NEWS

ကိုယ်ဝန်သည်များအား စံချိန်မပြည်မီဟုဆိုပြီး SUN APPAREL ( ဆန်းဧပရယ်) စက်ရုံမှ အလုပ်ထုတ်ပယ်နေဟုဆို

CoverLogo
1.3K Views

ကိုယ်ဝန်သည် အမျိုးသမီးအလုပ်သမားတွေကို အလုပ်စံချိန်မမီဟုဆိုကာ SUN APPAREL ( ဆန်းဧပရယ်) အထည်ချုပ်စက်ရုံ တာဝန်ရှိသူတွေက အလုပ်ကနေထုတ််ပယ်ဖို့ စီစဉ်နေတယ်လို့ စက်ရုံ အလုပ်သမားတွေက ပြောဆိုပါတယ်။

အမျိုးသမီး ကိုယ်ဝန်သည်တွေကို  လုပ်အားလျော့လာတာနဲ့  မီးဖွားခွင့်ပေးရမှာတွေကြောင့် လုပ်သက် ၆ လမပြည့်သေးတဲ့ အမျိုးသမီး အလုပ်သမားတွေကို စစ်ဆေးပြီး ကိုယ်ဝန်ရှိပါက  အလုပ်ကနေ ရပ်နားခိုင်းနေတယ်လို့  မြန်မာနိုင်ငံ အထွေထွေအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (FGWM )ရဲ့ လူမှုကွန်ရက် ရေးသားထားပါတယ်။

ရန်ကုန်တိုင်း လှိုင်သာယာမြို့ စက်မှုဇုန်၊ (၅) မလိခလမ်း၊ အမှတ် ၇၈  မှာ လုပ်ငန်း လုပ်ကိုင်နေတဲ့ SUN APPAREL ( ဆန်းဧပရယ်) အထည်ချုပ်စက်ရုံမှာ အလုပ်သမားအခွင့်အရေးတွေ မရရှိဘူးလို့ သိရပါတယ်။

အလုပ်သမားတွေကို ဖိအားပေး ခိုင်းစေနေပြီး မလုပ်နိုင်တဲ့ အထည်စံချိန်ကို အဓမ္မ တောင်းဆိုတဲ့ အလုပ်သမားခေါင်းဆောင်တွေကလည်း အလုပ်ရှင် သဘောကျ လုပ်ဆောင်ပေးနေတယ်လို့ SUN APPAREL ( ဆန်းဧပရယ်) အထည်ချုပ်စက်ရုံ  အလုပ်သမားတွေက ပြောပါတယ်။

လုပ်ငန်းခွင်အတွင်း စက်ရုံတာဝန်ရှိသူတွေရဲ့ ဖိနှိပ်တာတွေကြောင့် လစဥ် ဥပဒေမဲ့ အလုပ်ထုတ်မှုတွေနဲ့  လုပ်ခလစာ ဖြတ် တောက်တာတွေရှိနေတယ်လို့   သိရပါတယ်။

SUN APPAREL ( ဆန်းဧပရယ်) အလုပ်သမားတွေက စက်ရုံတာဝန်ရှိသူတွေရဲ့ ဖိနှိပ်မှုနဲ့ အဓမ္မ ခိုင်းစေခံ နေတာတွေကို ဖြေရှင်းညှိနှိုင်းနိုင်ဖို့ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းထူထောင်ဖို့ ကြိုးစားတဲ့ အလုပ်သမားတွေကို လည်း အပြစ်ရှာ ဖိအားပေးပြီး အလုပ်မထွက် ထွက်အောင် လုပ်ဆောင်နေတာတွေကြောင့် တာဝန်ရှိသူ တွေကကူညီဖြေရှင်းပေးနိုင်ဖို့  FGWM အဖွဲ့ကို အကူညီတောင်းထားတယ်လို့ သိရပါတယ်။

Source_FGWM


Related posts

Cover
အိုမန်မှ ပေးစာ
Apr 19, 2025
Cover
မြန်မာအပါအဝင်အထောက်အထားမပြည့်စုံတဲ့ နိုင်ငံခြားသားအလုပ်သမား ၅၀၀ ကျော်အဖမ်းခံရ
Apr 19, 2025
Cover
GYSEN (Myanmar) အလုပ်သမားများ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိ
Apr 12, 2025
Cover
၇ ရက် ဘဏ်စနစ်ဆိုပြီး ဝန်ထမ်းများ နားရက် မရှိ လုပ်ကိုင်ပေးရ
Apr 11, 2025
Cover
Golden Colour Fashion အလုပ်သမားတွေကို ဖိအားပေးလက်မှတ်ထိုးခိုင်း
Apr 11, 2025
Cover
Alpine သောက်ရေသန့် သင်္ကြန်ကာလ အတင်းအကျပ် အချိန်ပို လုပ်ခိုင်း
Apr 11, 2025
Cover
စကြာမင်းတိုင်းရင်းဆေးစက်ရုံကို အလုပ်သမားရုံးကဝင်ရောက်စစ်ဆေးပြီးနောက် ကျူးလွန်သူတွေကို ရာထူးချ အရေးယူခဲ့
Apr 10, 2025
Cover
W8W Beauty Salon ဝန်ထမ်း၂၄ဦး လုပ်ခလစာမရသည့်အပြင် ဆေးကုသ စရိတ် မိသားစုမှ တောင်းခိုင်း
Apr 10, 2025