NEWS

ဌာနပြောင်းရွှေ့ရန် ငြင်းဆန်သဖြင့် အလုပ်မှ ထုတ်ပယ်ခံရသည့် အလုပ်သမားတစ်ဦး မူလရာထူးနှင့်အလုပ်ပြန်ခန့်ရန်တောင်းဆို

CoverLogo
287 Views

#အလုပ်သမားပေးစာ 

ကျွန်မအမည်က မ- ---ဖြစ်ပါသည်။ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ၊ (၇) ရက်နေတွင် Myanmar LNY (1) CAPS CO,LTD (ဦးထုပ်)စက်ရုံ တွင် ကိုယ်ထည်ချုပ် လီတာရာထူးဖြင့် စတင်အလုပ်ဝင်ခဲ့ပါသည်။ 

Myanmar LNY (2) CAPS CO,LTD (ဦးထုပ်)စက်ရုံဆိုပြီး အသစ်တိုးချဲ့ဖွင့်သည့်အချိန်တွင် ကျွန်မကို  (ကိုယ်ထည်ဌာန) စူပါရာထူးဖြင့် ၂၀၂၂ ခုနှစ်၊ မတ်လ၊ (၁) ရက်နေ့တွင် ပြောင်းရွေ့ခဲ့ပါသည်။ (ကိုယ်ထည်ဌာန) စူပါရာထူးဖြင့် (၂) နှစ် လုပ်ပြီးချိန်တွင် ကျွန်မကို (ရှေ့ခြမ်းဌာန) စူပါဖြင့် ကူညီပြီးလုပ်ကိုင်ပေးပါရန် ထပ်ရွေ့ပါသည်။ 

(၂) နှစ်လောက် လုပ်ပြီးချိန်တွင် ကျွန်မအား ဌာနထပ်ပြောင်းပါသည်။  လျှာအိတ်ဌာနသို့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ၊ (၂၅) ရက်နေ့တွင် ရွေ့ပြောင်းခဲ့ပါသည်။ 

ကျွန်မအနေဖြင့် လျှာအိတ်ဌာနတွင် ရွေ့ပြောင်းလုပ်ကိုင်ခဲ့စဉ် အတက်နိုင်ဆုံး တာဝန်ကျေအောင် ဆောင်ရွက်ပေးခဲ့ပါသည်။ လုပ်ငန်းခွင်အတွင်း လူသစ်အလုပ်သမားတွေနှင့် လုပ်ရတယ်၊ အလုပ်သမားအသစ်တွေကို သင်ပေးပြီး ကျွန်မကိုယ်တိုင် စူပါတစ်ယောက်အနေဖြင့် ကြိုးစားလုပ်ကိုင်ခဲ့ ပါသည်။ လုပ်ငန်းခွင်မှာ အကြောင်းအရာအမျိုးမျိုးရှိပါတယ်။ စက်သစ်များအစားထိုးပြီး လုပ်သားတွေကို လျော့ချ၍ လုပ်ကိုင်ခဲ့ရသည်များလည်းရှိပါသည်။ 

ရှိတဲ့စက်တွက်အကူအလုပ်သမားတွေ ကျန်းမာရေးအရ အလုပ်မလာတာရှိတယ်၊ အလုပ်သမားလူသစ်တွေမလို့ သင်ကြားပြီးလုပ်ရတာတွေရှိပါသည်။ (၂) လကျော် လျှာအိတ်ဌာနတွင် လုပ်ကိုင်ပြီးချိန်တွင် ကျွန်မကို Sample ဌာကို ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ၊ ၆ ရက်နေ့တွင် ရွှေ့ပြောင်းပေးပါရန် ပြောပါသည်။

ကျွန်မကို Sample ဌာကိုပြောင်းခိုင်းတာဘာကြောင့်လဲမေးပါသည်။ ကျွန်မအနေဖြင့် ဌာန ထပ်မပြောင်းပေးနိုင်ကြောင်းပြောခဲ့ပါသည်။ စက်ရုံဘက်မှ မန်နေဂျာနှင့် စက်ရုံးမှူးမှ သတ်မှတ်စံချိန်မရလို့ ဌာနရွေ့ပြောင်းတာ၊ Sample ဌာကိုပြောင်းတဲ့အခါ လုပ်ခလစာအနေဖြင့် လီတာရာထူးလစာလောက်တော့ ပေးမည်ပြောပါသည်။ 

Sample ဌာကိုသည် စက်ရုံမှ ချုပ်လုပ်သည်များကို အရင်းဆုံးချုပ်ပေးရသည် ဌာနဖြစ်ပါသည်။ ကျွန်မအနေဖြင့် ပထမလုပ်ခဲ့သည့် ရုံး (၁) မှ ကျွန်မလုပ်ဆောင်ချက်များကို သဘောကျသည် အတွက် လီတာရာထူးမှ စူပါရာထူးဖြင့် ရုံး(၂) အသစ်ဖွင့်ချိန် သွားရောက်လုပ်ကိုင်ပေးရန် တောင်းဆိုသဖြင့် သွားရောက်လုပ်ခဲ့တာဖြစ်ပါသည်။ ယခုအခါ ဌာနတွေပြောင်းနေခြင်းကို လက်မခံနိုင်ပါ။ 

ဦးထုပ် စက်ရုံတွင် စူပါရာထူးဆိုတာ ဝင်တာနှင့် ရတာမဟုတ်သလို အလုပ်ခေါ်ထဲက စူပါဆိုပြီး မခေါ်ပါဘူး။ လီတာဖြင့်ဝင်ရောက်လုပ်ကိုင်ပြီး ၎င်းတို့မှ လုပ်ကိုင်မှုကို ကြိုက်မှသာ စူပါရာထူးဖြင့် တိုးမြင့်၍ ပေးခြင်းဖြစ် ပါသည်။

ကျွန်မမှ မပြောင်းရွှေ့နိုင်ကြောင်းပြောသည်အခါ ကျွန်မကို နောက်ဆုံး ဝမ်တိန်ရှိသည်ဟုဆိုကာ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ၊ ၈ ရက်နေ့တွင် အလုပ်မှထုတ်ပယ်ကြောင်း ခေါ်ပြောပါသည်။ ကျွန်မ ဝမ်တိန်ထိုး ထားရသည်ကိုလည်းပြောပြချင်ပါသည်။ 

ကျွန်မအလုပ်သမားတစ်ယောက်အနေဖြင့် မပြေလည်လို့ အတိုး (၂၀) နှုန်းဖြင့် ငွေချေးယူသုံးခဲ့ပါသည်။ မန်နေဂျာမှ အလုပ်ခန့်ထားမှု(EC) စာချုပ်စည်းမျဉ်းစည်းကမ်းများအရ ချိုးဖောက်သည်ဆိုကာ ကျွန်မကို စူပါဖြစ်ပြီး ငွေချေးလို့ ဆိုပြီး ဝမ်တိန်ထိုးခိုင်းပါသည်။ 

ကျွန်မအနေဖြင့် ကိုယ်ကငွေချေးမိသည်အတွက် ထိုးပေးလိုက်ပါသည်။ ဝမ်တိန်က သာမာန်ပြစ်မှုပဲလို့ ကျွန်မထင်ခဲ့တာပါ။ ကျွန်မကို အခုအလုပ်ထုတ်တဲ့အခါ နောက်ဆုံးဝမ်တိမ်ထိုးထားတာသည်အတွက် ယခုဌာနပြောင်းတာကို လက်မခံလို့ အလုပ်ထုတ် တယ်ဆိုပြီး အလုပ်ထုတ်စာမပေးပဲ အလုပ်မှ ထုတ်ပယ်ခဲ့ပါသည်။ 

အလုပ်ခန့်ထားမှု(EC) စာချုပ်စည်းမျဉ်းစည်းကမ်းများအရဆိုလျှင် သာမာန်ပြစ်မှုတွင် နံပါတ် (၂၉) ဖော်ပြချက်သည် အလုပ်ချိန်အတွင်း ငွေကြေးနှင့် ပတ်သက်သောကိစ္စရပ်များ ဆောင်ရွက်ချက်များမပြု လုပ်ရ၊ (ဥပမာအားဖြင့် အလှူခံခြင်း၊ ရန်ပုံငွေလက်မှတ်များရောင်းချခြင်း၊ ငွေချေးခြင်း၊ အတိုးပေးခြင်း၊ လစာလွဲပြောင်းခြင်း၊ မုန့်များရောင်းချခြင်း၊ အထည်များရောင်းချခြင်းမပြုလုပ်ရ။) ဖြစ်ပါသည်။ 

(EC) စာချုပ်စည်းမျဉ်းစည်းကမ်းများအရဆိုလျှင် အလုပ်ချိန်အတွင်းဖြစ်ပါသည်။ ကျွန်မငွေချေးတာကလည်း အလုပ်ချိန်အတွင်း ချေးတာတော့မဟုတ်ဘူး၊ ငွေချေးသည့် အလုပ်သမားစီကနေ သတ်မှတ်အတိုးနှုန်းဖြင့် အလုပ်ချိန်မဟုတ်သည့် ပြင်ပနားချိန်တွင်ချေးဌားခြင်းဖြစ်ပါသည်။

 ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ၊ ၉ ရက်နေ့တွင် အလုပ်သမားညွှန်ကြားရေးရုံးကို (လသယ) ကျွန်မကို အလုပ်ရှင်ဘက်မှ တိုင်ကြားသဖြင့် ဖုန်းဆက်ခေါ် ပါသည်။ 

ကျွန်မသွားသည်အခါ ဦးစီးမှူးမှ ပြောပါသည် အလုပ်ရှင်က (EC) စာချုပ်အရ အလုပ်ထုတ်တာ သူ့အနေဖြင့် ညှိနှိုင်းပေးတာ မုန့်ဖိုးအနေဖြင့်ပေးရန် မန်နေဂျာကို ပြောပေးထားတယ်။ ယူဖို့ ပြောပါသည်။ ကျွန်မအနေဖြင့် အလုပ်မထွက်နိုင်ကြောင်းနှင့် ကျွန်မ ဖြစ်စဉ်နှင့် ပတ်သက်၍ ပြောလိုက်ပါသည်။ 

အဲ့တာဆို ကျွန်မ (EC) ချုပ်အရ ချိုးဖောက်သည်ဆိုပါက စာထုတ်ပေးရန် ဦးစီးမှူးစီတောင်းသည်အခါ အလုပ်ရှင်ဘက်မှ စာရွက်စာတမ်းများမပေးသေးဘူး။ သူတို့လာပေးလျှင် စစ်ဆေးပြီး စာထုတ်ပေးမယ်ပြောပါသည်။ စက်ရုံဘက်မှလည်း ကျွန်မကို အလုပ်ထုတ်တယ် ပြောထားတယ်၊ ဦးစီးမှူးကလည်း စက်ရုံမန်နေဂျာလာပေးမှ စီစစ်ပြီ စာထုတ်ပေးမည် ပြောသည်အတွက် ကျွန်မအနေဖြင့် မတရားသဖြင့် အလုပ်ထုတ်ခံရသည်အတွက် အလုပ်ပြန်လည်ရရှိရေး အတွက် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးရုံးသို့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ၊ ၁၀ ရက်နေ့တွင် တိုင်ကြားစာသွာရောက် တင်ခဲ့ပါသည်။ 

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ၊ ၁၇ ရက်နေ့တွင် အလုပ်ရှင်၊ အလုပ်သမား ရက်ချိန်ပေးသဖြင့် သွားရောက်ခဲ့ပါသည်။ ဦးစီးမှူးမှ သင်တန်းသွားသဖြင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ၊ ၂၃ ရက်နေ့တွင် ဒုတိယအချိန် ချိန်းသဖြင့် သွားရောက်ခဲ့ပါသည်။ စက်ရုံဘက်မှ မန်နေဂျာလာပါသည်။ 

အလုပ်ပြန်မခန့်နိုင်ကြောင်းပြောပါ သည်။ ကျွန်မအနေဖြင့် မူလနေရာ၊ မူလရာထူးဖြင့် အလုပ်ပြန်လည်ရရှိလိုကြောင်းပြောသဖြင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ၊ ၂၉ ရက်နေ့တွင် တတိယအချိန်ချိန်းပါသည်။ 

တတိယအချိန်တွင်လည်း ဦးစီးမှူးတော့မရှိပါဘူး၊ ရုံးမှာရှိတဲ့ တာဝန်ခံမှ ၎င်းတိုင်းကြားမှုနှင့် ပတ်သက်၍ မည်သည့်ရုံးသို့ လွဲမည်ကို အထက်သို့ တင်ပြပြီး စာကျလာပါက အလုပ်သမားထံပေးပို့မည်ဖြစ်ပြီး သက်ဆိုင်ရာအလိုက်ရုံးမှာ ဆက်လက်ဖြေရှင်းဖို့ ပြောလိုက်ပါသည်။ 

ကျွန်မအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ၊ ၈ ရက်နေ့ထဲက အလုပ်ထုတ်ခံရတာပါ။ အခုချိန်ထိ တိတိကျကျ ဆုံးဖြတ်အဖြေမရသေးပါဘူး။ ကျွန်မအနေဖြင့် မတရားသဖြင့် အလုပ်ထုတ်ခံရသည်အပြင် အလုပ်သမားဥပဒေအရ ကျွန်မကာကွယ်မှုမရရှိနေဘူး။ 

အခုချိန်ထိ အလုပ်မရှိပဲ ရပ်တည်နေရတာ ကျွန်မအနေဖြင့် မလွယ်ကူပါဘူး။ ကျွန်မနစ်နာကြေး၊လျှော်ကြေးမလိုချင်ပါဘူး။ ကျွန်မ မူလအလုပ်နဲ့ ရာထူး၊ လစာ ကိုပဲလိုချင်တာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မကို ကူညီပေးပါရန် ပန်ကြားအပ်ပါသည်။

အကူအညီတောင်းခံသူ
 

Myanmar LNY (2) CAPS CO,LTD (ဦးထုပ်) စက်ရုံသည် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၂) မကရာမင်းကြီးဦးပျိုလမ်း  နှင့် ဒီပဲရင်းဝန်ထောက် ဦးမြဲ လမ်းထောင့်အမှတ် (၉၁/၉၂/၉၃) ဖွင့်လှစ်ထားပြီး  တရုတ် နိုင်ငံသားပိုင် စက်ရုံဖြစ်တယ်လို့ သိရပါတယ်။  dkps, EXPLOSION, OTTO, Milwaukee စတဲ့အမှတ်တံဆိပ် ဦးထုပ်တွေကို အမေရိကန်သို့ တင်ပို့နေတာလို့ သိရပါတယ်။ 

                           


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026