NEWS

စက်ရုံစီးပွားရေးကျဆင်းနေလို့ဆိုကာ စာချုပ်သက်တမ်းမပြည့်သေးဘဲ  MOU မြန်မာအလုပ်သ မား ၁၈ဦး ကို နစ်နာကြေးမပေးဘဲ အလုပ်ထုတ်

CoverLogo
239 Views

ထိုင်းနိုင်ငံ၊ ချွန်ပူလီ၊ စီလချာမြို့၊နောင်ခမ်းတွင်ရှိတဲ့  ပလပ်စတစ်စက်ရုံ မှာ အလုပ်လုပ်နေတဲ့ MOU မြန်မာအလုပ်သမား ၁၈ဦး ကို စက်ရုံစီးပွားရေးကျဆင်းသည်ဆိုကာ   စာချုပ်သက်တမ်းမပြည့်ခင်  နစ်နာကြေး မပေးဘဲ အလုပ်ထုတ်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ WAG အလုပ်သမားမဟာမိတ်အဖွဲ့ ထံ က သိရပါတယ်။ 

၎င်း မြန်မာအလုပ်သမား၁၈ဦးမှာ မြန်မာနိုင်ငံ SHWE LANN HPWINT OVERSEA EMPLOYMENT AGENCY (ရွှေလမ်းဖွင့်) အေဂျင်စီနှင့်ချိတ်ဆက်ပြီး ၂၀၂၃ခုနှစ် နိုဝင်ဘာ ၂၂ ရက်က ယင်း စက်ရုံ မှာ အလုပ်စဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ 

MOU စာချုပ်သက်တမ်းမှာ (၂)နှစ်ဖြစ်သော်လည်း ၂၀၂၄ ခုနှစ်အောက်တိုဘာ ၁၈ရက်  (၁) နှစ်မပြည့်ခင်မှာစက်ရုံမှ ၎င်းတို့ (၁၈)ဦး ကို  စက်ရုံစီးပွားရေးကျဆင်းနေတဲ့ အတွက်  လူလျှော့သည့်ဟုဆိုကာ လက်မှတ်ထိုးခိုင်းတယ်လို့ သိရပါတယ်။ 

လက်မှတ်ထိုးပါက  နောက်လ(နိုဝင်ဘာ ၂၀ )ရက်နေ့အထိအလုပ်ဆင်းရမှာ ဖြစ်ပြီး  လက်မှတ်မထိုးပါက အောက်တိုဘာ  ၁၉ ရက်နေ့ကစအလုပ်ဆင်းစရာမလိုတော့ကြောင်းပြောရာ မြန်မာအလုပ်သမား၁၈ဦး မှာ မည်သူမှလက်မှတ်မထိုးကြတဲ့ အတွက် အောက်တိုဘာ ၁၈ ရက်နေ့ညနေ ၃နာရီချိန်တွင်စက်ရုံမှပြန်ခိုင်းလိုက်တယ်လို့ ဆိုပါတယ်။ 

အခုလို စက်ချုပ်သက်တမ်း မပြည့်မီ စက်ရုံ မှ အလုပ်ထုတ်တဲ့ အတွက် နစ်နာကြေး ပြန်လည် ရရှိဖို့ မြန်မာ အလုပ်သမားတွေကWAG - အလုပ်သမားမဟာမိတ်အဖွဲ့ထံအကူညီတောင်းခံလာတယ်လို့ ဆိုပါတယ်။ 

ယခုကဲ့ သို့ အလုပ်သမား များ နစ်နာမှု နှင့်ပတ်သက်ပြီး WAG - အလုပ်သမားမဟာမိတ်အဖွဲ့ က  ဖြေရှင်းဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။ 

 


Related posts

Cover
အထောက်အထားမရှိဘဲ အလုပ်လုပ်တဲ့ မြန်မာ ၇ ဦး ဖမ်းဆီးခံရ
Apr 20, 2025
Cover
CI ရုံးတွေ  မကြာခင်ဖွင့်လှစ်တော့မယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်
Apr 19, 2025
Cover
အွန်လိုင်းမှ ထိုင်းဘာသာစကားသင်ကြားပေးသော မြန်မာတစ်ဦးကို ထိုင်းရဲဖမ်းဆီး
Apr 19, 2025
Cover
မြန်မာအပါအဝင်အထောက်အထားမပြည့်စုံတဲ့ နိုင်ငံခြားသားအလုပ်သမား ၅၀၀ ကျော်အဖမ်းခံရ
Apr 19, 2025
Cover
ဘန်ကောက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းမှ မြန်မာလုပ်သား ၃၀ ကျော် လုပ်အားခမရ လို့ အလုပ်ရှင်ကို တိုင်ကြား
Apr 12, 2025
Cover
ထိုင်းရောက် မြန်မာအလုပ်သမားတွေ သင်္ကြန်ကာလ နေရပ်ပြန်သူ အလွန်နည်းပါး
Apr 12, 2025
Cover
ရုရှားသို့ တတိယအကြိမ်အဖြစ် မြန်မာလုပ်သား ၂၇ဦး စေလွှတ်
Apr 10, 2025
Cover
ပျောက်ဆုံးနေတဲ့ မြန်မာလုပ်သား ၁၈ ဦးရဲ့ မိသားစုဝင် တွေနဲ့ ဆက်သွယ်မှု မရသေးဟုဆို
Apr 10, 2025