VIDEO

ILO က စစ်တပ်ကို ဘာကြောင့် အရေးယူမှာလဲ

CoverLogo
639 Views

 

"မြန်မာနိုင်ငံကိုသာ အိုင်အယ်အိုက အရေးယူလိုက်လို့ စစ်တပ်သာပြုတ်ကျသွားမယ်ဆိုရင် ကျမတို့ ပိုကောင်းတဲ့ဘဝကိုအမြန်ဆုံးတည်ထောင်နိုင်မှာဖြစ်တယ်" 

 "လုပ်ငန်းတွေ မြန်မာနိုင်ငံကထွက်သွားရင် အလုပ်သမားတွေဒုက္ခရောက်မယ်လို့ စစ်တပ်ကပြောတာပေါ့ ဒါပေမယ့် ဒုက္ခပိုရောက်မှာက သူတို့တွေဖြစ်တယ် ကျမတို့က ဒီထပ်ပိုပြီး ဒုက္ခရောက်စရာမရှိတော့ဘူး နိုင်ငံရဲ့လူတဝက်လောက်က အငတ်ဘေးဆိုက်နေပြီ အိုးပစ် အိမ်ပစ်တွေပြေးလွှားနေရပြီ အလုပ်လုပ်နေရတဲ့လူတွေကလည်း တယောက်စာတောင်မလောက်ဘူး မကျန်းမာလို့ ဆေးခန်းလည်းမသွားနိုင်တော့ဘူး အဲ့တော့ကျမတို့ဘဝတွေက စုတ်ပြတ်သတ်နေပြီ။

 မြန်မာနိုင်ငံကိုသာ အိုင်အယ်အိုက အရေးယူလိုက်လို့ စစ်တပ်သာပြုတ်ကျသွားမယ်ဆိုရင် ကျမတို့ ပိုကောင်းတဲ့ဘဝကိုအမြန်ဆုံးတည်ထောင်နိုင်မှာဖြစ်တယ် ILO ရဲ့လုပ်ထုံးလုပ်နည်းအရ ပြဌာန်းချက်တွေချိုးဖောက်တဲ့နိုင်ငံတွေမှာ စုံစမ်းစစ်ဆေးရေးအဖွဲ့ကနေ ချိုးဖောက်ကြောင်း စစ်ဆေးတွေ့ရှိတယ် ဆိုလို့ရှိရင် ပြင်ဆင်ဖို့အတွက် ဘာတွေပြင်ပါဆိုပြီး အကြံပြုချက်တွေပေးတယ်။

အကြံပြုချက်တွေအပေါ်မှာနိုင်ငံကနေ လိုက်လုပ်တယ်ဆိုရင် ILO ကကူညီပေးတယ်၊ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ လိုက်မလုပ််ဖူးပေါ့နော်။ မလိုက်နာတဲ့နိုင်ငံတွေကျရင် လိုက်နာအောင်လို့ အရေးယူဆောင်ရွက်တာတွေ ဘယ်လိုလုပ်မလဲဆိုတာကို ILO အုပ်ချုပ်ရေးအဖွဲ့က ညီလာခံကိုတင်ပြနိုင်တယ်ဆိုတာရှိတယ်။

အဲ့တာကတော့ အာတီကယ် ၃၃ ပါပဲ။ ၂၀၂၅ မှာဆိုရင် ILO အုပ်ချုပ်ရေးအဖွဲ့ရဲ့ အစည်းအဝေးရှိပါမယ်၊ မတ်လ ၂၀၂၅ မှာဖြစ်မယ်၊ ညီလာခံက ဇွန်လမှာပါ ၊ ILO လုပ်ထုံးလုပ်နည်းအရဆိုရင် မြန်မာနိုင်ငံက အကြံပြုချက်တွေကို မလိုက်နာတဲ့အတွက်ကြောင့်မို့လို့ မတ်လ အစည်းအဝေးမှာ အုပ်ချုပ်ရေးအဖွဲ့က ဘယ်လိုအရေးယူလိုက်ပါမယ်ဆိုတာကို ဆုံးဖြတ်ချက်ချတော့မယ် အဲ့အနေအထားပါ ၊ မလိုက်နာတဲ့နိုင်ငံကိုအရေးယူတာဖြစ်တဲ့အတွက် ကောင်းတဲ့အခွင့် အရေးတွေတော့ သူတို့အတွက်လာမှာမဟုတ်ဘူး။ လာမယ့်မတ်လမှာ မြန်မာနိုင်ငံကိုဘယ်လိုအရေးယူမယ်ဆိုတာချမှတ်လိုက်ပြီဆိုရင် ဇွန်လ အစည်းအဝေးမှာညီလာခံက အတည်ပြုပေးလိုက်မှာဖြစ်ပါတယ်။ ညီလာခံက အတည်ပြုလိုက်ပြီဆိုရင်တော့ ILO မှာပါဝင်တဲ့အစိုးရ အလုပ်ရှင် အလုပ်သမားအဖွဲ့ချုပ်တွေက ဒီဆုံးဖြတ်ချက်တွေကိုလိုက်နာအကောင်အထည်ဖော်ရမှာဖြစ်တယ်။ ဒေါ်ခိုင်ဇာအောင် ဥက္ကဌ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ်


Related posts

Cover
အလုပ်သမားခန့်ထားရာမှာ ကြားခံကုမ္ပဏီတွေအသုံးပြုကာ လုပ်သားအခွင့်အရေးလျှော့ချမှုတွေ့ရှိ
Feb 16, 2026
Cover
“စစ်တပ် အာဏာမသိမ်းခင်က အလုပ်သမားသတင်းတွေ အလုပ်သမားအသံတွေက လက်ရှိ အချိန်လောက် မကြားရပါဘူး။” (FGWM) အင်တာဗျူး
Nov 22, 2025
Cover
မြန်မာနိုင်ငံကို ILO အရေးယူမှု ဘာတွေဆက်ဖြစ်မလဲ အပိုင်း ၂
Jun 07, 2025
Cover
မြန်မာနိုင်ငံကို ILO အရေးယူမှု ဘာတွေဆက်ဖြစ်မလဲ။ အပိုင်း ၁
Jun 07, 2025
Cover
ILO လမ်းကြောင်းကနေ စစ်အုပ်စုကို အရေးယူမယ့်အရေး မေးမြန်းချက်
Mar 23, 2025
Cover
မြန်မာ့အရေးနဲ့ ပတ်သက်လို့ အိုင်အယ်အို အစည်းအဝေးမှာ ဘယ်အချက်တွေ ဆုံးဖြတ်ခဲ့သလဲ။
Mar 21, 2025
Cover
မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ဘာတွေဆက်ဖြစ်မလဲ
Mar 14, 2025
Cover
အထည်ချုပ် အလုပ်သမတစ်ဦးနှင့် အင်တာဗျူး (အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားဆောင်ရွက်မှုအထိမ်းအမှတ်)
Nov 25, 2024