NEWS

S.H Co.,Ltd အထည်ချုပ်စက်ရုံတွင် ဆဲဆိုပြီး ကိုယ်ထိလက်ရောက် ကျူးလွန်

CoverLogo
586 Views
 
S.H Co.,Ltd အထည်ချုပ်စက်ရုံ တာဝန်ရှိသူတွေက ကိုယ်ဝန်ဆောင်တွေ အပါအဝင် အလုပ်သမားတွေကို အော်ဟစ်ဆဲဆိုပြီး ကိုယ်ထိလက်ရောက် ကျူးလွန်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“သူတို့ ဆဲတဲ့အသံတွေကြောင့် ချုပ်နေရင်းတာင် အပ်စိုက်မိသူတွေ ရှိတယ်။ ဒါတောင် အော်ပြီး ဆဲတာက ရပ်မသွားဘူး။ ‌ေ-ာက်ကောင်မတွေ၊ -သာမတွေ၊ -ာသယ်မတွေ၊ -ျက်သတုံး-တွေ၊ -ချိုင်းကုန်း-တွေ၊ ‌ေ-ာက်လုံးမပါဘူးလား၊ ကန်းနေလားဆိုပြီး မနက်၈ နာရီ အလုပ်စကတည်းက အဆဲခံနေရတာ။ နောက်ပြီး အောစူပါတွေ ဆိုရင် လိုင်းသားတွေကို စတိုင်ချိန်းတာကို ၂ ထည်လောက် ချုပ်ပြပြီး နားမလည်လို့ ပြန်မေးရင် ပိုးဆိုးပက်စက် နှစ်ပြားမတန်အောင်ပြောတယ်။ ခေါင်းခေါက်တယ်၊ ရိုက်တယ်၊ အမြဲတမ်း လက်ပါပြီး ကိုယ်ထိ လက်ရောက်လုပ်တာ ခံရတယ်။”လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
စက်ရုံရဲ့ ချိုးဖောက်မှုတွေကို သတင်းမှာ ဖော်ပြပြီးနောက် ဆဲဆိုမှုတွေ ခတ္တရပ်တန့်ခဲ့ပေမဲ့ လက်ရှိ ကိုယ်ဝန်ဆောင်တွေနဲ့ အလုပ်သမားတွေပါ ဆဲဆိုခံနေရတာလို့ အလုပ်သမား တဦးက ပြောပါတယ်။ စက်ရုံဘက်က တစ်ကဒ်ကြေးနဲ့ ချုပ်ခိုင်းပြီး ရေသောက်ချိန် သန့်စင်းခန်း မသွားနိုင်အောင် ချုပ်လုပ်ပေး ရတယ်လို့ အမျိုးသမီးအလုပ်သမားတဦးက ပြောဆိုပါတယ်။
 
“တစ်ကဒ်ကြေးနဲ့ ပေးတယ်။ စက်ချုပ်သမား အများဆုံးချုပ်နိုင်ရင် နှစ် ပွိုင့်ပေါ့။ ဒါကို ၃ ပွိုင့် ၄ပွိုင့် ချုပ်ခိုင်းပြီး ပိုးဆိုးပက်စက် ဆဲဆိုနေတာ။ တနာရီကို ၂၅ ထည်ချုပ်ရင် ၁၀ နာရီဆိုရင် ၂၅၀ ပြည့်ပြီ။ အဲဒါဆို တစ်ကဒ် ကြေးထွက်ပြီ။ ဒါပေမဲ့ အထည်စံချိန်ကို ၃၅ ထည်လောက်တောင်းတာ၊ တစ်ကတ်ကြေးက ဘယ်လိုမှ မပြည့်တော့ဘူး။ တရက် ၅၈၀၀ ထက်ကျော်ရင် တစ်ကတ်ကြေး ဖြစ်ပြီ၊ အခုတော့ နှစ်ရက်လောက် ချုပ်တာတောင် ဒေးကြေး မပြည့်ဘူး။ တစ်ကတ်ပြည့်ရင်တောင် စံချိန်ရှိတော့ သူတို့ပေးတာက မရတာများတယ်။ ဒီကြားတဲ့ အော်စူပါက သူနဲ့ အဆင်ပြေရင် တစ်ကဒ်ဈေးကောင်း ပေးတယ်။ အဲ့သူတွေဆို အထည် ၁၀၀ လောက်ချုပ်တာနဲ့ ပြည့်နေပြီ၊ အလုပ်သမား အချင်းချင်းတောင် ခွဲခြားခံနေရတာ” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
အထည်စံချိန် မတရားတောင်းတာနဲ့ ပူအိုက်တဲ့ ရာသီမှာ ရေမသောက်ရလို့ အလုပ်သမားတွေ ဆီးကျင်၊ ဝမ်းချုပ် စတဲ့ ကျန်းမာရေးပြဿနာတွေပါ ခံစားနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
လစာထုတ်ရက်မှာ အလှူငွေ အမြဲတမ်းကောက်ခံပြီး လက်ရှိ စက်ရုံသင်္ကြန်လုပ်မယ်ဆိုပြီး အလုပ်သမား တဦး ကျပ် တသောင်းကနေ တသောင်းခွဲအထိ ကောက်ခံဖို့ စီစဉ်နေတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“မတတ်နိုင်လို့ မထည့်ချင်လည်း ထည့်နေရတယ်။ ကြောက်ရတာကိုး။ အောစူပါ ၂ယောက် ကလည်း သူတို့ လိုတဲ့သူဆိုရင် တမျိုး၊ မလိုရင်တမျိုး။ အလုပ်ထုတ်လည်း သူတို့ပဲ။ စက်ရုံကတောင် မသိဘူး။ စက်ရုံကလည်း ဒေးကြေး ၉၅၀၀ တိုးပေးတယ်ဆိုပြီး လစာထုတ်တော့ ၅၈၀၀ကျပ် နဲ့ တွက်ထားတယ်။ ပိတ်ရက်တွေလည်း အဲ့ဒီအတိုင်းတွက်ပေးတာ။” လို့ ပြောပါတယ်။
 
S.H Co.,Ltd အထည်ချုပ်စက်ရုံက လှိုင်သာယာ စက်မှုဇုန်(၂)၊ မက္ခရာမင်းသားကြီးလမ်းမောင်ပျိုးလမ်းမှာ ဖွင့်လှစ်ထားပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံလို့ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် (IWFM) ဆီက သိရပါတယ်။ လက်ရှိ စက်ရုံမှာ အလုပ်သမား ၁၀၀၀ ကျော်လုပ်ကိုင်နေပြီး LCW MODEST ကုန်အမှတ်တံဆိပ်ကို ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။

Related posts

Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
Dongxin Garment Co, Ltd လုပ်ခတိုးပေးရန်တောင်းဆိုမှု အလုပ်ရှင်အလုပ်သမား ဒုတိယအကြိမ် စာချုပ်ချုပ်ဆို
May 30, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အထည်စံချိန်မပြည့်ပါက အလုပ်ထုတ်မည်ဟု နို့တစ်ကပ်
May 30, 2026
Cover
FM (1) အထည်ချုပ်စက်ရုံ သတ်မှတ်လစာ လျှော့ပေး
May 30, 2026
Cover
YST Co.,Ltd အထည်ချုပ် မန်နေဂျာမှ အထည်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေ
May 29, 2026
Cover
New Zhong Hui အထည်ချုပ် အချိန်ပို မဆင်းလို့ အလုပ်ထုတ်နေ
May 29, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို စစ်ဆေးမှုကို တိမ်းရှောင်ခိုင်း
May 29, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026