NEWS

Tiktok Live တွင် အလုပ် ရှာပေးမည် ဆိုကာ မြန်မာအလုပ်သမား၆ ဦး ထံ မှ ဘတ်၅သောင်းကျော် လိမ်လည် သွားဟုဆို

CoverLogo
383 Views
 
ထိုင်းနိုင်ငံ၊ ချွန်ဘူရီမြို့ရှိ နွန်းလီစက္ကူစက်ရုံ မှာ အလုပ်သမားခေါ်ယူနေတယ်လို့ အမျိုးသမီးတစ်ဦးက Tiktok ကနေ Live လွှင့်ခဲ့တာကို အလုပ်လုပ် လိုတဲ့ မြန်မာအလုပ်သမား ၆ ဦး ကဆက်သွယ်ခဲ့တာ မှာ ဘတ် ၅သောင်းကျော် လိမ်လည်သွားတယ်လို့ ထိုင်းရောက်မြန်မာအလုပ်သမားအရေးကူညီနေတဲ့ MHAC မဟာမိတ်အဖွဲ့ ထံ က သိရပါတယ်။
 
အလုပ်အကိုင်ရှာဖွေနေတဲ့ မြန်မာအလုပ်သမား ၆ ဦးမှာ Tiktok ကနေ Live လွှင့်တဲ့ အမျိုးသ မီးရဲ့ ပြောဆိုမှုကို ယုံကြည်ပြီး သူမတို့ ပွဲစားအုပ်စုနဲ့ ဆက်သွယ်ကာ စမတ်ကြေး အဖြစ် ဘတ် (၅၂၂၀၀) ပေးအပ်ခဲ့တယ်လို့ အလုပ်သမားတွေထံက သိရပါတယ်။
 
၎င်း စမတ်ကြေးငွေတွေ ကို ရယူသွားပြီးနောက် မှာ ပွဲစား အမျိုးသမီး ၃ ဦးဟာ အလုပ်မသွင်းပေးဘဲ တစ်လကြာအောင် အမျိုးမျိုးလိမ်လည်ပြောဆိုနေတဲ့ အတွက် နစ်နာသူ အလုပ်သမား ၆ဦးက ပေးထားတဲ့ စမတ်ကြေးငွေများကို တောင်းခံရာ ပြန်မပေးသဖြင့်(M.H.A.C)မဟာမိတ်အဖွဲ့ထံ အကူအညီ တောင်းခံလာတယ်လို့ သိရပါတယ်။
 
ယခု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး(M.H.A.C)မဟာမိတ်ရုံးအဖွဲ့မှ အချက်အလက်တွေ ကို စီစစ်ပြီးပါက အလုပ်သမား ၆ ဦးထံမှ အလုပ်သွင်းပေးမည်ဟုပြောဆိုကာ ငွေကြေးလိမ်လည်သွားတဲ့ ပွဲစား ၃ ဦး ကို ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန်အမှုဖွင့်တိုင်ကြားသွားမယ်လို့သိရပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026