NEWS

Tha Shu (Myanmar) Glory Fashion ထမင်းစားဆောင် ကျပ်တည်း၊ စံချိန်မရလို့ တာဝန်ရှိသူများ ဆဲဆိုနေ

CoverLogo
797 Views
 
အကူညီ တောင်းပါတယ် ရှင့် ။
ကျွန်မက Tha Shu (Myanmar) Glory Fashion အထည်ချုပ်စက်ရုံက ဝန်ထမ်းအလုပ်သမားတဦးပါ။
စက်ရုံထဲက ထမင်းစားဆောင် လုံလောက်မှုမရှိလို့ ပါ။ ဓါတ်ပုံပါ ပေးပို့လိုက်ပါတယ်။ စက်ရုံမှာ စက်လိုင်း ၁၅ လိုင်းရှိပါတယ်။ တလိုင်းကို စက်ချုပ်လုပ်သား ၇၀ ဝန်းကျင်ရှိတော့၊ စက်ရုံမှာ လုပ်သား ၁၄၀၀ နီးပါးလောက် ရှိပါတယ်။
 
နဂိုကတည်းက ထမင်းစားဆောင်က စက်ရုံလုပ်သားတွေအတွက် အလုံအလောက်မှု မရှိပါဘူး။ အခုလည်း စက်ရုံပစ္စည်းတွေ ထပ်ထည့်ထားတော့ ပိုပြီးကျပ်ကျပ်တည်းတည်း စားသောက်နေရပါတယ်။ စက်ရုံထဲက သမံတလင်းမှာ နေ့လယ်စာကို ချစားသူတွေလည်း ရှိပါတယ်။ တချို့နေရာတွေက ထမင်းစားလို့ မသင့်တော်တဲ့ နေရာတွေမှား စားနေရတာပါရှင့် ။
 
သောက်သုံးရေတွေကလည်း သန့်ရှင်းမှုမရှိပါဘူးရှင့် ။ ရုံထဲက စက်တွင်းရေကို ပုံးတွေထဲထည့်ပြီး ပိုက်လိုင်းကနေ တဆင့် သောက်ရတာပါ။ အနည်တွေ ပါတာနဲ့ အောက်နံ ရတာ အဲလို မသန့်ရှင်းတဲ့ ရေကို သောက်နေရပါတယ်။ အိမ်ကနေ ရေယူလာပြီးသောက်ပါတယ်။ ဒါပေမဲ့ စက်ရုံထဲကို ရေယူခွင့်မရပါဘူး။ ဒါကြောင့် ယူလာတဲ့ ရေကို အပြင်ထွက် သောက်ခိုင်းပါတယ်။
 
စက်ရုံအပြင်ထွက်ပြီး ရေသောက်လို့ ကြာရင်လည်း လိုင်းမန်နေဂျာ၊ အောစူပါနဲ့ ဆူပါတွေက ဆဲဆိုပါတယ်။ စံချိန်မပြည့်တာတွေနဲ့ ရောပြီး ပြောဆိုပါတယ်။ ဆဲရင် အများရှေ့မှာ အရှက်ရအောင် ခန္ဓာကိုယ် အစိတ်ပိုင်းတွေ၊ -ာ စကားနဲ့ ေ-ာက် စကားလုံးတွေ နဲ့ ဆဲဆိုပါတယ်။ တခါတရံ စက်ရုံပိုင်ရှင်ကိုယ်တိုင် ဆူပြောတာတွေ ရှိပါတယ် ရှင့်။
 
“ဝယ်လွန်”လို အင်္ကျီကို တနေ့ အထည်လေးဆယ် စံချိန်တောင်း ချုပ်ခိုင်းတာပါရှင့် ။ အာဏာမသိမ်းမီကဆို တနေ့ ၂၅ ထည်လောက် ချုပ်ရတဲ့ အမျိုးအစားပါ။ မမျှမတနဲ့ ချုပ်ပေးနေရတာပါ ရှင့်။
 
စက်ရုံမှာ အလုပ်ချိန်စတာနဲ့ တခါးအားလုံးပိတ်ထားပါတယ်။ အပေါက် တပေါက်ပဲ ဖွင့်ထားပေးတာပါ။ ဒါကြောင့် စက်ချုပ်လုပ်သားတွေ အားလုံး ပူလောင်တဲ့ဒဏ်ကို ခံရပါတယ်။ ပန်ကာတွေလည်း မရှိပါဘူး။
 
စက်ရုံက ရွှေသံလွင်စက်မှုဇုန်၊ သံလွင်လမ်းမှာပါရှင့်။ တရုတ်နိုင်ငံသား ပိုင်ပါတယ် ရှင့်။
လာရောက် ဖြေရှင်းပေးစေလို ပါတယ်။

Related posts

Cover
Hope One Co.,Ltd အထည်ချုပ်စက်ရုံ ခွင့်ပြုအချိန်ပိုထက် ပိုမိုလုပ်ကိုင်ခိုင်း
Mar 09, 2026
Cover
Eurostyle အထည်ချုပ် ၂၄ နာရီ အတင်းအဓမ္မ အလုပ်ဆင်းခိုင်းပြီး၊ နောက်နေ့တွင် ညဆိုင်း ဝင်ခိုင်း
Mar 05, 2026
Cover
Nay Shwe Win အထည်ချုပ် အချိန်ပိုအလွန်အကျွံခေါ်
Mar 02, 2026
Cover
G & F Myanmar ခွင့်ယူလို့ လိုင်းစူပါက ဆူပူ၊ ကိုယ်ထိလက်ရောက် ကျူးလွန်
Feb 27, 2026
Cover
Max Technology စက်ရုံမှာ မိလ္လာကန် ပြည့်လျှံလို့ အလုပ်သမား ၁၀၀၀ ကျော် ဒုက္ခရောက်နေ
Feb 25, 2026
Cover
Myanmar Belle International အထည်ချုပ် တောင်းဆိုချက်များ စာချုပ်ပြီး ဖေါက်ဖျက်
Feb 23, 2026
Cover
XING YUAN ( Myanmar) အထည်ချုပ် လိုင်းစူပါ ဆဲဆို ခိုင်းစေ
Feb 18, 2026
Cover
Juntai (Fu Yuan) Garment Co.,Ltd စက်ရုံတွင် ဆဲဆို ဖိအားပေး အထည်စံချိန်တောင်းနေ
Feb 17, 2026