"လူကိုလူလိုဆက်ဆံတဲ့ အစိုးရတရပ်ရတဲ့အထိ ကျွန်တော်တို့တိုက်ပွဲဝင်မယ် ပြည်သူတွေအနေနဲ့လည်းသပိတ်အင်အားစုကလူငယ်တွေ ဖမ်းဆီးမခံရဖို့အတွက်ဘူးသပိတ်မှာအင်ပြည့်အားပြည့်ပူးပေါင်းဆောင်ရွက်ပေးကြဖို့မေတ္တာရပ်ခံပါတယ်"ကိုသူရအောင်(မန္တလေးသပိတ်အင်အားစု)
စစ်အာဏာသိမ်းပြီးနောက် ၉ လ ကျော်ကြာမြင့်လာတဲ့အထိမန္တလေးရန်ကုန်နဲ့မြို့ကြီးတွေမှာလူငယ်တွေတက်ကြွလှုပ်ရှားသူတွေဦးဆောင်တဲ့ပျောက်ကြားသပိတ်တွေဟာအရှိန်အဟုန်နဲ့ရှိနေဆဲပါ။
ဒီလိုအရှိန်အဟုန်နဲ့အာဏာရှင်ပြုတ်ကျရေးသပိတ်မှောက်နေတဲ့လူငယ်တွေအပေါ်စစ်ကောင်စီဖက်ကပြည်သူအထင်အမြင်လွဲမှာအောင်းသတင်းအမှားထုတ်လွှင့်တာတွေသပိတ်ပြုလုပ်တဲ့နယ်မြေအတွင်းမှာရှိတဲ့ပြည်သူတွေကိုဖမ်းဆီးအကြပ်ကိုင်တာတွေပြုလုပ်ပြီးသပိတ်တွေအင်အားနည်းလာအောင်ပြုလုပ်လာတာကိုလဲတွေ့မြင်နေရပါတယ်။
ဒီကိစ္စနဲ့တွေနဲ့ပတ်သက်ပြီးMyanmar Labour Newsက မန္တလေးသပိတ်အင်အားစုမှ ကိုသူရအောင်နဲ့ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
"ကျတော်တို့သပိတ်လူငယ်တွေအပေါ်သတင်းအမှားတွေလွှင့်တယ်သပိတ်အဖြိုမခံရဘဲနဲ့အဖြိုခံရတာမျိုးတွေပြီးတော့တခါကကျွန်တော်တို့သပိတ်လုပ်တဲ့စျေးတခုမှာဆိုဗိုက်ကြီးသည်ကအစဖမ်းသွားတယ်သပိတ်သမားတွေကိုလက်ခံရကောင်းမလားဆိုပြီး၊ အဓိကကပြည်သူနဲ့ရန်တိုက်ပေးချင်တာရယ်၊ သပိတ်သမားတွေကိုနေရာကျဥ်းလာအောင်လုပ်ချင်တာရယ်ပါတာပေါ့"
ကိုသူရအောင်က လက်ရှိမန်းလေးသပိတ်အင်အားစုတွေကိုစစ်ကောင်စီဖက်ကပြည်သူနဲ့သွေးကွဲအောင်လုပ်နေတာတွေနဲ့ပါတ်သက်ပြီးအခုလိုပြောပါတယ်။
ဒီလိုစစ်ကောင်စီဖက်ကသပိတ်အင်အားစုတွေအပေါ်ပြည်သူကအထင်အမြင်လွဲအောင်လုပ်နေတာတွေအပေါ်ပြည်သူတွေကိုဘာများပြောချင်တာရှိလဲဆိုပြီးမေးမြန်းတဲ့မေးခွန်းကိုတော့-
"ပြည်သူတွေအမြင်ရှင်းဖို့လိုတယ်စစ်ကောင်စီကိုလက်နက်နဲ့တိုက်ယုံတင်မဟုတ်ဖူးသံတမန်ရေးအရရောအခုလိုမြေပြင်သပိတ်တွေနဲ့ရောနည်းလမ်းပေါင်းစုံဘက်ပေါင်းစုံကတိုက်မှရမှာ ဒါကြောင့်လဲဒီနေ့အချိန်အထိသပိတ်တွေလမ်းပေါ်မှာရှိနေခြင်းဖြစ်တယ်ကျတော်တို့လမ်းပေါ်မှာရှိနေခြင်းဖြစ်တယ်"လို့ ကိုသူရအောင်ကပြန်ဖြေပါတယ်။
စစ်ကောင်စီဖက်ကသပိတ်လှုပ်ရှားတဲ့နယ်မြေတွေမှာဧည့်စာရင်းစစ်တာတွေ အရပ်ဝတ်တွေနဲ့သပိတ်ကိုဖြိုဖို့ဆောင်ရွက်တာတွေရှိလာတဲ့အပြင် ယခင်လပိုင်းကပဲသပိတ်ခေါင်းဆောင်အချို့အစုလိုက်အပြုံလိုက်အဖမ်းခံခဲ့ရတာရှိပါတယ်။
"ပြည်သူတွေအနေနဲ့ကျတော်တို့သပိတ်လုပ်တဲ့လမ်းကြောင်းမှာဒလန်ရှိရင်ပြောပေးတာမျိုးတို့ဧည့်စာရင်းမတိုင်ပဲနေတာမျိုးတို့လုပ်ပြီးကျတော်တို့သပိတ်လူငယ်တွေကိုကူညီလို့ရပါတယ်၊ ခုကကျွန်တော်တို့အတွက်အခက်အခဲရှိလာတော့ပြည်သူတွေဘူးသပိတ်မှာအပြည့်အဝပါဝင်ပြီးကူညီစေချင်တယ်"လို့ကိုသူရအောင်ကစစ်အာဏာဆန့်ကျင်ရေးသပိတ်လှုပ်ရှားနေတဲ့သူတွေကိုပြည်သူတွေအကူအညီပေးနိုင်တဲ့အခြေအနေကိုရှင်းပြပါတယ်။
မန္တလေးကတော့သံဃာ့မဂ္ဂနဲ့ကျောင်းသားသမဂ္ဂတွေအပါအင်အင်အားစု(၁၁)ဖွဲ့နဲ့စစ်အာဏာဆန့်ကျင်ရေးကိုစဥ်ဆက်မပြတ်လှုပ်ရှားနေကြတာဖြစ်တယ်လို့လဲဆိုပါတယ်။
"ကျတော်တို့ကပြည်သူကိုယုံကြည်တယ်ပြည်သူ့နိုင်ငံရေးရေချိန်ကလဲအားရဖို့ကောင်းတယ်မြေပြင်မှာတက်ကြွလှုပ်ရှားနေတဲ့သူတွေရဲ့လှုပ်ရှားမှု့တွေကလဲအားရဖို့ကောင်းတယ်ဗျ"လို့ မြေပြင်လှုပ်ရှားမှု့တွေနဲ့ပြည်သူတွေရဲ့ပူးပေါင်းပါဝင်မှု့ကိုအားရတဲ့အကြောင်းသူကထပ်ပြောပါသေးတယ်။
Myanmar Labour News ရဲ့နောက်ထပ်မေးခွန်းတခုဖြစ်တဲ့မန္တလေးသပိတ်အင်အားစုတွေအနေနဲ့ဘယ်လိုဆက်လက်တိုက်ပွဲဝင်သွားမလဲဆိုတဲ့မေးခွန်းကိုတော့-
"လူကိုလူလိုဆက်ဆံတဲ့အစိုးရတရပ်မရမချင်းကျွန်တော်တို့ကတိုက်ပွဲဝင်သွားမှာ"လို့ အားနဲ့မာန်နဲ့စစ်အာဏာရှင်ဆန့်ကျင်နေတဲလူငယ်တဦးရဲ့ပြတ်သားတဲ့အသံနဲ့ဖြေကြားသွားခဲ့ပါတယ်။