Victory Myanmar Co.,Ltd အထည်ချုပ်စက်ရုံက လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်ရုံ၊ မြခတ္တာလမ်းမှာ ရှိပြီး အလုပ်သမား ၈၀၀ လုပ်ကိုင်နေတယ်လို့ သိရပါတယ်။ စက်ရုံကို တရုတ်နိုင်ငံသားပိုင်ဆိုင်ပြီး CROPP, Sinsay တံဆိပ် အထည်တွေ ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။
 

Related posts

Cover
YST Co.,Ltd အထည်ချုပ် မန်နေဂျာမှ အထည်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေ
May 29, 2026
Cover
New Zhong Hui အထည်ချုပ် အချိန်ပို မဆင်းလို့ အလုပ်ထုတ်နေ
May 29, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026
Cover
လုပ်ခတိုးပေးဖို့နဲ့ လုပ်ငန်းခွင်ဆိုင်ရာ တောင်းဆိုချက်တွေပေးဖို့ ဆန္ဒပြတောင်းဆိုမှုကို Dongxin Garment Co, Ltd လိမ်လည်ဖြေရှင်း
May 29, 2026
Cover
Dishang Fashion (Myanmar) ကိုယ်ထိလက်ရောက် ကျူးလွန်မှု နစ်နာသူအား အလုပ်ပြန်ခန့်ရန် အလုပ်သမားများ တောင်းဆိုထား
May 26, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် အချိန်ပို အတင်းအကျပ် ဆင်းခိုင်း ၊ သတ်မှတ် အချိန်ပိုကြေး မပေး
May 25, 2026