VIDEO

မြန်မာ့အရေးနဲ့ ပတ်သက်လို့ အိုင်အယ်အို အစည်းအဝေးမှာ ဘယ်အချက်တွေ ဆုံးဖြတ်ခဲ့သလဲ။

CoverLogo
575 Views

 

မြန်မာ့အရေးနဲ့ ပတ်သက်လို့ အိုင်အယ်အို အစည်းအဝေးမှာ ဘယ်အချက်တွေ ဆုံးဖြတ်ခဲ့သလဲ။ 

မတ် ၂၁ ၊ ၂၀၂၅

အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) ရဲ့ (၃၅၃) ကြိမ်မြောက် အုပ်ချုပ်ရေးအဖွဲ့ (Governing Body - GB) အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ မတ်လ (၁၀) ရက်နေ့မှ (၂၀) ရက်နေ့အထိ ဆွစ်ဇာလန် နိုင်ငံ၊ ဂျီနီဗာမြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီအစည်းအဝေးမှာ မြန်မာ့အရေးနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက် တွေလည်းထွက်ပေါ်လာခဲ့ပြီး မြန်မာနိုင်ငံက အလုပ်သမားတပ်ပေါင်းစုအနေနဲ့လည်း ဆုံးဖြတ်ချက် တွေအပေါ် ထောက်ခံကြိုဆိုတယ်လို့ ထုတ်ပြန်ပါတယ်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO ရဲ့ အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ အဖွဲ့ဝင်တွေကို ( အလုပ်ရှင် ၊ အလုပ်သမား၊ အစိုးရ) အမျိုးသားအဆင့် ဒေသဆိုင်ရာအဆင့် အပြည်ပြည််ဆိုင်ရာအဆင့် တွေမှာ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေ ချိုးဖောက်မှုတွေကို ပြုပြင်ပြောင်းလဲလာအောင်လုပ်ဖို့အတွက် ဆွေးနွေးပြီးတော့ ဗျူဟာကို ဖော်ထုတ်ဖို့ ဆိုတဲ့ဟာ အကြံပြုတယ်လို့ ITUC ကိုယ်စားလှယ်အနေနဲ့ ညီလာခံတက်ရောက်ခဲ့တဲ့ ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။ 

နိုင်ငံအလိုက်အစိုးရ အလုပ်ရှင် အလုပ်သမားတွေက မြန်မာနိုင်ငံမှာ ရှိတဲ့ ပြည်သူတွေနဲ့ လူမှုအဖွဲ့အစည်းတွေကို ကူညီ အထောက်အပံ့ပေးဖို့ အဆိုပြုချက်လည်းပါဝင်ပြီး မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ ချိုးဖောက်မှုတွေကို ထိထိရောက်ရောက် မြန်မြန််ဆန်ဆန် လွတ်လွတ်လပ်လပ် အစီရင်ခံတင်ပြနိုင်မယ့် နေရာတခုကို ဖန်တီးပေးဖို့ စတဲ့အချက်တွေပါဝင်ပါတယ်။ "အဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ သူတို့နဲ့ မြန်မာနိုင်ငံအနေနဲ့ဆက်ဆံဆောင်ရွက်နေမှု တွေကို ပြန်ပြီးတော့သုံးသပ်ပါဆိုတဲ့အချက်တခုလည်းပါပါတယ်။ 

ဘာကိုသုံးသပ်ရမှာလဲဆိုတော့ အစိုးရဖြစ်စေ အလုပ်ရှင်ဖြစ်စေ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေဖြစ်စေ စစ်တပ်နဲ့ ( မြန်မာ) နဲ့ ပူးပေါင်းဆောင်ရွက်နေမှုတွေသည် ဘယ်လိုဆက်ဆံဆောင်ရွက်မှုတွေပဲဖြစ်ဖြစ် ဒါတွေသည် မြန်မာနိုင်ငံမှာဖြစ်နေတဲ့အကြမ်းဖက်မှုတွေ သတ်ဖြတ်မှုတွေ ခြိမ်းခြောက်မှုတွေ အလုပ်ရှင် အလုပ်သမားတွေရဲ့အခွင့်အရေးတွေကို အကောင်အထည်ဖော်လို့မရအောင် တားဆီးတဲ့ကိစ္စ ၊ စစ်တပ်ကို လက်နက်တွေ ပံ့ပိုးရာ ရောက်တဲ့ ဆက်ဆံရေးတွေ ကို ပြန်ပြီး ရီဗျူးလုပ်ပါပေါ့နော်။ ဆိုတဲ့အချက်ပါပါတယ်။ အဲ့လို လုပ်တဲ့အခါမှာလည်း ပံ့ပိုးနေတယ်လို့ တွေ့ရှိရမယ်ဆိုရင် မည်သည့်ပံ့ပိုးမှု မည်သည့်ဆက်ဆံရေးကိုမဆို ရပ်တန့်ဖို့ ဆိုတာတွေ လုပ်ဖို့ ပါပါတယ်" လို့ CTUM ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။ လာမယ့် ၂၀၂၅ ခုနှစ်၊ ဇွန်လမှာ ကျင်းပမယ့် (၁၁၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ (International Labour Conference – ILC) မှာလည်း အကြမ်းဖက်စစ်အုပ်စုရဲ့ ချိုးဖောက်မှုတွေကို ဆက်လက် အစီရင်ခံတင်ပြနိုင်ရေးနဲ့ ILO ညီလာခံမှာ မြန်မာစစ်တပ်ကို အရေးယူမယ့် ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ရေး ဆက်လက်တောင်းဆိုသွားမယ်လို့ မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစုကထုတ်ပြန်ထားပါတယ်။ 

ILO ရဲ့ (၃၅၃) ကြိမ်မြောက် အုပ်ချုပ်ရေးအဖွဲ့ (GB) အစည်းအဝေးကို မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု (MLA) အဖွဲ့ဝင်အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (CTUM) လက်ထောက်အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးက အလုပ်သမားအုပ်စု (Workers’ Group) ကိုယ်စားလှယ်အဖြစ် အုပ်ချုပ်ရေးအဖွဲ့ (GB) အစည်းအဝေးမှာ ပါဝင်ခဲ့ပြီး CTUM ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် ဒေါ်ခိုင်ဇာအောင်ကလည်း ITUC ကိုယ်စားလှယ်အဖွဲ့အနေနဲ့ CTUM အား ကိုယ်စားပြုပြီး ILO အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးမှာ ပါဝင်တက်ရောက်ခဲ့တာဖြစ်ပါတယ်။

 #MyanmarLabourNews #ILO


Related posts

Cover
အလုပ်သမားခန့်ထားရာမှာ ကြားခံကုမ္ပဏီတွေအသုံးပြုကာ လုပ်သားအခွင့်အရေးလျှော့ချမှုတွေ့ရှိ
Feb 16, 2026
Cover
“စစ်တပ် အာဏာမသိမ်းခင်က အလုပ်သမားသတင်းတွေ အလုပ်သမားအသံတွေက လက်ရှိ အချိန်လောက် မကြားရပါဘူး။” (FGWM) အင်တာဗျူး
Nov 22, 2025
Cover
မြန်မာနိုင်ငံကို ILO အရေးယူမှု ဘာတွေဆက်ဖြစ်မလဲ အပိုင်း ၂
Jun 07, 2025
Cover
မြန်မာနိုင်ငံကို ILO အရေးယူမှု ဘာတွေဆက်ဖြစ်မလဲ။ အပိုင်း ၁
Jun 07, 2025
Cover
ILO လမ်းကြောင်းကနေ စစ်အုပ်စုကို အရေးယူမယ့်အရေး မေးမြန်းချက်
Mar 23, 2025
Cover
မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ဘာတွေဆက်ဖြစ်မလဲ
Mar 14, 2025
Cover
ILO က စစ်တပ်ကို ဘာကြောင့် အရေးယူမှာလဲ
Feb 20, 2025
Cover
အထည်ချုပ် အလုပ်သမတစ်ဦးနှင့် အင်တာဗျူး (အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားဆောင်ရွက်မှုအထိမ်းအမှတ်)
Nov 25, 2024