NEWS

ခရီးအကွာအဝေး ၁ ကီလိုမီတာလျှင် ၅၈၀ကျပ်သာ ပေးမယ့် အပေါ် ကျေနပ်မှုမရှိသဖြင့်ဆက်လက် သပိတ်မှောက်သွားမယ်လို့ Food Panda Rider များသဘောထားထုတ်ပြန်

CoverLogo
1.5K Views

အစားအသောက်တွေကို မှာယူသူတွေထံ အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်ပေးတဲ့ Food Panda Rider တွေအနေနဲ့ တောင်းဆိုချက်အချို့တောင်းဆိုရာမှ ကုမ္ပဏီဘက်က  မလိုက်လျောနိုင်တဲ့အချက်တွေကြောင့် ဆက်လက်သပိတ်မှောက်သွားမယ်လို့ Rider တွေက ဒီကနေ့ ဧပြီ ၂၂ ရက်မှာထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့က Rider များထံကြိုတင်အကြောင်းကြားတာမရှိဘဲ ကွန်ပျူတာ စနစ်အမှားအယွင်းဟုဆိုကာ အော်ဒါကြေးတွေ စတင်လျော့ချလိုက်တာ ဖြစ်တယ်လို့သိရပါတယ်။

Rider တွေ တောင်းဆိုတဲ့အချက်  ၇ ချက်မှ အဓိကအချက်တွေဖြစ်တဲ့ အော်ဒါကြေးအနည်းဆုံး ၆၇၀ ကျပ် ‌ပေးရန်နှင့် ခရီးအကွာအဝေးတွက်ချက်ရာတွင် google map အသုံးပြု တောင်းဆိုချက်များအား မလုပ်ဆောင်ပေးနိုင်ကြောင်း ခရီးအကွာအဝေး  ၁ ကီလိုမီတာ လျှင်  ၅၈၀ ကျပ်သာပေးမည်ဟု ကုမ္ပဏီဘက်က  တုံ့ပြန်ခဲ့တာကြောင့် လုပ်အားခခေါင်းပုံဖြတ်ခြင်းဟု ယူဆကြောင်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဆက်လက်ပြီး Rider များတောင်းဆိုထားသော လုပ်အားခ အော်ဒါကြေးနှင့် အခွင့်အရေးများအား Food Panda Myanmar ကုမ္ပဏီဘက်မှ လိုက်လျောခြင်းမရှိပါက ဆက်လက်ပြီးလက်တွဲလုပ်ဆောင်ခြင်း မပြုလုပ်နိုင်ကြောင်းနှင့် Rider များမှ ဆက်လက် သပိတ်မှောက်သွားမယ်လို့ အဆိုပါ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 


Related posts

Cover
အိုမန်မှ ပေးစာ
Apr 19, 2025
Cover
မြန်မာအပါအဝင်အထောက်အထားမပြည့်စုံတဲ့ နိုင်ငံခြားသားအလုပ်သမား ၅၀၀ ကျော်အဖမ်းခံရ
Apr 19, 2025
Cover
GYSEN (Myanmar) အလုပ်သမားများ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိ
Apr 12, 2025
Cover
၇ ရက် ဘဏ်စနစ်ဆိုပြီး ဝန်ထမ်းများ နားရက် မရှိ လုပ်ကိုင်ပေးရ
Apr 11, 2025
Cover
Golden Colour Fashion အလုပ်သမားတွေကို ဖိအားပေးလက်မှတ်ထိုးခိုင်း
Apr 11, 2025
Cover
Alpine သောက်ရေသန့် သင်္ကြန်ကာလ အတင်းအကျပ် အချိန်ပို လုပ်ခိုင်း
Apr 11, 2025
Cover
စကြာမင်းတိုင်းရင်းဆေးစက်ရုံကို အလုပ်သမားရုံးကဝင်ရောက်စစ်ဆေးပြီးနောက် ကျူးလွန်သူတွေကို ရာထူးချ အရေးယူခဲ့
Apr 10, 2025
Cover
W8W Beauty Salon ဝန်ထမ်း၂၄ဦး လုပ်ခလစာမရသည့်အပြင် ဆေးကုသ စရိတ် မိသားစုမှ တောင်းခိုင်း
Apr 10, 2025