ဂျပန်နိုင်ငံတွင် ပြင်းထန်တဲ့မြေငလျင် လှုပ်ခတ် ခဲ့တဲ့ အတွက် ၎င်းဒေသရှိ မြန်မာနိုင်ငံသားတွေ အနေနဲ့ အစားသောက်နှင့်အလုပ်ကိုင်ဆိုင်ရာ အကူညီလိုအပ်ပါကမြန်မာသံရုံးကို အကူညီတောင်းခံနိုင်တယ်လို့ မြန်မာသံရုံး၊ တိုကျိုမြို့ က ဩဂုတ် ၉ရက်မှာ အသိပေးပါတယ်။
ဩဂုတ်လ ၈ရက် ညနေ ၄နာရီခွဲကျော် ခန့် မှာ ပြင်အားအဆင့် ၇ဒသမ ၁ ရှိ တဲ့ အင်အားပြင်းငလျင်တစ်ခု ဟာ ဂျပန်နိုင်ငံတောင်ပိုင်း၊ Kyushu ကျွန်းအနီး၊ Hyuganada Sea ကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ငလျင်လှုပ်ခတ်တာကြောင့် ဆူနာမီလှိုင်းတွေဟာ တစ်မီတာခန့်မြင့်တက်လာပြီး ကျူရှုးနဲ့ ရှီကိုကူကျွန်း တွေရဲ့ ကမ်းခြေ နေရာ အချို့ကို ရိုက်ခတ်နိုင်တယ်လို့ ဂျပန်သတင်းတွေမှာဖေါ်ပြထားပါတယ်။
ဒါကြောင့် အဆိုပါဒေသမှာ နေထိုင်အလုပ်လုပ်ကိုင်နေကြ တဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ ဒေသအာဏာပိုင်များရဲ့ ထုတ်ပြန်ချက်တွေ ကို အထူးအလေးထားလိုက်နာသွားရန် နဲ့ အစားအသောက်နှင့် အလုပ်အကိုင်ဆိုင်ရာ အကူအညီလိုအပ်ပါက သံရုံး၏ Hot Line ဖုန်းနံပါတ် 070-4413-7383 သို့ ဆက်သွယ်နိုင်တယ်လို့ သံရုံးက ထုတ်ပြန်ထားပါတယ်။
ဂျပန် မိုးလေဝသ ဌာနက လည်း ဆူနာမီ သတိပေးချက် ပြန်မရုတ်မသိမ်းမချင်း ကမ်းခြေတွေကို မသွားဖို့ ကြေညာထားပါတယ်။